ကိုယ်ဝန်ဆောင် မေမေ ကန်စွန်းရွက် စားတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာမျိုး ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တဲ့ ပြဿနာကို ပြေလည်ချင်တယ်ဆိုရင်တော့ ကန်စွန်းရွက် စားပေးလို့ ရပါတယ်။
ကန်စွန်းရွက်က အာရုံကြောတွေကို အနားရစေပြီး ကောင်းကောင် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ အိပ်ပျော်စေနိုင်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဇင့်ဓာတ် နဲ့ ဆီလီနီယမ်တို့လည်း ပါဝင်နေပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ပျော်ချင်တယ်ဆိုရင်တော့ တစ်နေ့ကို ကန်စွန်းရွက်ကြော် တစ်ပန်းကန်စာလောက် စားပေးလို့ ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက်လည်း ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ဝမ်းမှန်စေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပါတယ်။
အူမကြီးကို သန့်စင်ပေးပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။
ကန်စွန်းရွက်က ဆီးချိုကို ကုသပေးနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချိုကို ထိန်းပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်အောင် ကာကွယ်ဖို့ အတွက်လည်း စားပေးလို့ ရပါတယ်။
ကိုယ်ဝန်ဆောင် ဆီးချို ခံစားနေရမယ်ဆိုရင်လည်း ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။ ဘေဘီလေးကို မွေးဖွားချိန်မှာ နို့ထွက်ကောင်းစေဖို့အတွက်လည်း ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။
ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အတွက်လည်း ကန်စွန်းရွက်ကို အားကိုးလို့ ရပါတယ်။ ကန်စွန်းရွက်က တစ်နေ့တာမှာ ကြုံတွေ့ ခံစားရနိုင်တဲ့ ညစ်ညမ်းမှုတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှု မဖြစ်စေဖို့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ကန်စွန်းရွက် စားပေးလို့ ရပါတယ်။
ကန်စွန်းရွက်က အသားအရေကို အဆိပ်အတောက် ကင်းစေပြီး အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ထိခိုက်ရှနာကစလို့ အရေပြား ပြဿနာ အမျိုးမျိုးကို သက်သာစေဖို့ ကန်စွန်းရွက်ကို စားပေးလို့ ရပါတယ်။
ပါးစပ်ထဲမှာ ပေါက်တဲ့ အနာဖြူဖြူလေးတွေ ပေါက်တဲ့အခါ ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ ကန်စွန်းရွက် စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်က ပါးစပ်ထဲက အနာဖြူဖြူလေးတွေ သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်ပကရောဂါတွေ ဝင်ရောက်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ဆိုရင် ကန်စွန်းရွက် စားပေးလို့ ရပါတယ်။ ကန်စွန်းရွက်က ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
သံဓာတ် နဲ့ ဗီတာမင် B အုပ်စု ပါဝင်နေတာကြောင့် မေမေ့ကို ကျန်းမာစေနိုင်သလို ဗိုက်ထဲက ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုနဲ့ အာရုံကြောစနစ်တွေ ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးပါတယ်။
ဘာတွေ သတိထားရမလဲ
ကန်စွန်းရွက်က မေမေရော ဘေဘီလေးကိုပါ အကျိုးများစေတာကြောင့် စားသုံးပေးလို့ ရတယ်ဆိုပေမယ့် အော်ဂဲနစ် ဖြစ်တာ၊ လတ်ဆတ်တာကို သေချာလေး ရွေးချယ်ဖို့ လိုပါမယ်။ နောက်တစ်ချက်က ကန်စွန်းရွက်ကို အစိမ်းစားတာမျိုး မလုပ်ပါနဲ့။ နောက်ဆုံး တစ်ချက်က ကန်စွန်းရွက်ကို ရေသေချာဆေးပြီးမှ ချက်စားသင့်ပါတယ်၊၊
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။