backup og meta

ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားလို့ရလား

ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားလို့ရလား

ကန်စွန်းရွက် ကြော်စားစား၊ ပြုတ်တို့တို့၊ သုပ်စားစား စားလို့ကောင်းတဲ့ ကန်စွန်းရွက်ကို ဝမ်းမှန်စေဖို့ အဆိပ်အတောက်ပြေစေဖို့ဆိုပြီး စားကြပါတယ်။ ဒါဆိုရင် ကန်စွန်းရွက်ကို ကိုယ်ဝန်ဆောင် မေမေတွေရော စားလို့ရလား လို့ သိချင်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်လို့ ရပါတယ်။

ဒီဆောင်းပါးလေးထဲမှာ ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားလို့ရလား ……. ကိုယ်ဝန်ဆောင်ချိန်မှာ ကန်စွန်းရွက် စားရင် ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ကန်စွန်းရွက် ဆိုတာ

ကန်စွန်းရွက် ဆိုတာ ထွေထွေထူးထူး ပြောပြစရာ မလိုဘဲ လူတိုင်း လိုလို သိပြီး ဖြစ်မှာပါ။ အရွက်ရော ရိုးတံပါ စိမ်းနေပြီး အရွက် ချွန်ချွန်လေးနဲ့ အရိုးပွပွလေး ရှိသလို အရွက် ဖားဖားနဲ့ အရိုးပွပွ ကန်စွန်းတွေလည်း ရှိပါတယ်။

ရေထဲမှာ ပေါက်ရောက်တတ်ကြပြီး မြေကြီးမှာ ပေါက်တဲ့ ကန်စွန်းလည်း ရှိပါတယ်။ အာရှနိုင်ငံ အများစုမှာ ပေါက်ရောက်ကြပြီး အဆိပ်အတောက်ကို ပြေစေတဲ့ အရွက် တစ်မျိုးအဖြစ် ရှေးယခင်ကာလတွေကတည်းက မှတ်ယူအသုံးပြုခဲ့ကြတာပါ။

ကန်စွန်းရွက်မှာပါတဲ့ အာဟာရဓာတ်တွေ

စားလို့ ကောင်းပြီး ထမင်းမြိန်တဲ့ ကန်စွန်းရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားလို့ရလား

ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားလို့ရလား ….. ဆိုတော့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကန်စွန်းရွက်ကို ပုံမှန်တောင် စားသုံးပေးလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကန်စွန်းရွက် စားတာကြောင့် ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားတဲ့အခါ

ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားလို့ရလား

ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာမျိုး ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တဲ့ ပြဿနာကို ​ပြေလည်ချင်တယ်ဆိုရင်တော့ ကန်စွန်းရွက် စားပေးလို့ ရပါတယ်။

ကန်စွန်းရွက်က အာရုံကြောတွေကို အနားရစေပြီး ကောင်းကောင် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ အိပ်ပျော်စေနိုင်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဇင့်ဓာတ် နဲ့ ဆီလီနီယမ်တို့လည်း ပါဝင်နေပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ပျော်ချင်တယ်ဆိုရင်တော့ တစ်နေ့ကို ကန်စွန်းရွက်ကြော် တစ်ပန်းကန်စာလောက် စားပေးလို့ ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက်လည်း ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ဝမ်းမှန်စေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပါတယ်။

အူမကြီးကို သန့်စင်ပေးပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။

ကန်စွန်းရွက်က ဆီးချိုကို ကုသပေးနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချိုကို ထိန်းပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်အောင် ကာကွယ်ဖို့ အတွက်လည်း စားပေးလို့ ရပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချို ခံစားနေရမယ်ဆိုရင်လည်း ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။  ဘေဘီလေးကို မွေးဖွားချိန်မှာ နို့ထွက်ကောင်းစေဖို့အတွက်လည်း ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။

ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အတွက်လည်း ကန်စွန်းရွက်ကို အားကိုးလို့ ရပါတယ်။ ကန်စွန်းရွက်က တစ်နေ့တာမှာ ကြုံတွေ့ ခံစားရနိုင်တဲ့ ညစ်ညမ်းမှုတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှု မဖြစ်စေဖို့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ကန်စွန်းရွက် စားပေးလို့ ရပါတယ်။

ကန်စွန်းရွက်က အသားအရေကို အဆိပ်အတောက် ကင်းစေပြီး အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ထိခိုက်ရှနာကစလို့ အရေပြား ပြဿနာ အမျိုးမျိုးကို သက်သာစေဖို့ ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။

ပါးစပ်ထဲမှာ ပေါက်တဲ့ အနာဖြူဖြူလေးတွေ ပေါက်တဲ့အခါ ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ကန်စွန်းရွက် စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်က ပါးစပ်ထဲက အနာဖြူဖြူလေးတွေ သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်ပကရောဂါတွေ ဝင်ရောက်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ဆိုရင် ကန်စွန်းရွက် စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်က ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

သံဓာတ် နဲ့ ဗီတာမင် B အုပ်စု ပါဝင်နေတာကြောင့် မေမေ့ကို ကျန်းမာစေနိုင်သလို ဗိုက်ထဲက ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုနဲ့ အာရုံကြောစနစ်တွေ ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးပါတယ်။

ဘာတွေ သတိထားရမလဲ

ကန်စွန်းရွက်က မေမေရော ဘေဘီလေးကိုပါ အကျိုးများစေတာကြောင့် စားသုံးပေးလို့ ရတယ်ဆိုပေမယ့် အော်ဂဲနစ် ဖြစ်တာ၊ လတ်ဆတ်တာကို သေချာလေး ရွေးချယ်ဖို့ လိုပါမယ်။ နောက်တစ်ချက်က ကန်စွန်းရွက်ကို အစိမ်းစားတာမျိုး မလုပ်ပါနဲ့။ နောက်ဆုံး တစ်ချက်က ကန်စွန်းရွက်ကို ရေသေချာဆေးပြီးမှ ချက်စားသင့်ပါတယ်၊၊

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

KangKong (Water Spinach) Is Good For Pregnancy And Babies https://healthbenefitsfruit.blogspot.com/2016/01/kangkong-water-spinach-is-good-for.html Accessed Date 31 March 2022

Is It Safe to Consume Spinach During Pregnancy? https://parenting.firstcry.com/articles/is-it-safe-to-consume-spinach-during-pregnancy/ Accessed Date 31 March 2022

Health Benefits Chinese Spinach or Water Spinach During Pregnancy https://www.beingtheparent.com/health-benefits-chinese-spinach-or-water-spinach-during-pregnancy/ Accessed Date 31 March 2022

ယခုပုံစံ

29/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား ....

ကိုယ်ဝန်ဆောင်မေမေ ဇီးပန်းသီး စားလို့ ရလား။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement