backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း) ကဘာလဲ။

အမ်ဒိုမက်ထရီယမ်ဆိုသည်မှာ သားအိမ်၏နံရံအလွှာတစ်ခုဖြစ်ပြီး မတန်တဆ ဆဲလ်ကြီးထွားခြင်းကြောင့် ထူလာတတ်ပါသည်။ ထိုအခြေအနေအား အမ်ဒိုမက်ထရီယမ်ထူခြင်းဟု ခေါ်၏။ ၎င်းသည် ကင်ဆာမဟုတ်သော်လည်း တစ်ချို့ဖြစ်ရပ်များတွင် ကင်ဆာဖက်သို့ ကူးသွားနိုင်ပါသည်။

အမ်ဒိုမက်ထရီယမ်မှာ ရာသီစက်ဝန်တလျှောက် ဟော်မုန်းများအား တုန့်ပြန့်ခြင်းအားဖြင့် ပြောင်းလဲနိုင်စွမ်းရှိပါသည်။ စက်ဝန်း၏ ပထမအပိုင်းတွင်း မဟော်မုန်းကို သားဥအိမ်များမှ ထုတ်၏။ မဟော်မုန်းသည် နံရံအလွှာအား ကြီးထွားလာစေပြီး သန္ဓေတည်ရန်အတွက် သားအိမ်ကို အရံသင့်ပြင်ပေးလိုက်သည်။ နောက်တစ်ပိုင်း စက်ဝန်းအလယ်ပိုင်းတွင် သားဥအိမ်တစ်ခုမှ သားဥကြွေလာပါသည်။

သားဥကြွေပြီးနောက် ပရိုဂျက်စတီရုမ်းခေါ်သော နောက်ဟော်မုန်းတစ်မျိုး စထွက်လာ၏။ ထိုဟော်မုန်းသည် သားဥအား အာဟာရပြုရန် လက်ခံရန် အမ်ဒိုမက်ထရီယမ်ကို ပြုပြင်ပေးပြန်သည်။ သန္ဒေမတည်ဖြစ်ပါက မဟော်မုန်းနှင့် ပရိုဂျက်စတီရုမ်း လယ်ဗယ်များ တဖြည်းဖြည်းလျော့ကျသွား၏။ ပရိုဂျက်စတီရုမ်းကျသွားသည့်အခါ ရာသီစလာစေပါတော့သည့်။ တနည်း နံရံအလွှာ ကွာကျလာပါသည်။ နံရံလုံးဝကွာချပြီးသည့်အခါ နောက်တစ်ဖန် ရာသီစက်ဝန်းပြန်စပြီဖြစ်သည်။

အမ်ဒိုမက်ထရီယမ်ထူခြင်းမှာ ပရိုဂျက်စတီရုမ်းမရှိပဲ မဟော်မုန်းများပြားသည့်အခါ ဖြစ်လာပါသည်။ သားဥကြွေခြင်းမရှိပါက ပရိုဂျက်စတီရုမ်းလည်း မဖြစ်ပေါ်တော့ပါ။ ထိုအခါ နံရံလည်းမကွာပါ။ အမ်ဒိုမက်ထရီယမ်သည် မဟော်မုန်းအား တုန့်ပြန်သည့်အနေဖြင့် ဆက်လက်ကြီးထွားနေပါလိမ့်။ နံရံလွှာကိုဖြစ်စေသည့်ဆဲလ်များမှာ အလွန်ပြွတ်ကြပ်လာပြီး ပုံမှန်မဟုတ်တော့ပါ။ ထိုအတိုင်း မကုသပဲထားပါက ကင်ဆာအဖြစ် ပြောင်းသွားမည်ဖြစ်သည်။ ပြောင်းလဲရန်ကြာချိန်ကိုတော့ အတိအကျ မသိနိုင်ပါ။

Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အမ်ဒိုမက်ထရီယမ်ထူခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • ရာသီလာစဉ် သွေးအကျများခြင်း သို့မဟုတ် ပုံမှန်ထက်ပိုကြာခြင်း
  • ၂၁ ရက်တိုသော ရာသီစက်ဝန်း
  • သွေးဆုံးပြီးနောက် သွေးဆင်းခြင်း
  • အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

    အကြောင်းရင်းများ

    Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    • တစ်ချို့သက်သေပြချက်များတွင် မဟော်မုန်းများခြင်းကြောင့်ဖြစ်ကြောင်း ပြသထားသည်။ ထိုဟော်မုန်းမညီမျှခြင်းက သားအိမ်ကင်ဆာနှင့်ဆက်စပ်မှုရှိသည်။ နံရံထူလာခြင်းအား တစ်ခါတစ်ရံတွင် ကင်ဆာအကြိုဖြစ်စဉ်ဟုလည်း ဆိုကြပါသည်။
    • ပရိုဂျက်စတီရုမ်းနှင့် ထိတွေမှုနည်းသော အမျိုးသမီးများမှာ နံရံထူခြင်း ဖြစ်နိုင်ခြေ ပိုများ၏။
    • သွေးဆုံးခါနီးသော အမျိုးသမီးများ (သားဥကြွေခြင်း မမှန်တော့သည့်အခါ) သို့မဟုတ် သွေးဆုံးပြီးသူများ (သားဥကြွေရပ်သွားသူများ)သည် ုဖြစ်နိုင်ချေ ပိုများပါသည်။
    • အပျိုဖော်ဝင်စ တစ်ချို့သော ဆယ်ကျော်သက်များတွင် မူမမှန်သော သားဥကြွေခြင်းပုံစံရှိနေပါက ဖြစ်နိုင်ချေများ၏။
    • ပရိုဂျက်စတင်မပါသည့် မဟော်မုန်းအစားထိုးကုထုံးသုံးသော အမျိုးသမီးများ
    • Tamixifen ကဲ့သို့ ရင်သားကင်ဆာဆေးများ

    ဖြစ်နိုင်ခြေများ

    Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    အမ်ဒိုမက်ထရီယမ်ထူခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

    • အသက် ၃၅ နှစ်ထက်ကြီးသူများ
    • လူဖြူမျိုး
    • ကိုယ်ဝန်တစ်ခါမှမဆောင်ဖူးသူ
    • အသက်ကြီးလွန်းမှ သွေးဆုံးခြင်း
    • အပျိုဖော်ဝင်ချိန်စောခြင်း
    • ဆီးချို၊ အိတ်များစွာရှိသော သားဥရောဂါ၊ သည်းခြေအိတ်ရောဂါ သို့မဟုတ် သိုင်းရွိုက်ရောဂါများ ရှိခြင်း
    • အဝလွန်ခြင်း
    • ဆေးလိပ်သောက်ခြင်း
    • သားဥအိမ်၊ အူမကြီး၊ သားအိမ်ကင်ဆာ မိသားစုအတွင်းရာဇဝင်ရှိလျှင်

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    • ပုံမှန်မဟုတ်ပဲ သွေးဆင်းခြင်းဖြစ်စေသည့် အကြောင်းရင်များစွာရှိပါသည်။ သင်သည် အသက် ၃၅ နှစ်အထက် သို့မဟုတ် ၎င်းအောက် ပုံမှန်မဟုတ်ပဲ သွေးဆင်းနေပြီး ဘာဆေးနှင့်မှမသက်သာဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပြီး အမ်ဒိုမက်ထရီယမ်ထူခြင်း နှင့် ကင်ဆာကို စစ်ဆေးသင့်ပါသည်။
    • မိန်းမကိုယ်တွင်းကိုဖြတ်ပြီးရိုက်သော တီဗီဓါတ်မှန်နှင့် အမ်ဒိုမက်ထရီယမ်အထူကို တိုင်းတာနိုင်ပါသည်။ ဤစစ်ဆေးမှုတွင် သေးငယ်သောကိရိယာအား မိန်းမကိုယ်တွင်ထည့်မည်ဖြစ်သည်။ ထိုကိရိယာမှ အသံလှိုင်းများလွှင့်ပေးပြီး ပုံရိပ်အဖြစ် ပုံဖော်မည်ဖြစ်သည်။
    • ကင်ဆာဖြစ်ကြောင်း အသေအချာပြောနိုင်သည့် တစ်ခုတည်းသောနည်းမှာ အမ်ဒိုမက်ထရီယမ်အသားယူပြီး အဏုကြည့်မှန်ပြောင်းနှင့် စစ်ခြင်းဖြစ်သည်။ ၎င်းအသားစအား သားအိမ်ခြစ်ခြင်း သို့မဟုတ် သားအိမ်ထုတ်ခြင်းမှရရှိနိုင်ပါသည်။

    Endometrial Hyperplasia (အမ်ဒိုမက်ထရီယမ်ထူခြင်း) ကို ဘယ်လိုကုသပါသလဲ

    • အမ်ဒိုမက်ထရီယမ်ထူခြင်းကို အတည်ပြုပြီးပါက အပြည့်အဝလိုက်နာကုသရန် လိုအပ်ပါသည်။ များသောအားဖြင့် အမ်ဒိုမက်ထရီယမ်ထူခြင်းနှင့် ကင်ဆာဆဲလ်များမှာ တစ်ချိန်တည်း တည်ရှိနေနိုင်ပါသည်။ ကုထုံးမှာ အမျိုးသမီး၏ အသက်အရွယ်နှင့် ထူခြင်းအမျိုးအစားပေါ်မူတည်ပြီး ကွာခြားပါသည်။
    • ဖြစ်ရပ်အများအပြားတွင် အမ်ဒိုမက်ထရီယမ်ထူခြင်းအားစ ပရိုဂျက်စတင်ဖြင့် ကုသပါသည်။ ပရိုဂျက်စတင်အား သောက်ဆေး၊ ထိုးဆေး၊ သားအိမ်ထည့်ကိရိယာ သို့မဟုတ် မိန်းမကိုယ်လိမ်ဆေးအဖြစ် ပုံစံအမျိုးမျိုး သုံးနိုင်ပါသည်။ ဆေးပမာဏနှင့် သုံးရန်ကြာချိန်မှာ အသက်နှင့် ထူခြင်းအမျိုးအစားပေါ်မူတည်ပါသည်။ ပရိုဂျက်စတင်ကုထုံးကြောင့် ရာသီလာသလို သွေးများဆင်းနိုင်ပါသည်။
    • ပုံမှန်မဟုတ်သည့် ထူခြင်းမျိုးရှိနေပါက ကင်ဆာဖြစ်နိုင်ချေပိုများ၏။ ကလေးထပ်မယူတော့ဘူးဆိုပါက သားအိမ်ထုတ်ခြင်းသည် အကောင်းဆုံးကုသမှုပင်ဖြစ်သည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အမ်ဒိုမက်ထရီယမ်ထူခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အမ်ဒိုမက်ထရီယမ်ထူခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

    • သွေးဆုံးပြီးနောက် မဟော်မုန်းသုံးနေရလျှင် ပရိုဂျက်စတင်သို့မဟုတ် ပရိုဂျက်စတီရုမ်းသုံးရန် လိုပါမည်။
    • ရာသီပုံမှန်မလာပါက သားဆက်ခြား သောက်ဆေးသောက်ရန် အကြံပြုပါသည်။ ၎င်းတွင် မဟော်မုန်းနှင့်အတူ ပရိုဂျက်စတင်ပါ ပါရှိပါသည်။ တခြားသော ပရိုဂျက်စတင်ပုံစံများကိုလည်း အသုံးပြုနိုင်ပါသည်။
    • ကိုယ်အလေးချိန်များနေလျှင် ဝိတ်ချခြင်းက အကူအညီဖြစ်ပါသည်။ သားအိမ်ကင်ဆာဖြစ်နိုင်ချေမှာ ဝခြင်းနှင့်လည်း ဆက်စပ်နေပါသည်။

    အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement