ဒီနည်းဟာ မိနစ်၃၀ခန့်ကြာပြီး အရေပြားရဲ့ တုံ့ပြန်ချက်ကို သိရဖို့ စောင့်ဆိုင်းရပါတယ်။ အပြားလိုက်ကပ်ပြီး စမ်းသပ်ခြင်းဟာ အချိန်ပိုမို လိုအပ်ပြီး အများအားဖြင့် ဆရာဝန်၂ယောက် ကြည့်ရှုပေးဖို့ လိုအပ်ပါတယ်။ အပြားကို အနည်းဆုံး ၄၈နာရီလောက် ကပ်ထားပေးရတာကြောင့် ဖြစ်ပါတယ်။ ဒါမှသာ နှောင့်နှေးနေတဲ့ ဓါတ်မတည့်မှုတွေ နောက်မှ ထွက်ပေါ်လာတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
၃။ အန္တရာယ်ရှိသလား
အရေပြားစမ်းသပ်ခြင်းဟာ ယေဘုယျအားဖြင့် ဘေးကင်းပါတယ်။ အရေပြားမှာ ယားယံခြင်းရှိပေမယ့် ဓါတ်မတည့်ပစ္စည်းထိတွေ့မှုဟာ နည်းပါးပါတယ်။ အရေပြားစမ်းသပ်စဉ်မှာ တကိုယ်လုံး ဓါတ်တုံ့ပြန်မှု မရှိပါဘူး။ ဒါပေမယ့် သင့်မှာ ဖျားနာခြင်း၊ မူးဝေခြင်း၊ အသက်ရှူခက်ခြင်း၊ အပိန့်များထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ အစာမျိုရခက်ခြင်း စတဲ့ပြသနာတွေရှိရင် ဆရာဝန်ကို ပြသသင့်ပါတယ်။
စမ်းသပ်မှုပြီးတဲ့အခါ အရေပြားကနေ ဓါတ်မတည့်ပစ္စည်းတွေကို သန့်စင်ပေးပါတယ်။ ယားယံခြင်း ဆက်လက်ဖြစ်ပေါ်နေရင် သက်သာအောင် လိမ်းဆေးပေးပါလိမ့်မယ်။ ရလာဒ်အပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုနည်းလမ်းတွေ ဆောင်ရွက်ပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။