brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးတွင်းသကြားဓါတ်နည်းသူတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတွင်းသကြားဓါတ်ြမင့်တာမျိုးဖြစ်နိုင်သလိုသွေးတွင်းသကြားဓါတ်နည်းတာမျိုးလည်းရှိနိုင်ပါတယ်။ ခန္ဓါကိုယ်ကနေ့စဉ်လှုပ်ရှားမှုတွေအတွက်သွေးတွင်းသကြားဓါတ်ကို အသုံးပြုရတာပါ။ ဒီသကြားဓါတ်ကို အစားအစာတွေကနေတဆင့်ရရှိတာပါ။ စားသုံးနေတဲ့ အစားအစာတွေ၊သောက်သုံးနေရတဲ့ဆေးဝါးတွေ နဲ့ ပင်ပင်ပန်းပန်းလှုပ်ရှားမှုတွေကြောင့်သွေးတွင်းသကြားဓါတ်နည်းတာမျိုးဖြစ်နိုင်ပါတယ်။

သွေးတွင်းသကြားဓါတ်နည်းသူတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတွင်းသကြားဓါတ်နည်းတဲ့အခါ

သွေးတွင်းသကြားဓါတ်ကျဆင်းသွားတဲ့အခါမျိုးမှာ –

သိထားသင့်တဲ့အချက်လေးတွေ

  • တစ်နေ့ကို အစား ၃ ကြိမ်စားပါ။ နည်းနည်းချင်းစီ ၃ ကြိမ်စားပေးလို့လည်းရပါတယ်။
  • အဆီများတဲ့အစားအစာတွေရှောင်ပေးပါ။
  • ပြုပြင်ထားတဲ့ အစားအစာတွေရှောင်ပါ။
  • ပြုပြင်ထားတဲ့ အချိုဓါတ်တွေကိုရှောင်ပါ။
  • အဆီမပါတဲ့ ပရိုတင်းစားသုံးပါ။
  • အရက်နဲ့အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။
  • အမျှင်ဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေစားပေးပါ။

စားသောက်နည်းလမ်းညွှန်

မနက်စာ

မနက်စာကတစ်နေ့တာအတွက် အရေးကြီးတဲ့အရာပါ။ မနက်စာကို အာဟာရြပည့်ဝအောင်စားမှ တစ်နေ့တာလုံး လန်းဆန်းနေမှာ။သွေးတွင်းသကြားဓါတ်နည်းတတ်သူတွေအနေနဲ့ကတော့ မနက်စာစားတဲ့အခါ ပရိုတင်း နဲ့ ကာဗိုဟိုက်ဒရိတ်အပါအဝင် အခြားသောဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေစေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မနက်စာစားတဲ့အခါ

နေ့လယ်စာမစားခင် ဆာလာမယ်ဆိုရင်တော့

နေ့လယ်စာစားတဲ့အခါမှာတော့ –

အဆာပြေစားစရာတွေအနေနဲ့

  • ပေါင်မုန့်ညို
  • အသီးအရွက်သုပ်
  • ပဲ
  • အချိုမပါတဲ့ ခရက်ကာ
  • အသုပ်တစ်မျိုးမျိုး
  • သစ်သီးတွေ
  • သီးစုံဒိန်ချဉ်
  • နို့
  • အခွံမာသီး တို့ကို စားပေးပါ။

ညစာစားတဲ့အခါ အခြားအချိန်တွေထက် နည်းနည်းတော့လျှော့စားဖို့လိုပါမယ်။ ညစာစားတဲ့အခါ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေပါဝင်အောင်စားသုံးဖို့တော့လိုအပ်ပါမယ်။ ညဘက်မှာ အဆီကိုလည်း တတ်နိုင်သမျှလျှော့စားဖို့လိုပါမယ်။

  • ကြက်သား
  • အဆီမပါတဲ့အသား
  • ပဲအမျိုးမျိုး
  • ဟင်းသီးဟင်းရွက်တွေ
  • ထမင်းအနည်းငယ်
  • ငါး
  • အာလူး တို့လိုမျိုး အဆီနည်းပြီး အာဟာရဖြစ်စေမယ့်အစားအစာတွေကို စားသုံးပေးပါ။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။