တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးများ
အလွန်များပြားပါသည်
ဘဝတစ်ခုတည်းသာမက
ဘဝတိုင်းအတွက်
အထောက်အကူများစွာ
ပြုနိုုင်ပါသည်
ဘာသာရေးနဲ့
မသက်ဆိုင်သော
သဘာဝ ကုထုံး
သဘာဝ စိတ် ကုထုံး
ပညာရပ်တစ်ခု ဖြစ်ပါသည်
အသုံးချတတ်ရင်
အသုံးချတတ်သလို
အကျိုးများပြီး
နောက်ဆုံး
ဘယ်အရာမှ မမြဲသော
သင်္ခါရ လောကနယ်မှ
ကိုယ်နဲ့ သက်ဆိုင်တဲ့
စိတ် နဲ့ ရုပ် ခန္ဓာ ၂ပါးလုံးကို
ဆင်းရဲပင်ပန်းလှစွာသော
ဖြစ်မှုပျက်မှု
သံသရာနယ်အတွင်းမှ
အပြီးတိုင် အနားပေးချင်တယ်
ဆိုရင်လည်း တရားထိုင်ရင်း
အားထုတ်ရင်းဖြင့်
၇ ဘဝ အတွင်းမှာပင်
အပြီးတိုင် ရပ်နားလို့ရအောင်
ကျင့်ဆောင်နိုင်သော
ဘယ်ဘာသာ ဘယ်လူမျိုးနဲမှ
မသက်ဆိုင်သော
သဘာဝ ပညာရပ်တစ်ခုသာ
ဖြစ်ကြောင်း
ဘုန်းဘုန်း သိမြင်သမျှ
တင်ပြအပ်ပါသည်....














