backup og meta

ကိုယ်ဝန်ဆောင်မေမေတစ်ယောက် လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ

ကိုယ်ဝန်ဆောင်မေမေတစ်ယောက် လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ

ဘေဘီလေးတစ်ယောက်ကို လူ့လောကထဲ ရောက်မလာခင်ကတည်းက ဝမ်းနဲ့လွယ်ပြီးအရိပ်တကြည့်ကြည့်စောင့်ကြည့်ခဲ့ကြသူတွေက မေမေတွေပါ။ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးမွေးဖွားလာစေဖို့က ကိုယ်ဝန်စရှိချိန်မှာကတည်းက မေမေရော ဘေဘီလေးပါကျန်းမာစေဖို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုတွေက မေမေတို့က သေချာလေးလုပ်ဆောင်ဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတိုင်းလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုလေးတွေအကြောင်း ပြောပြပေးပါရစေ။

ကိုယ်ဝန်ဆောင်မေမေတိုင်းလုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေက ဘာတွေများလဲ…….

ကိုယ်ဝန်ရှိပြီလို့စသိပြီဆိုတာနဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့သွားရောက်ပြသရပါမယ်။ ကိုယ်ဝန်ကာလအပိုင်းအခြားကို ပထမ ၃ လပတ် (ကိုယ်ဝန်ဆောင်ကာလ ၁ ပတ်က နေ ၁၂ ပတ်အထိ)၊ ဒုတိယ ၃ လပတ် (ကိုယ်ဝန်ဆောင်ကာလ ၁၃ ပတ် ကနေ ၂၆ ပတ်အထိ) နဲ့ တတိယ၃ လပတ် (ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ်ကနေ မွေးဖွားတဲ့အချိန်အထိ) ရယ်ဆိုပြီး ခွဲခြားထားပါတယ်။ ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကာလအပိုင်းအခြားအလိုက် အပတ်တိုင်းအလိုက်မှာ စစ်ဆေးရမယ့် ကျန်းမာရေးစစ်ဆေးမှုတွေကလည်း မနည်းပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးခန်းပြရမယ့်အချိန်ဇယား

  • ကိုယ်ဝန်ဆောင်ကာလ ၄ ပတ် ကနေ ၂၈ ပတ်အတွင်းမှာ ဆေးခန်းကို တစ်လတစ်ကြိမ်ပုံမှန်သွားရပါမယ်။
  • ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်ကနေ ၃၆ ပတ်ကာလအတွင်းမှာတော့ ဆေးခန်းကို ၁ လ ၂ကြိမ်ပုံမှန်သွားရပါမယ်။
  • ကိုယ်ဝန်ဆောင်ကာလ ၃၆ ပတ်နောက်ပိုင်းမှာတော့ အပတ်စဉ် တစ်ပတ်တစ်ကြိမ်ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံရပါမယ်။

ဆရာဝန်နဲ့ ပထမဆုံးသွားတွေ့တဲ့အခါ ဘာတွေစစ်ကြမလဲ…..

ပထမဆုံး ဆေးခန်းသွားတဲ့အချိန်မှာ အရင်ဆုံး ဆရာဝန်က သွေးစစ်ခိုင်းပါလိမ့်မယ်။ ပြီးရင်တော့ မွေးဖွားမယ့်ရက်ကို တွက်ပေးပါလိမ့်မယ်။ ပြီးရင်တော့ ရင်သားကို စစ်ဆေးပေးပါမယ်။ သားအိမ်အနေအထားကို စစ်ပါမယ်။ သားအိမ်ခေါင်းစစ်ဆေးမှုတွေလုပ်ဆောင်ပေးပါလိမ့်မယ်။

ဒါတွေစစ်ဆေးပြီးရင်တော့ ပုံမှန် လာရောက်ဆွေးနွေးရမယ့် ရက်တွေကိုပြောပြပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ဆီးချိုရှိ/ မရှိ

ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်မှာ ဆီးစစ်ပြီး သွေးချို နဲ့ ပရိုတင်းပမာဏကိုစစ်ဆေးပါလိမ့်မယ်။ များသောအားဖြင့်ကတော့

  • ပထမကလေးက မွေးဖွားချိန်က ကိုယ်အလေးချိန် ၉ ပေါင်ကျော်နေမယ်
  • ဆီးချိုရောဂါရှိတဲ့ မျိုးရိုးရှိမယ်
  • အဝလွန်နေမယ် ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်ခြေများတာကြောင့်သေချာစစ်ဆေးဖို့လိုပါမယ်။

ကိုယ်ဝန်ဆောင်မေမေတိုင်း မဖြစ်မနေလုပ်ရမယ့် ကျန်းမာရေးစစ်ဆေးမှု

  • ကလေးမှာ မွေးရာပါရောဂါပါလာနိုင်လားဆိုတာကို သိဖို့ မိဘနှစ်ယောက်ရဲ့ သွေးအမျိုးအစားကို စစ်ရပါမယ်။ (ကိုယ်ဝန်မဆောင်ခင်ကတည်းကစစ်ထားလို့လည်းရပါတယ်) (ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်အတွင်း)
  • မိခင်သွေး Rh အမျိုးအစားကို စစ်ပါမယ် (ကိုယ်ဝန်ဆောင်ကာလ ၁၂ ပတ်အတွင်း)
  • သန္ဓေသား အနေအထားမှန်/မမှန် အာထရာဆောင်းရိုက်မယ် (ကိုယ်ဝန်ဆောင်ကာလ ၆ ပတ် ကနေ ၁၂ ပတ်)
  • မွေးရာပါရောဂါ ပါလားနိုင်လားဆိုတာကိုသိရဖို့ သန္ဓေသားရဲ့ ခရိုမိုဆုမ်းစစ်ပါမယ် (ကိုယ်ဝန်ဆောင်ကာလ ၁၀ ပတ် ကနေ ၁၂ ပတ်အတွင်း)
  • ဘေဘီလေးမှာ Down Sydrome ပါလားနိုင်လားဆိုတာကို သိဖို့ သွေးစစ်မယ် (ကိုယ်ဝန်ဆောင် ၁၁ ပတ် ကနေ ၁၆ ပတ်အတွင်း)
  • ကလေးကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာကို သိရှိဖို့ နဲ့ မွေးရာချို့ယွင်းချက်တစ်ခုခုပါလားနိုင်လားဆိုတာကို သိရဖို့ အာထရာဆောင်းရိုက်မယ် (ကိုယ်ဝန်ဆောင်ကာလ ၁၃ ပတ် ကနေ ၁၇ ပတ်အတွင်း)
  • ဘေဘီလေး ဦးနှောက် နဲ့ အာရုံကြော ကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာ နဲ့ အချင်းအနေအထားမှန်ရဲ့လားဆိုတာကို အာထရာဆောင်းရိုက်ပြီး စစ်ဆေးမယ် ( ကိုယ်ဝန်ဆောင်ကာလ ၁၆ ပတ် ကနေ အပတ် ၂၀ အတွင်း)
  • ဘေဘီလေးမှာ မွေးရာပါရောဂါတစ်ခုခုပါလားနိုင်လားဆိုတာကို ရေမြွှာရည် စစ်မယ် ( ကိုယ်ဝန်ဆောင်ကာလ ၁၆ ပတ်နောက်ပိုင်း)
  • ကလေးအနေအထားမှန်/မမှန် နဲ့ ကောင်းစွာဖွံ့ဖြိုးရဲ့လားဆိုတာကို အာထရာဆောင်းရိုက်မယ် ( ကိုယ်ဝန်ဆောင်ကာလ ၁၉ ပတ် ကနေ ၂၅ ပတ်)
  • မေမေရော ဘေဘီလေးပါကျန်းမာရဲ့လားဆိုတာကို စစ်ဆေးမှုလုပ်မယ် (ကိုယ်ဝန်ဆောင် ကာလ ၃၇ ပတ်နောက်ပိုင်း)
  • သွေးအားနည်းရောဂါရှိနေလား၊ ကိုယ်ဝန်ဆောင်ဆီးချိုရှိနေလားဆိုတာကို သွေးစစ်မယ် (ကိုယ်ဝန်ဆောင်ကာလ ၂၄ ပတ်ကနေ ၂၈ ပတ်အတွင်း)
  • သန္ဓေသားအနေအထား နဲ့ သန္ဓေသားပုံမှန်ကြီးထွားရဲ့လားဆိုတာကို သိနိုင်ဖို့ အာထရာဆောင်းရိုက်မယ် ( ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ်နောက်ပိုင်း)

ဒါတွေအပြင် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ကြိုတင်ထိုးလို့ မွေးလာမယ့် ဘေဘီလေးရဲ့ကျန်းမာရေးကိုရော မေမေကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်လိုက်ရအောင်လား ဖေဖေမေမေတို့ရေ…………..

လိုအပ်တဲ့ ကာကွယ်ဆေးတွေကို အချိန်မီ ထိုးနှံနိုင်ဖို့နဲ့ ကိုယ်ဝန် အပတ်အလိုက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရရှိနိုင်စေဖို့ဆိုရင်တော့ ကိုယ်ဝန်အပတ်ရေကို သိရှိနိုင်စေဖို့ ဒီနေရာလေးမှာ ကိုယ်တိုင် တွက်ကြည့်လိုက်နော်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tests You Need During Pregnancy https://www.webmd.com/baby/features/tests-you-need-during-pregnancy#3 Accessed Date 3 October 2019

Medical Care During Pregnancy https://kidshealth.org/en/parents/medical-care-pregnancy.html Accessed Date 3 October 2019

Prenatal care and tests https://www.womenshealth.gov/pregnancy/youre-pregnant-now-what/prenatal-care-and-tests Accessed Date 3 October 2019

Check-ups, tests and scans available during your pregnancy https://www.pregnancybirthbaby.org.au/checkups-and-scans-during-your-pregnancy Accessed Date 3 October 2019

Monitoring of Pregnancy and Medical Examinations During Pregnancy https://www.health.gov.il/English/Topics/Pregnancy/during/examination/Pages/permanent.aspx Accessed Date 3 October 2019

ယခုပုံစံ

23/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတဲ့မေမေ ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာလည်း Psoriasis ဖြစ်နိုင်ပါတယ်



Aye Thi Mon မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement