backup og meta

ကလေးငယ်တွေကို သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး ဘယ်လိုရှင်းပြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Kyaw Thura Htun မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးငယ်တွေကို သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး ဘယ်လိုရှင်းပြမလဲ

    ကလေးငယ်တွေကို ကင်ဆာအကြောင်းပြောပြရတာက ဘယ်တော့မှမလွယ်ကူပါဘူး။ မိဘတွေက ကလေးတွေကို ( အထူးသဖြင့် ဆယ်ကျော်သက်တွေ ) ကို ကင်ဆာအကြောင်းပြောပြဖို့ ဘယ်အချိန်သင့်တော်လဲ မသိကြတာပါ။

    သူတို့ကိုဘယ်လောက်ပြောပြရမလဲဆိုတာနဲ့ သူတို့ဘယ်လိုတုံ့ပြန်မလဲဆိုတာက စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပါတယ်။

    သင့်ကလေးတွေကို ကင်ဆာအကြောင်းပြောပြပြီး သူတို့စိတ်မဖိစီးအောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အချက်လေးတွေ အောက်မှာပေးထားပါတယ်။

    • ရိုးရိုးရှင်းရှင်းပြောပါ

    တချို့ကလေးတွေအတွက် ကင်ဆာကကြောက်စရာပါ။ သင်သိထားရမယ့် အရေးကြီးဆုံးတစ်ချက်က အရိုးရှင်းဆုံးပြောဖို့ပါဘဲ။ ရှုပ်ထွေးတာတွေမပေါမိစေဘဲ ဘာတွေဖြစ်နေလဲဆိုတာပုံမှန်ဘဲ ပြောပြပါ။ ပထမဆုံး သင်တို့ကင်ဆာနဲ့ပတ်သက်ပြီး ဘာနားလည်လဲဆိုတာအရင်မေးပြီး မသိတာရှင်းပြပါ။

    • ရိုးသားပါ

    ကလေးငယ်တွေကိုပြောပြရမှာဖြစ်တဲ့အတွက် သူတို့နားလည်မယ့်အနေအထားနဲ့ပြောပြဖို့လိုပါလိမ့်မယ်။ ဘာအချက်အလက်ကိုမှ ကွယ်ဝှက်ပြီးပြောဖို့မစဉ်းစားပါနဲ့။ ကင်ဆာဆိုတဲ့စကားလုံးက စိတ်ဖိစီးစရာကောင်းနေပေမယ့် ကိုယ်ထဲက ဆဲလ်တချို့က တခြားဆဲလ်တွေထက် ပိုကြီးထွားမြန်လာလို့ဆိုပြီးရှင်းပြပါ။ သင်တိတိကျကျရှာင်းပြလေ သင့်ကလေးစိတ်မရှုပ်လေပါဘဲ။

    • အသင့်တော်ဆုံး နေရာနဲ့ အချိန်ကိုရွေးပြီး ပြောပြပါ

    သင့်တော်တဲ့ နေရာနဲ့အချိန်ကိုရွေးပြီး ရှင်းပြတာက အရေးကြီးတဲ့အချက်တစ်ချက်ပါ။ သူတို့ လှိုက်လှိုက်လျောလျော နားထောင်ပေးနိုင်မယ့်အချိန် သူတို့သက်တောင့်သက်သာဖြစ်နေမယ့်အချိန်ကိုရွေးပြီး သင်ကိုယ်တိုင်လည်း အာရုံမပြန့်လွင့်မယ့်နေရာကိုရွေးပါ။

    ကောင်းကောင်းပြင်ဆင်ပြီးမှပြောတာက သင့်ကလေးကို လန့်ဖြန့်ခြင်း စိတ်ဓါတ်ကျခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အထူးသဖြင့် သူတို့က ဝမ်းနည်းနေရင်၊ မကျေမနပ်ဖြစ်နေရင်သင်သိထားရမှာက သင်ဟာ သူတို့ပြောတာတွေကိုနားထောင်ပြီး ကျော်ဖြတ်ဖို့ကူညီပေးဖို့လိုတယ်ဆိုတာပါဘဲ။

    • သူတို့ကိုအကောင်းမြင်ပါ

    ကလေးတွေက လူကြီးတွေရဲ့ စိတ်ခံစားမှုတွေကြောင့် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် သူတို့ကိုအကောင်းမြင်ပေးပြီး၊ အရာရာအဆင်ပြေသွားမှာဖြစ်ကြောင်း သင်ကသူတို့ဘေးမှာရှိကြောင်း သူတို့သိပါစေ။

    ဒါပေမယ့် သင်မထိန်းနိုင်တဲ့ကတိတွေကိုတော့မပေးပါနဲ့။ ကလေးငယ်တွေက သူတို့ချစ်တဲသူတွေက အရာအားလုံးအဆင်ပြေဖို့ အတတ်နိုင်ဆုံးကြိုးစားပေးနေကြတာမြင်ဖို့လိုပါတယ်။

    • သင်ဘယ်သူနဲ့စကားပြောနေလဲဆိုတာသိပါ

    အသက်ခြောက်နှစ်အောက်ကလေးတွေက ဘာတွေဖြစ်နေလဲဆိုတာသိပ်နားမလည်ကြပါဘူး။ သူတို့ကိုသက်တောင့်သက်သာထားပြီး မကောင်းတာဘာမှမဖြစ်နေဘူး မပြောင်းလဲသွားဘူးဆိုတာပြောပြထားပါ။

    အသက် ၆ နှစ်ကနေ ၁၂ နှစ်ထိကလေးတွေကတော့ ကင်ဆာအကြောင်းသိနားလည်နေပြီဖြစ်ပါတယ်။ သူတို့ကိုရိုးရိုးရှင်းရှင်းနဲ့ တည့်တည့်မတ်မတ်ရှင်းပြပါ။ သူတို့ကို သင်ပြောတဲ့အချက်အလက်တွေနဲ့ ခေါင်းမရှုပ်စေပါနဲ့။

    ဆယ်ကျော်သက်တွေနဲ့ကတော့ ပြောရဆိုရခက်နိုင်ပါတယ်။ သူတို့က သူတို့ဘယ်လိုခံစားရလဲဆိုတာနဲ့ သူတို့အမူအကျင့်တွေကို ကောင်းကောင်းမဖော်ပြတတ်ပါဘူး။ သင့်အနေနဲ့ သူတို့ဘယ်လိုခံစားနေရလဲဆိုတာ အကောင်းဘက်ကပြောအောင်ကူညီပေးပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာရင့်ကျက်တဲ့နည်းနဲ့သင်ပေးပါ။ သူတိုကို အကူအညီလိုရင် တစ်စုံတစ်ယောက်ကိုပြောလို့ရတယ်ဆိုတဲ့အကြောင်းအားပေးပါ။

    Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Kyaw Thura Htun မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement