ဟင်းချက်တာက ကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။ ဘယ်လို ထောက်ကူပေးလဲဆိုတော့ –
ကျန်းမာတဲ့ အစားအစာတွေ စားဖြစ်စေတယ်
ကိုယ်တိုင်ဟင်းချက်တော့ ဆီကအစ ကျန်းမာတဲ့ ဟင်းချက်ဆီကိုပဲ သုံးတာကြောင့် ဆီတွေကြောင့် ကျန်းမာရေးကို ထိခိုက်တာမျိုး မဖြစ်စေတော့ဘူးပေါ့။ ဆီအပြင် ဆားဆိုလည်း ထိုက်သင့်သလောက်၊ ဟင်းခတ်မှုန့်ကိုလည်း အလွန်အကျွံ မသုံးထားတာကြောင့် ကျန်းမာတဲ့ အစားအစာလေးတွေကို စားဖြစ်စေတာပေါ့။
အပြင်စာတွေ စားမိနိုင်ခြေ နည်းသွားစေတယ်
အိမ်မှာပဲ ကိုယ်တိုင် ချက်ပြုတ်စားသောက်တာက စရိတ်ကုန်ကျမှု သက်သာစေသလို အပြင်စာတွေ စားနိုင်ခြေလည်း နည်းသွားတော့တာပေါ့။ အပြင်စာတွေမှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ တာရှည်ခံ အစားအစာတွေကို စားမိနိုင်ခြေ နည်းသွားတာက ကင်ဆာအပါအဝင် နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ။
သွေးတိုးနဲ့ ဆီးချိုဖြစ်နိုင်ခြေ နည်းစေတယ်
အိမ်မှာ ချက်တဲ့အခါ ဆား၊ ငံပြာရည် အပြင် ဟင်းခတ်မှုန့်တွေကို သတိထားပြီး ထည့်တော့ သွေးတိုးနိုင်ခြေ နည်းသွားပါတယ်။ နှလုံးကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အချို၊ အငန်၊ အဆီ စတာတွေကို ထိန်းထိန်းသိမ်းသိမ်းထည့်တော့ သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ဟင်းချက်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုသလား
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။