နုပျိုကျန်းမာလှပလိုသူတိုင်း စားသင့်တဲ့ အစာအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အသက်အရွယ်အိုမင်းခြင်းနဲ့ ဇရာဆိုတာ လူသားတိုင်း ရှောင်လွှဲလို့ မရတဲ့ အရာပါ။ ဒါပေမယ့် တချို့သော အစားအအစာတွေကတော့ ကိုယ့်ရဲ့ မျက်နှာကို တင်းတင်းရင်းရင်းနဲ့ နုပျိုလှပေစပြီး အရေးအကြောင်းတွေ အလွယ်တကူဖြစ်မလာစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါဆိုရင် အရွယ်တင်နုပျိုလှပလိုသူတိုင်း စားပေးသင့်တဲ့ အစားအစာတွေကို ပြောပြပေးချင်ပါတယ်။

၁။ လက်ဖက်စိမ်း ရေနွေးကြမ်း

လက်ဖက်စိမ်းမှာ ပါဝင်တဲ့ Antioxidant တွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ြခင်းကို တားဆီးပေးနိုင်တဲ့အပြင် ကိုယ်ခန္ဓါတွင်း ပုံမှန် ဇီဝကမ္မဖြစ်ပျက်ပြောင်းလဲမှုကို အထောက်အကူဖြစ်စေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကို ကြည်လင်စေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါသည်ေတွမှာ တွေ့ရတတ်တဲ့ အင်ဆူလင်မတိုးတော့တဲ့ ပြဿနာကို ဖြေရှင်းပေးပြီး နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

၂။ သဘာဝသံလွင်ဆီ

ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဆီသန့်တွေထဲမှာ သံလွင်ဆီလည်း တစ်ခု အပါအဝင်ပါပဲ။ တခြားပြည့်ဝဆီတွေနဲ့ မတူပဲ သွေးတိုးကျစေနိုင်တဲ့အပြင် နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါတချို့ကို တိုက်ဖျက်ပေးတဲ့ ဓါတ်ပေါင်းတွေလည်း သံလွင်ဆီမှာ ပါဝင်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။ အသားအရေကို နုပျိုလှပစေတယ်။ အရေးအကြောင်းတွေ လျော့နည်းစေပြီး အသားအရေကို တင်းရင်းစေတယ်။ ပျက်စီးသွားတဲ့ အသားအရေကိုလည်း အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၃။ ငါးကြီးဆီ

ငါးနဲ့ ပင်လယ်စာတွေမှာ ပါဝင်တဲ့ ငါးကြီးဆီဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အဆီအနှစ်တွေ ဖြစ်ပါတယ်။ နှလုံးနဲ့ အူလမ်းကြောင်းကို ကျန်းမာစေပြီး ဦးနှောက်ဉာဏ်ရည်ကို ဖွံ့ဖြိုးတိုးတက်စေတယ်။

အသားအရေကျန်းမာရေးနဲ့ အလှအပအတွက် ငါးကြီးဆီဟာ အလွန်အကျိုးပြုစေတဲ့အတွက် အရွယ်တင်နုပျိုလိုသူတိုင်း ငါးကို ပုံမှန်စားပေးသင့်ပါတယ်။

၄။ အနက်ရောင်ချောကလက်

အခါးဓါတ်ရှိတဲ့ ချောကလက်အနက်ရောင်ဟာ တချို့သော အသီးအနှံတွေထက်တောင် လူကို ကျန်းမာနုပျိုစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ တခြားချောကလက်တွေလို အချိုဓါတ်ပါဝင်မှု မများတဲ့အတွက် သွေးတွင်း သကြားဓါတ်ကို လျော့နည်းစေနိုင်တယ်။ သွေးတိုးကျစေတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးပြီး အိုမင်းရင့်ရော်သလို ဖြစ်နေတာကို ကာကွယ်ပေးနိုင်တယ်။ သွေးလည်ပတ်မှုကောင်းစေပြီး အရေးအကြောင်းတွေ လျော့နည်းစေတယ်။

၅။ ဟင်းသီးဟင်းရွက်တွေ

ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတစေဖို့နဲ့ ကိုယ်ခန္ဓါအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်တဲ့ အစားအစာတွေထဲမှာ ဟင်းသီးဟင်းရွက်ကို မေ့ထားလို့ မဖြစ်ပါဘူး။ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးပေးခြင်းဖြင့် ကိုယ်ခံအားကောင်းစေပြီး ရောဂါတွေကို အလွယ်တကူ မဖြစ်လာစေဖို့ ကာကွယ်ပေးနိုင်တယ်။ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးနေတဲ့ အရေပြားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်တယ်။ ဗီတာမင် C ပေါကြွယ်ဝလို့ အသားဖြူစေတဲ့ ကော်လဂျင်ဓါတ်တွေ ထုတ်လွှတ်ပေးတဲ့ နေရာမှာ အထောက်အကူဖြစ်စေတယ်။

၆။ သလဲသီး

အသီးအနှံတွေထဲမှာ အနီရောင်ရှိပြီး အရည်ရွှမ်းတဲ့ သလဲသီးတွေဟာ ကျန်းမာနုပျိုစေနိုင်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ပါပဲ။ သွေးတွင်းသကြားဓါတ် မများစေဖို့ ကာကွယ်ပေးနိုင်တယ်။ နေရောင်ခြည်ဒဏ်ေကြာင့် အသားအရေ ညိုမည်းပျက်စီးတာ၊ နေလောင်တာ မဖြစ်စေအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားတွင်း ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ပြန်လည်ပြုပြင်ပေးလို့ အသားအရေကို ဖြူစင်ဝင်းပလာစေနိုင်ပါတယ်။

၇။ ထောပတ်သီး

နှလုံးကျန်းမာစေတဲ့ ဆေးစာအဖြစ် လူသိများတဲ့ ထောပတ်သီးဟာ အရွယ်တင်နုပျိုစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပေးစွမ်းနိုင်ပြီး အရသာအလွန်ရှိတာကြောင့် လူတော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ပျက်စီးလာတာ၊ အသက်အရွယ်အရ အရေးအကြောင်းတွေ၊ အသားအရောင်မညီမညာဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၈။ ခရမ်းချဉ်သီး

နှလုံးရောဂါ၊ ဆီးကြိတ်ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပြီး အသားအရေကို ရေဓါတ်ဖြည့်တင်းပေးတယ်။ အရေးအကြောင်းတွေကို လျော့နည်းသွားစေနိုင်ပြီး အရွယ်တင်နုပျိုလှပစေနိုင်ပါတယ်။

၉။ အရိုးစွပ်ပြုတ်

ကြက်စွပ်ပြုတ်ဟာ ဖျားနာခြင်းအတွက်သာမက ရောဂါတိုက်ဖျက်ဖို့၊ ကိုယ်ခံအားစနစ် မြှင့်တင်ပေးဖို့၊ လိုအပ်တဲ့ အာဟာရဓါတ်တွေ ပြန်လည်ဖြည့်တင်းပေးဖို့အပြင် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်တဲ့ အစွမ်းသတ္တိတွေလည်း ပါဝင်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

Gym ယုံတမ်းစကား ကြွက်သား ကိုယ်အလေးချိန် ကျန်းမာရေး အလှအပ ခန္ဓာကိုယ် ဝက်ခြံ ကျားဟော်မုန်း လိင်အင်္ဂါ လိင်မှုကိစ္စ သုက်လွှတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သက်သက်လွတ်စားရင်း မှားနေကြသည်များ

သက်သက်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်။ ဒါပေမယ့် သက်သက်လွတ်စားရင်း လွဲမှားနေကြတာလေးတွေလည်း ရှိနေပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။ အသားအရေလေး လှတာကိုး ဆိုတဲ့ စကား ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။ အသားအရေကျန်းမာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ အဆုတ်ကင်ဆာ သတိပြု ကာကွယ်လို့ ကျန်းမာရေးဂရုပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 6, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 1 min read
နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။

နေ့တိုင်း ကြက်သားပဲ စားနေရလို့ ငြီးငွေ့နေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 6, 2020 . 2 mins read