ဗိုက်ထဲက ဘေဘီလေးရဲ့ ရှင်သန်မှုလက္ခဏာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဘေဘီလေးတစ်ယောက်ရဲ့ ရှင်သန်မှုလက္ခဏာက ဘာများဖြစ်မလဲ။ လူကြီးတွေလိုပါပဲ ရှင်သန်မှုလက္ခဏာက နှလုံးခုန်နှုန်းပေါ့။ ဒါဆိုကိုယ်ဝန်စရှိပြီဆိုတာနဲ့ ဘေဘီလေးက နှလုံးစခုန်တာလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုယ်ဝန်ဘယ်အချိန်မှာ နှလုံးစခုန်တာလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

ဘေဘီလေး ဘယ်အချိန်မှာ နှလုံးစဖွံ့ဖြိုးတာလဲ……….

ဘေဘီလေးရဲ့ ပထမဆုံးနှလုံးခုန်နှုန်းကိုကြားရတာက မိဘတိုင်းအတွက် စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်ပါ။ ကဲ…ဘေဘီလေးကဘယ်အချိန်မှာ နှလုံးစခုန်တာလဲ…..

ဘေဘီလေးရဲ့နှလုံးက စတင်ဖွံ့ဖြိုးချိန်မှာ ပြွန်ပုံစံမျိုးလေးအနေနဲ့ စတင်ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီကနေမှ တဖြည်းဖြည်းချင်း အကန့်လေးတွေပါတဲ့ နှလုံးအဖြစ် ဖွံ့ဖြိုးလာတာပါ။ နှလုံးကဘယ်အချိန်မှာ စတင်ဖွံ့ဖြိုးလာသလဲဆိုတော့ သန္ဓေအောင်ပြီး ရက်အနည်းငယ်အကြာမှာ စတင်ဖွံ့ဖြိုးလာတာပါ။

ဘေဘီလေးဘယ်အချိန်မှာ နှလုံးစခုန်မလဲ………..

ဘေဘီလေးက ကိုယ်ဝန်ပထမ ၃ပတ်လောက်မှာစပြီး နှလုံးခုန်ပါတယ်။
ရက်သတ္တပတ် ၃ ပတ် – သန္ဓေအောင်ပြီး ၂၂ ရက်မှာ ဘေဘီလေးက နှလုံးစခုန်ပါတယ်။ ဒါပေမယ့် နှလုံးခုန်နှုန်းက အရမ်းတိုးသေးတာကြောင့် ကြားရဖို့တော့ ခက်နိုင်ပါသေးတယ်။
ရက်သတ္တပတ် ၅ ပတ် – နှလုံးရဲ့ အခန်းတွေ စတင်ဖွံ့ဖြိုးလာပါပြီ။
ရက်သတ္တပတ် ၆ ပတ် – နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၀၀ ကနေ ၁၆၀ လောက်ရှိလာပါပြီ။ ဘေဘီလေးနှလုံးခုန်တာကို အယ်လ်ထရာဆောင်းကနေတဆင့် သိနိုင်မှာဖြစ်ပါတယ်။
ရက်သတ္တပတ် ၈ ပတ် – ဘေဘီလေးနှလုံးခုန်နှုန်းက စည်းချက်မှန်လာပါပြီ။
ရက်သတ္တပတ် ၁၀ ပတ် – ဘေဘီလေးနှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၇၀ အထိရှိလာပါပြီ။ မွေးဖွားခါနီးလာချိန်မှာတော့ ဘေဘီလေးရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၃၀ ရှိမှာဖြစ်ပါတယ်။

ဘေဘီလေးမှာ ပုံမှန်ရှိနေသင့်တဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်လဲ…..

ဘေဘီလေးမှာ ပုံမှန်ရှိသင့်တဲ့ နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာကို အတိအကျသိဖို့ခက်ပါတယ်။ ဒါပေမယ့် အများစုလက်ခံထားကြတာကတော့ ဗိုက်ထဲက ဘေဘီလေးတစ်ယောက်ဟာ ပုံမှန်အားဖြင့် နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၁၁၀ ကနေ ၁၅၀ အထိ ဒါမှမဟုတ် ၁၂၀ ကနေ ၁၆၀ အထိပါ။ တကယ်လို့ ဗိုက်ထဲမှာ ဘေဘီလေးက လှုပ်ရှားမှုတစ်စုံတရာလုပ်မယ်ဆိုရင်တော့ နှလုံးခုန်နှုန်းက အပြောင်းအလဲရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးပြောင်းလဲမှုက စိုးရိမ်ရမယ့် အနေအထားတစ်ရပ်တော့ မဟုတ်ပါဘူး။
ဘေဘီလေးရဲ့နှလုံးခုန်နှုန်းက တစ်မိနစ်မှာ အကြိမ်ရေ ၉၀ ပဲရှိတယ်ဆိုရင်တောင်မှ ဒါက ဘေဘီလေးပုံမှန်ကြီးထွားနေတယ်ဆိုတဲ့ သဘောပါပဲ။ အရမ်းစိုးရိမ်စရာမလိုပါဘူး။ သတိထားရမယ့်တစ်ချက်ရှိပါသေးတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်ကာလ ပထမဆုံး အယ်လ်ထရာဆောင်းရိုက်ချိန်မှာ ဘေဘီလေးနှလုံးခုန်နှုန်းက ကျနေတယ်ဆိုရင် အရမ်းစိတ်မပူဖို့ပါ။ အကြောင်းကတော့ ဘေဘီလေးရဲ့ နှလုံးက အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် အယ်လ်ထရာဆောင်းရိုက်တဲ့အချိန်မှာ စက္ကန့်အနည်းငယ်လောက်ကျဆင်းနိုင်ပါတယ်။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုမို့ အရမ်းမစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။

ကိုယ်ဝန်ဆောင်မေမေတို့ အနေနဲ့ စစ်ဆေးသင့်တဲ့ ဘေဘီလေးရဲ့ နှလုံးခုန်နှုန်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့  ပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေထဲမှာ ဘေဘီလေးရဲ့နှလုံးခုန်နှုန်းကို စစ်ဆေးတာကလည်း တစ်ခုအပါအဝင်ပါ။ အခုလိုအခြေအနေမျိုးတွေရှိနေမယ်ဆိုရင် ဘေဘီလေးရဲ့ နှလုံးခုန်နှုန်းစစ်ဆေးမှုကို မဖြစ်မနေလုပ်ဖို့လိုမှာပါ။

  • မေမေက ဆီးချိုရှိမယ်ဆိုရင်
  • မေမေက သွေးတိုးရောဂါရှိမယ်ဆိုရင်
  • ဘေဘီလေးရဲ့ ကြီးထွားမှုနှုန်းက နှေးနေမယ်ဆိုရင်
  • လမစေ့ခင်မွေးဖွားတာမျိုးမဖြစ်အောင် ဆေးသောက်နေရမယ်ဆိုရင် ဘေဘီလေးရဲ့ နှလုံးခုန်နှုန်းကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

ဘေဘီလေးနှလုံးဖွံ့ဖြိုးစေဖို့ ဘာတွေဂရုစိုက်ရမလဲ…..

ဗိုက်ထဲက ဘေဘီလေးနှလုံးကောင်းကောင်းဖွံ့ဖြိုးစေဖို့ဆိုရင်တော့ မေမေအနေနဲ့

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ မျှော်လင့်ချက်မထားရင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုတာကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရနိုင်ပါတယ်။ ဒီအခြေအနေတွေကိူ အကောင်းဆုံး ကျော်လွှားဖို့ ဆိုရင်.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့ အစားအစာလေးတွေ စားပေးလို့ ရတယ်ဆိုတာကို သိပြီးပြီလား...... ကြောက်ရွံ့တာကို သက်သာစေမယ့် အစားအစာတွေက ဘာတွေ ဖြစ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read