brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တီဘီရောဂါ ခံစားနေရတယ်။ ဘာတွေ စားရမလဲ။

တီဘီဆိုတာက Mycobacterium tuberculosis လို့ ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်တဲ့ ရောဂါပါ။ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဆိုရင်လည်း မမှားပါဘူး။ ရောဂါပိုးရှိသူက နှာချေတာ၊ ချောင်းဆိုးတာကနေတဆင့် လေထဲမှာ ရောဂါပိုးတွေ ရောက်ရှိသွားပြီး ကူးစက်နိုင်ပါတယ်။ တီဘီရောဂါက သေချာ ကုသမှုခံယူမယ်၊ အာဟာရ ပြည့်ဝအောင် စားမယ်ဆိုရင် ကုသပျောက်ကင်းတဲ့ ရောဂါတစ်ခုပါ။ 

တီဘီရောဂါ ခံစားနေရတယ်။ ဘာတွေ စားရမလဲ။

တီဘီရောဂါ ခံစားနေရပြီလား

တီဘီရောဂါ ကူးစက်ခံရတဲ့အခါ

တီဘီရောဂါ ဖြစ်နေတဲ့သူ အာဟာရပြည့်စေဖို့ ဘာတွေစားရမလဲ

တီဘီရောဂါဖြစ်တဲ့အခါ ပျောက်ကင်းကျန်းမာဖို့ဆိုရင် ဆေးကုသမှု သေချာ ခံယူဖို့ လိုသလို အာဟာရပြည့်ဝအောင် စားသုံးဖို့ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတော့ တီဘီရောဂါ ခံစားနေရသူအနေနဲ့ မြန်မြန် ကျန်းမာလာစေဖို့ ဒါလေးတွေကို စားသုံး ပေးသင့်ပါတယ်။

ကယ်လ်လိုရီ ပါဝင်မှုမြင့်တဲ့ အစားအစာ

တီဘီရောဂါ ခံစားနေရတဲ့အခါ ကယ်လ်လိုရီ ပါဝင်မှု မြင့်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ဒါမှ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစေပြီး ကိုယ်အလေးချိန် ကျဆင်းတာကို ကာကွယ်နိုင်မှာပါ။

ဒါကြောင့် ငှက်ပျောသီး၊ cereal၊ ထမင်း၊ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေ၊ နို့၊ အနီရောင်အသား၊ အာလူး စတာတွေကို စားသုံးပေးပါ။

ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ

တီဘီရောဂါ ခံစားရချိန်မှာ အစာစားချင်စိတ်က ပုံမှန်ထက် ပိုနည်းနေနိုင်ပါတယ်။ ဒီကာလမှာ အာဟာရပြည့်စေဖို့ဆိုရင် ပရိုတင်း များများစားဖို့ လိုပါမယ်။ ဒါကြောင့် ပရိုတင်းမစ်ရှိတ်တွေထဲမှာ အသီးခြောက်တွေ၊ အခွံမာသီးတွေ စားတာမျိုး လုပ်ပေးပါ။ ဒါတွေအပြင် ကြက်ဥ၊ ဥအမျိုးမျိုး၊ ပဲပြား၊ တို့ဟူး၊ အသား၊ ငါး၊ ကြက်သား စွပ်ပြုတ် စတာတွေကို စားပေးလို့ ရပါတယ်။

ဗီတာမင် A၊ E၊ C ကြွယ်ဝတဲ့ အစားအစာတွေ

တီဘီရောဂါရှိသူတွေနဲ့ အသင့်တော်ဆုံးက အဝါရောင် နဲ့ လိမ္မော်ရောင်ရှိတဲ့ သစ်သီးင်္တေ၊ ဟင်းသီး ဟင်းရွက်တွေပါ။

ဒါကြောင့် အဝါရောင် ရှိပြီး ဗီတာမင် A ကြွယ်ဝတဲ့

ဗီတာမင် C ကြွယ်ဝတဲ့

  • မာလကာသီး
  • ဇီးဖြူသီး
  • လိမ္မော်သီး
  • ခရမ်းချဉ်သီး
  • သံပုရာသီး
  • သံပရိုသီး
  • ငရုတ်ပွ

ဗီတာမင် E ကြွယ်ဝတဲ့

ဗီတာမင် B-complex 

တီဘီရောဂါကို ခုခံတိုက်ထုတ်နေချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင် B complex ကြွယ်ဝတဲ့

  • အုတ်ဂျုံ
  • cereal
  • ပဲအမျိုးမျိုး
  • အခွံမာသီးတွေ
  • အစေ့အဆန်တွေ
  • ဥအမျိုးမျိုး
  • ငါး (အထူးသဖြင့် ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆယ်လ်မွန်၊ တူနာ၊ မက်ကာရယ်၊ ဆာဒင်း)
  • ကြက်သား
  • အဆီမပါတဲ့ အနီရောင် အသားတွေကို စားပေးဖို့ လိုပါမယ်။

Selenium နဲ့ zinc

Selenium နဲ့ zinc ကြွယ်ဝတဲ့

  • Brazil nuts
  • ဥအမျိုးမျိုး
  • မှို
  • နေကြာစေ့
  • ချီယာစေ့
  • ဖရုံစေ့
  • နှမ်း
  • နှမ်းကြတ်စေ့
  • ကမာ
  • ငါး
  • ကြက်သား
  • အယ်လ်မွန်နို့
  •  ပဲနို့
  • ပဲပြုတ် စတာတွေကို စားပေးရပါမယ်။

ဘာတွေ ရှောင်ရမလဲ

တီဘီဖြစ်နေချိန်မှာ မြန်မြန် သက်သာစေဖို့ဆိုရင်

  • အရက်နဲ့ ဆေးလိပ်ရှောင်ပါ
  • ကွမ်းယာလည်း မစားပါနဲ့
  • ကော်ဖီနဲ့ ကဖင်းပါတဲ့ သောက်စရာတွေ ရှောင်ပါ
  • ပြုပြင်ထားတဲ့ အစားအစာတွေ
  • အဆီများတဲ့ အစားအစာတွေ
  • ဆီကြော်စာတွေကို မစားပါနဲ့။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။