သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သင်စားနေသောအစားအစာများထဲမှ သင်မသိသေးသည့် ဓါတ်မတည့်မှုများ အကြောင်း

သင်စားနေသောအစားအစာများထဲမှ  သင်မသိသေးသည့် ဓါတ်မတည့်မှုများ အကြောင်း

အစားအစာများတွင်ပါဝင်သော ဓါတ်မတည့်မှုများကို ဖော်ထုတ်ရန် လက်တွေ့တွင်မလွယ်ကူလှပါ။ သို့သော် ပါဝင်ပစ္စည်းများကို ဖတ်ရှုခြင်းဖြင့် အန္တရာက်ရှိသည့် ရှောင်ကျဉ်သင့်သည့် အစာများကို ယေဘူယျအားဖြင့် ခန့်မှန်းနိုင်သည်။

သို့သော် သင့်ကို ဓါတ်မတည့်စေသော ပစ္စည်းများသည် အမျိုးမည်အမျိုးမျိုးဖြင့် ပါဝင်နေနိုင်သည်။ သင်သည် ဓါတ်မတည့်မှုဖြစ်စေသော အမည်များကို နှံ့နှံ့စပ်စပ်သိရှိပါက သင့်အတွက် ရှောင်ကျဉ်ရန်ပိုလွယ်ကူမည်ဖြစ်သည်။

အောက်ဖော်ပြပါများသည် အစားအစာများနှင့် ဓါတ်မတည့်မှုဖြစ်တတ်သူများသိထားသင့်သည့် အတွေ့များသော ပါဝင်ပစ္စည်းများဖြစ်ပါသည်။ သို့သော် သင်သည် အစားအစာနှင့်ဓါတ်မတည့်မှုများဖြစ်လေ့ရှိပါက ပိုမိုသေချာစေရန် ပါဝင်ပစ္စည်းများကို ဆရာဝန်အားပြသင့်သည်။ အစားအစာများတွင်ပါဝင်သော စာညွှန်းများကိုလည်း ဂရုပြုကြည့်ရှုသင့်ပါသည်။

မြေပဲများ

မြေပဲများနှင့်မြေပဲဖြင့်ပြုလုပ်ထားသော အောက်ပါအစာများကို ရှောင်ကျဉ်သင့်ပါသည်။

  • ဘီယာနှင့်အမြည်းစားသောမြေပဲ
  • မြေပဲပြုတ်
  • မြေပဲဆီ
  • မြေပဲဖြင့်ပြုလုပ်ထားသောမုန့်အချိုများ

ဥအမျိုးမျိုး

အထူးသဖြင့် ကလေးများသည် ဥအမျိုးမျိုးနှင့် ဓါတ်မတည့်မှုဖြစ်လေ့ရှိပါသည်။ ထိုဓါတ်မတည့်မှုသည် တခါတရံပြင်းထန်တတ်သည်။ အများအားဖြင့် ကြက်ဥအကာရှိ ပရိုတင်းနှင့် ဓါတ်မတည့်ခြင်းဖြစ်သော်လည်း အနှစ်ရောအကာကိုပါရှောင်ကျဉ်သင့်သည်။

ဥများနှင့် ဥများဖြင့်ပြုလုပ်သော အစားအစာများကိုရှောက်ကျဉ်ရန် အောက်ပါတိုကကိုဖော်ပြလိုက်ရပါသည်။

  • မရောနိစ်
  • အယ်လ်ဗျူမင် ပရိုတင်းဓါတ်
  • လိုင်စိုဇိုင်း အင်ဇိုင်း
  • ကြက်ဥခရင်မ်
  • ကြက်ဥအကာတွင်ပါသော Ovalbumin ပရိုတင်းဓါတ်
  • အသားတုများ
  • ဥများတွင်တွေ့ရသော ပရိုတင်းဓါတ်များ သည် ဖုတ်ထားသော အစားအစာများ၊ ကာကွယ်ဆေးများနှင့် စီမံထားသော အစာများတွင် ပါဝင်တတ်သည်။

နို့ထွက်ပစ္စည်းများ

သင်သည် နို့နှင့် နို့ထွက်ပစ္စည်းများကို ဓါတ်မတည့်သူဖြစ်ပါက သင့်ကိုယ်ခံအားစနစ်က နို့တွင်ပါဝင်သော ပရိုတင်းဓါတ်ကို တိုက်ခိုက်သောကြောင့် ဖြစ်သည်။ ထိုရောဂါသည် Lactose အင်ဇိုင်းကို မဖျက်နိုင်သော Lactose intolerance ရောဂါဖြစ်ခြင်းနှင့် မတူပါ။ Lactose intolerance ရောဂါတွင် ကိုယ်ခံအားစနစ်က ပုံမှန်အတိုင်းဖြစ်နေသည်။

သင်သည် နို့နှင့် နို့ထွက်ပစ္စည်းများကို ဓါတ်မတည့်သူဖြစ်ပါက အောက်ပါတို့ကို ရှောင်ကျဉ်သင့်သည်။

  • ဒိန်ခဲအရင်းခံဓါတ်
  • ဒိန်ခဲ
  • နို့ကြက်ဥပေါင်း
  • အိန္ဒိယထောပတ်
  • နို့ရည်ကြည်
  • Diacetylဓါတုပစ္စည်း
  • Lactalbumin, Lactoferrin ,Tagatose စသည့် နို့တွင်ပါဝင်သော ပရိုတင်းဓါတ်ပေါင်းများ

ပဲပုပ်စေ့

ပဲပုပ်စေ့များသည် အစားအစာအတော်များများတွင်ပါတတ်ကြပြီး လူများသတိမထားမိတတ်ကြချေ။ ပဲပုပ်စေ့ နှင့် မတည့်သူများသည် အောက်ပါတို့ကိုရှောင်ကျဉ်သင့်သည်။

  • Edamame, Miso, Natto, Shoyu စသည့် ပဲပုပ်စေ့ကိုအခြေခံပြုလုပ်ထားသော ဂျပန်အစားအစာများ
  • ပဲနို့ရည် နှင့် ပဲနို့ရည်နှင့် ပြုလုပ်ထားသော အစားအစာများ
  • ပဲပုပ်ဖြင့်ဖော်စပ်ထားသောအစာများ
  • ကြိတ်ထားသောပဲများ
  • ပဲငပိ
  • ပဲပိစပ်ဆီ
  • တို့ဟူး
  • ပဲမှရသော ပရိုတင်းဓါတ်ကြွယ်ဝသည့် အစားအစာများ

ကစီဓါတ်

ကစီဓါတ်မတည့်ခြင်းနှင့် ဂျုံနျင့် မတည်ခြင်း မှာ ကွဲပြားမှုရှိသည်။ ကစီဓါတ်သည် ဂျုံပင်များတွင်တွေ့ရသော ပရိုတင်းဓါတ်တမျိုးဖြစ်သည့်အတွက် သင်သည် ကစီဓါတ်ကိုရှောင်ကျဉ်ရမည်ဆိုပါက ဂျုံပင်အနွယ်ဝင်များအားလုံးကိုရှောင်ကျဉ်ဖို့လိုပါသည်။

သို့သော်သင်သည် ဂျုံပင်မှရသော အစာများနှင့်သာဓါတ်မတည့်သူဖြစ်ပါက ကစီဓါတ်ကို အခြားသော သီးပင်စားပင်များမှလည်း ရရှိနိုင်ပါသည်။

ကစီဓါတ်ပါဝင်သော အစားအစာများမှာအောက်ပါတို့ဖြစ်သည်။

  • ပေါင်မုန့်(ပေါင်မုန့်ဖြူ၊ ပေါင်မုန့်ညို၊ ပေါင်မုန့်ခြောက်)
  • ဂံျုပင်အမျိုးမျိုး
  • နှံစားပင်များ
  • စပါး၊ ဆန်ကွဲ
  • ရိုင်းစပါး
  • ဖွဲနု
  • ပြောင်း၊ ဆပ်၊ လူး
  • ဘာလီ
  • မုယောစပါး

ငါးများ

သင်သည် ဆာလမွန်ငါးနှင့် ဓါတ်မတည့်သူဖြစ်ပါက အခြားသော ငါးများနှင့်လည်းဓါတ်မတည့်နိုင်ချေများသည်။ ငါးနှင့် ဓါတ်မတည့်လျှင် ငါးအားလုံးကို ရှောင်ကျဉ်ရန် အကြံပေးချင်ပါသည်။

အချို့သော ငါးအမည်များကို အစားအစာများတွင်ဖော်ပြထားသော်လည်း သင်မသိသေးသော ဓါတ်မတည့်မှုဖြစ်စေနိုင်သည့် ငါးများဖြင့်ပြုလုပ်ထားသော အစားအစာများကို ဖော်ပြလိုက်ရပါသည်။

  • ဂေါ်ဖီနှင့်ဆလပ်ရွက်သုပ်ထားသော အနောက်တိုင်းအစားအစာ
  • အကင်များနှင့်တွဲဖက်စားသော အချဉ်ရည်
  • ငါးဖြင့်အချဉ်ဖောက်ထားသော အချဉ်ရည်
  • အသားလုံးများ
  • ငါးအသားတုများ

အချုပ်ဆိုရသော် အစားအစာများနှင့် ဓါတ်မတည့်သူတို့အတွက်ဂရုပြုရှောင်ကျဉ်ရမည့် အစာများစွာရှိပါသည်။ ထို့ကြောင့် သင်သည်အစားအစာနှင့်ဓါတ်မတည့်မှုများဖြစ်လေ့ရှိပါက ပိုမိုသေချာစေရန် ပါဝင်ပစ္စည်းများကို ဆရာဝန်အားဦးစွာပြပြီး မိမိနှင့်ဓါတ်မတည့်သော ပစ္စည်းများမပါကြောင်းသေချာမှ စားသုံးသင့်ပါသည်။

health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Hello Sayarwon မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။