backup og meta

လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကနေ ဘယ်လိုကာကွယ်မလဲ

လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကနေ ဘယ်လိုကာကွယ်မလဲ

လူမျိုးဘာသာမရွေး၊အသက်အရွယ်မရွေး၊ကျားမ မရွေး လူတိုင်းလူတိုင်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုရဲ့ သားကောင်တွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဆိုးရွားလှတဲ့ အဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရလေအောင် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ။ ဒီဆောင်းပါးက သင့်ကို အဖြေတခုခုပေးနိုင်မှာပါ။

(၁) ပတ်ဝန်းကျင်ကို သတိမူပါ။

သင်လမ်းလျှောက်သွားတဲ့အခါ ipod လေးနားထောင်သွားမယ်၊နားကြပ်လေးနားထဲထိုးပြီး သင်ကြိုက်တဲ့ EDM သီချင်းတွေနားထောင်သွားမယ်၊မိုးရေထဲလမ်းလျှောက်ရင်း ဟိုတွေးဒီတွေး တွေးမယ်၊မနက်စောစော ထပြေးမယ် ဒါမှမဟုတ် ကားတွေပိတ်နေလို့ စိတ်ညစ်နေမယ် အစရှိသဖြင့် ဒီအခြေအနေတွေဟာ အင်မတန်မှကို ပုံမှန်လှတဲ့၊လူတိုင်းနေ့စဉ်ကြုံတွေ့နေကျ အခြေအနေတွေပါ။ သင်ကြိုက်တဲ့ သီချင်းလေးတွေနားထောင်တာ ဒါမှမဟုတ် တောင်တောင်အီအီ တွေးနေတာဟာ အချိန်ဖြုန်းဖို့ ဒါမှမဟုတ် လမ်းလျှောက်ရင်း အပျင်းပြေစေဖို့ အကောင်းဆုံး အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လုပ်ရင်းလုပ်ရင်းနဲ့ ပတ်ဝန်းကျင်ကို သတိမထားမိတတ်တော့တာမျိုး၊ဘေးဘီကို အကဲမခတ်မိတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံ၊စော်ကားခံရဖို့ ပိုပြီးရာခိုင်နှုန်းများလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ပဲသွားသွား၊ဘာပဲ လုပ်လုပ် ပတ်ဝန်းကျင်ကို၊ဘေးဘီကို အမြဲတမ်း သတိထားပါ၊အကဲခတ်ပါ။ ကိုယ်လျှောက်ကျ၊သွားနေကျ လမ်းက လူပြတ်မပြတ်၊လမ်းမီး လုံလုံလောက်လောက် ရှိမရှိ၊တခုခုဆိုရင် အကူအညီပြေးတောင်းဖို့ ဈေးဆိုင်လေးတွေ၊အိမ်တွေရှိမရှိ အကဲခတ်ပါ။ ဒီအချက်တွေဟာ တကယ်ပဲ အရေးကြီးတဲ့အချက်တွေဖြစ်ပြီး အရေးပေါ် အခြေအနေတွေမှာ အချိန်မှီ အကူအညီ ရနိုင်မယ်ဆိုရင် ဝမ်းနည်းစရာ အဖြစ်ဆိုးတွေ၊ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကနေ သင့်အနေနဲ့ ရှောင်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) သင့်ရဲ့ ဆဌမအာရုံကို ယုံကြည်ပါ။

တချို့အဖြစ်အပျက်တွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အဖြစ်ဆိုးမဖြစ်ခင် သူတို့စိတ်ထဲမှာ “တခုခုတော့ လွဲနေသလိုပဲ” လို့ ခံစားရကြောင်း အမျိုးသမီးအများအပြားက ဆိုလေ့ရှိပါတယ်။ဥပမာ ကျူးလွန်မယ့် တရားခံရဲ့ မူမမှန်တဲ့ အပြုအမူ လှုပ်ရှားမှုတွေဟာ စော်ကားအနိုင်ကျင့်ခံရမယ့်သူအတွက် စိတ်ထဲမသိုးမသန့် ဖြစ်စေတာမျိုးပါ။ ဒါပေမယ့် ဒီလို အာရုံခံစားရတာကို မယုံကြည်တာ ဒါမှမဟုတ် အော်ဟစ်အကူအညီတောင်းလိုက်ရင် ကိုယ့်ကိုဒုက္ခပေးမှာ ကြောက်တာ စတဲ့အချက်တွေကြောင့် စိတ်ထဲမသိုးမသန့်ခံစားရပေမယ့် အကူအညီမတောင်းဖြစ်ကြတာမျိုး၊အကူအညီတောင်းဖို့ နှောင့်နှေးနေတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒီတော့ သိထားရမှာက သင့်စိတ်ထဲ တမျိုးတမည် ဖြစ်နေပြီဆိုရင် မကြောက်ပါနဲ့၊အမြန်ဆုံး ရဲရဲသာ အော်ဟစ်အကူအညီတောင်းပါ။ ဒီလိုဘာကြောင့် ဖြစ်တာလဲ၊ဦးနှောက်က ဘယ်လိုအလုပ်လုပ်သွားတာလဲဆိုတာကို ကျွန်တော်တို့ မရှင်းပြနိုင်သေးပါဖူး။ ဒါပေမယ့် သင့်ဦးနှောက်ဟာ ပတ်ဝန်းကျင်မှာ ရှိတဲ့ အန္တရာယ်ကို ညွှန်ပြနေသော အချက်၊သဲလွန်စ အသေးအမွှားလေးတွေကို စုဆောင်းပေါင်းစုပြီး မသိုးမသန့်ဖြစ်မှု၊စိတ်မလုံခြုံမှု အစရှိတဲ့ ခံစားမှုတွေအဖြစ် သင့်ကို သတိပေးဖို့ ကြိုးစားတာလို့ ယူဆရပါတယ်။ ဒါကြောင့် သင့်ရဲ့ ဆဌမ အာရုံကို ယုံကြည်ပြီး သိပ်နောက်ကျမသွားခင် အမှန်ကန်ဆုံး တုန့်ပြန်မှုကို လုပ်ဆောင်ဖို့ အရမ်းအရေးကြီးပါတယ်။

(၃) တရားခံဟာ ဓါတ်သိဖြစ်နေနိုင်ပါတယ်။

တကယ်လို့ သင့်ကို လိင်ပိုင်းဆိုင်ရာ စော်ကားအနိုင်ကျင့်မယ့်သူဟာ သင်နဲ့သိနေတဲ့သူဖြစ်နေရင် ဒါမှမဟုတ် ပိုဆိုးတာက သင်ယုံကြည်စိတ်ချထားတဲ့သူဖြစ်နေတယ်ဆိုရင် ဒါအတော်အရေးကြီးလာပါပြီ။ သင့်အနေနဲ့ ရိုင်းပျသလိုဖြစ်သွားမှာစိုးလို့ ဒါမှမဟုတ် မဟုတ်ဘဲနဲ့ စွပ်စွဲလိုက်ရင် သူတို့စိတ်မကောင်းဖြစ်သွားမှာစိုးလို့ စတဲ့ အကြောင်းပြချက်တွေကြောင့် တုန့်ပြန်ရာမှာ နှောင့်နှေးသွားလေ့ရှိပါတယ်။ သိထားဖို့က သင့်အနေနဲ့ မှားပြီးပြုမူလိုက်မိတယ်၊စွပ်စွဲလိုက်မိတယ်ဆိုရင်တောင် ဒါဟာ ကြီးကျယ်တဲ့ ပြဿနာမဟုတ်ပါဖူး၊နားလည်ပေးနိုင်တဲ့ အခြေအနေတခုပါ။ သင့်အနေနဲ့ သူကျေနပ်လောက်အောင် ပြန်တောင်းပန်လိုက်ရုံပါပဲ။ အယုံလွယ်ပြီး ခံလိုက်ရရင်တော့ တဘဝစာဖြစ်တယ်ဆိုတာ စိတ်ထဲ မြဲမြဲ မှတ်ထားဖို့လိုပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကား အနိုင်ကျင့်ခံရတာဟာ ဆိုးရွားလှတဲ့ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်တာမို့ သင့်ဘဝတခုလုံးကို ပျက်စီးသွားစေနိုင်ပါတယ်။ သင့်ကိုယ်သင် ကာကွယ်ဖို့အတွက် အကောင်းဆုံးသော နည်းလမ်းက ကိုယ်ခံပညာ သင်တန်းတွေ တက်ဖို့ပါပဲ။ သင့်မှာ စိုးရိမ်ပူပန်တာတွေ၊သိချင်တာတွေရှိရင်လည်း သင်တန်းဆရာကို ချက်ချင်းမေးမြန်းပြီး အသေအချာ မှတ်သားထားပါ။ နောက်ဆုံး မှတ်ထားသင့်တဲ့အချက်ကတော့ တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကြုံလာရပြီဆိုရင် သင့်ကို ကယ်တင်နိုင်မှာ သင်ကိုယ်တိုင်ပဲ ရှိတယ်ဆိုတာကိုပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ways to Protect Yourself From Sexual Assault

http://www.shape.com/lifestyle/mind-and-body/3-ways-protect-yourself-sexual-assault

Accessed March 14, 2017

4 Things Women Can Do to Lower Their Risk of Sexual Assault

http://www.livescience.com/51166-prevent-sexual-assault-tips.html

Accessed March 14, 2017

Sexual Assault: 15 Tips to Protect Yourself

https://www.thehopeline.com/sexual-assault-15-tips-to-protect-yourself

Accessed March 14,2017Ways to Protect Yourself From Sexual Assault

http://www.shape.com/lifestyle/mind-and-body/3-ways-protect-yourself-sexual-assault

Accessed March 14, 2017

 

ယခုပုံစံ

10/02/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်ပညာပေးခြင်းကို ဘယ်အချိန်မှာလုပ်သင့်လဲ။ ဘာကြောင့်လုပ်သင့်လဲ

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement