backup og meta

မျှစ်ကြိုက်တဲ့သူလေးတွေရှိလား

မျှစ်ကြိုက်တဲ့သူလေးတွေရှိလား

မျှစ်ကြိုက်တဲ့သူလေးတွေရှိလား …….. ကြော်ပဲစားစား၊ သုပ်ပဲစားစား၊ ဟင်းရည်ပဲ ချက်စားစား၊ ပြုတ်ပြီးတော့ အတို့အမြှုပ်အနေနဲ့ပဲစားစား စားလို့ကောင်းတဲ့ မျှစ်ကလေးက စားကောင်းရုံမှာတင် ပြီးမသွားပါဘူး။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်နော်။ စားလိုက်ရင် ခံတွင်းထဲမှာ ခပ်ရှိန်းရှိန်းလေးဖြစ်သွားတာကြောင့် မျှစ်စားရတာကို ကြိုက်တဲ့သူတိုင်း ဒီဆောင်းပါးလေးကို ဖတ်ကြည့်သင့်တယ်နော်။

မျှစ်ဆိုတာ

မြက်မျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး အကြီးဆုံးနဲ့ အရှည်ဆုံးသော မြက်မျိုးရင်းဝင်အပင်တစ်မျိုးပါ။ ဝါးပင်နုနုလေးပေါ့။ ရက်သတ္တပတ်နှစ်ပတ် အရွယ်မတိုင်ခင် အမြင့် တစ်ပေမပြည့်ခင်မှာ ခူးဆွတ်ထားတဲ့ ဝါးပင်ရဲ့ သားတက်လေးတွေပေါ့။ စားလိုက်ရင် ခပ်ကြွပ်ကြွပ်လေးနဲ့ စားကောင်းလှပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း ဆောက်လုပ်ရေးနဲ့ အခြားသောအရာတွေအတွက် အသုံးဝင်တဲ့ ဝါးပင်ဖြစ်လာတာပါ။ အာရှနိုင်ငံအများစုမှာ ပေါက်ရောက်ပြီး အာရှဒေသခံတွေအတွက် တော်တော်လေးအသုံးဝင်တဲ့ အပင်တစ်မျိုးပေါ။

ဘယ်လိုအာဟာရဓာတ်တွေရရှိနိုင်လဲ……….

မျှစ်က ပရိုတင်းကြွယ်ဝသလို ကယ်လ်လိုရီပါဝင်မှု နည်းပါတယ်။ ကာဗိုဟိုက်ဒရိတ်လည်းပါဝင်နေပါတယ်။ သကြားဓာတ်ပါဝင်မှုနည်းသလို အဆီဓာတ်လည်းပါဝင်မှုနည်းပါတယ်။ ဒါတွေအပြင် အမျှင်ဓာတ်နဲ့ ဗီတာမင် A၊ ဗီတာမင် B အုပ်စု၊ ဗီတာမင် E၊ အမိုင်နိုအက်ဆစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ မဂ္ဂနိစ်၊ ဆီလီယမ်၊ သံဓာတ်တို့ပါဝင်နေပါတယ်။

ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲ………

အာရှနိုင်ငံအများစုမှာ နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်ကြတဲ့ မျှစ်က အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေနိုင်တယ်

ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် နဲ့ သကြားဓါတ်ပါဝင်မှုနည်းတာကြောင့် ဝိတ်တက်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။ အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေတဲ့အတွက် ဝိတ်ချနေသူတွေနဲ့ အထူးသင့်တော်မှာပါ။

နှလုံးကျန်းမာစေနိုင်တယ်

မျှစ်မှာ သွေးတွင်းက အကျိုးမပြုကိုလက်စထရော (LDL)တွေကို ချေဖျက်ပေးနိုင်တဲ့ phytosterolsနဲ့ phytonutrients တို့ ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေမှာ အသေအချာပါ။ ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု ကောင်းစေနိုင်ပြီး နှလုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်မှာပါ။

သွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်တယ်

သုတေသနပြု လေ့လာမှုတွေအရ မျှစ်ကို စားသုံးပေးတာက သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး ကိုယ်တွင်းအဆီတွေကိုချေဖျက်ပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်တယ်

မျှစ်မှာပါဝင်နေတဲ့ phytosterols က ကင်ဆာကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပြီး အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလည်း အထိရောက်ဆုံးလျှော့ချပေးနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

မျှစ်မှာပါဝင်နေတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေက ကိုယ်ခံအားကို ကောင်းစေနိုင်ပြီး ခန္ဓာကိုယ်တွင်းကိုယ်ပမှာ ရောဂါကင်းနေစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးမှာဖြစ်ပါတယ်။

ဝမ်းမှန်စေနိုင်တယ်

အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာကြေစေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အူမကြီးလှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းချုပ်မှုကို ကင်းစေတာကြောင့် အစာခြေစနစ်ကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။

နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်

မျှစ်က အရောင်ကျစေနိုင်သလို နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေနိုင်ပါတယ်။ အနာကျက်စေနိုင်တဲ့အာနိသင်လည်း ရှိတာကြောင့် ခန္ဓာကိုယ်ပြင်ပက အနာတွေအတွက် အသုံးပြုလို့ရသလို ကိုယ်တွင်းမှာဖြစ်တဲ့ အနာတွေကျက်စေဖို့လည်း မျှစ်ကို စားပေးလို့ရပါတယ်။

အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်

အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက် မျှစ်ပြုတ်ရည်ကို သောက်သုံးပေးလို့ရပါတယ်။ လတ်လတ်ဆတ်ဆတ်ချိုးထားတဲ့ မျှစ်ကို ရေစင်အောင်ဆေးပြီး အိုးတစ်ခုထည့်လို့ ရေအသင့်အတင့်ထည့်ပြီး ၅ မိနစ်ကြာပြုတ်ပါ။ ခဏ အအေးခံပြီးနောက်ထပ် ၁၀ မိနစ်ကြာထပ်ပြုတ်ပေးပါ။ ရလာတဲ့ ပြုတ်ရည်ကို ပျားရည်နဲ့ရောစပ်လို့ သောက်ပေးလို့ရပါတယ်။

အဆိပ်ပြေစေနိုင်တယ်

ရှေးအစဉ်အဆက်ကတည်းက အသုံးပြုခဲ့ကြတာပါ။ မျှစ်က အဆိပ်အတောက်ပြေစေနိုင်ပါတယ်။ မျှစ်ကို ကြိတ်ပြီးရလာတဲ့အရည်ကို အဆိပ်ရှိတဲ့ အကောင်ကိုက်ခံရတဲ့နေရာမှာ စွတ်ပေးလို့ရပါတယ်။ အဆိပ်ပြင်းလွန်းတဲ့အကောင်ကိုက်ခံရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတာက အကောင်းဆုံးဖြစ်မှာပါ။

သွေးပေါင်ကျစေနိုင်တယ်

ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးပေါင်ကျစေနိုင်ပြီး သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေ စားသုံးပေးလို့ရပါတယ်။

ဘယ်သူတွေမစားသင့်ဘူးလဲ

မျှစ်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ရောဂါအခံတစ်ခုခုရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

13 Interesting Bamboo Shoots Benefitshttps://www.organicfacts.net/health-benefits/other/health-benefits-of-bamboo-shoots.html Accessed Date 13 August 2019

22 Health Benefits of Bamboo Shoot (#King of Vegetables)https://drhealthbenefits.com/food-bevarages/vegetables/health-benefits-of-bamboo-shootAccessed Date 13 August 2019

Bamboo shoots nutrition factshttps://www.nutrition-and-you.com/bamboo-shoots.htmlAccessed Date 13 August 2019

ယခုပုံစံ

06/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကွမ်းရွက်လေးက ဒီလိုဆေးဖက်ဝင်ပါတယ်

ပုစွန်စာရွက် ရဲ့ ကျန်းမာရေးအာနိသင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement