backup og meta

ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့......

ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့......

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးဖို့ လိုအပ်သလို အိပ်ရေးဝဝ အိပ်ဖို့လည်း လိုအပ်ပါမယ်။ ဒါပေမယ့် ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်က သက်သောင့်သက်သာ မဖြစ်တာကြောင့် အိပ်ဖို့ ခက်လာပါတယ်။ ကိုယ်ဝန်အတွက် စိုးရိမ်ရတာ၊ စိတ်လှုပ်ရှားရတာတွေလည်း ပါတာပေါ့။ ဒါဆို မေးစရာ ရှိနိုင်တာက ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့…… ဆိုတာပေါ့။

အစားအသောက်တွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကလည်း ကိုယ်ဝန်ဆောင်မေမေ အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်ပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ စားပေးသင့်တာလေးတွေကို ပြောပြပေးပါမယ်။

ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ ဘာစားရပါ့……

ကိုယ်ဝန်ဆောင်မေမေတွေ ညအိပ်ပျော်စေဖို့ဆိုရင် နေ့စဉ် ဒါလေးတွေ စားသုံးပေးဖို့ လိုပါမယ်။

သောက်ရေ 

ရေကတော့ နေ့တိုင်း သောက်ဖြစ်တာပဲလေ ဒါပေမယ့် အိပ်မပျော်တာက မပျော်တာဘဲလို့ တွေးနေတာလား။ ရေဓာတ် ပြည့်ဝမှုက ကျန်းမာရေးပေါ်မှာရော အိပ်စက်မှု အပေါ်မှာပါ အများကြီး သက်ရောက်နေပါတယ်။

ရေဓာတ် မပြည့်ဝမှုက ခြေထောက်တွေကို ကြွက်တက်စေနိုင်သလို ‌ခေါင်းကိုက်တာကိုလည်း စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ လိုအပ်တဲ့ ရေပမာဏက ပိုများနိုင်ပါတယ်။

ရေဓာတ် ပြည့်ဝမှုက မေမေ့ကို ကျန်းမာစေနိုင်သလို ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ညဘက် အိပ်ပျော်စေဖို့ဆိုရင် ရေများများသောက်ပေးလို့ရသလို ရေဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးလို့ရပါတယ်။ ဒါပေမယ့် အိပ်ခါနီးအချိန်နဲ့ ကပ်ပြီး ရေအများကြီးသောက်တာမျိုးတော့ ရှောင်ရပါမယ်။

နို့ထွက်ပစ္စည်း

ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ အိပ်ရာဝင်ခါနီးမှာ နွားနို့ ပူပူ တစ်ခွက်သောက်တာက ဦးနှောက်ကို အိပ်ပျော်စေတဲ့ ဟော်မုန်း မယ်လ်လာတိုနင် ထုတ်လွှတ်ဖို့ ကူညီပေးပါတယ်။

နွားနို့ နဲ့ ဒိန်ချဉ်မှာပါတဲ့ ကယ်လ်ဆီယမ်က မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးရဲ့ အရိုးဖွဲ့စည်းမှုအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို မေမေ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကယ်လ်ဆီယမ်ကနေ ရယူရတာမျိုး မဖြစ်မှာပါ။

ထမင်း

လေ့လာမှုတွေအရ ထမင်းဖြူက  glycemic index ပါဝင်မှု မြင့်တာကြောင့် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ Jasmine rice က ပိုပြီး မြန်မြန် အိပ်ပျော်စေနိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးက သဘာဝ အိပ်ဆေး တစ်မျိုးပါ။ ငှက်ပျော်သီးမှာ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေတာကြောင့် ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ အိပ်ပျော်စေတဲ့ဟော်မုန်း မယ်လ်လာတိုနင်ကို ထုတ်လွှတ်အောင် လှုံ့ဆော်ပေးတဲ့ အမိုင်နိုအက်ဆစ်  tryptophan ကို ထုတ်လွှတ်ပေးပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ညဘက်အိပ်ပျော်စေဖို့ဆိုရင် ငှက်ပျောသီး စားပေးလို့ ရပါတယ်။

သစ်ကြားသီး

သစ်ကြားသီးမှာ tryptophan လို့ခေါ်တဲ့ အိပ်ပျော်စေတဲ့ ဟော်မုန်းဖြစ်တဲ့ မယ်လ်လာတိုနင်ကို ထုတ်လွှတ်အောင် လှုံ့ဆော်ပေးတဲ့ အမိုင်နိုအက်ဆစ် ပါဝင်နေပါတယ်။ ဒါ့ပြင် Omega-3 essential fatty acids ပါဝင်နေတာကြောင့် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ကိုက်လန်

အစိမ်းရင့်ရောင် ရှိတဲ့ ကိုက်လန်က ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်သလို မေမေတို့ အိပ်မပျော်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

ကိုက်လန်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို သံဓာတ်၊ ဖောလိတ်တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေပြီး အစာခြေစနစ်ကို အားဖြည့်ပေးပါတယ်။

ချာမိုမိုင်း ရေနွေးကြမ်း

ချာမိုမိုင်း ရေနွေးကြမ်း နွေးနွေးလေးကို အိပ်ရာမဝင်ခင် သောက်သုံးပေးတာက စိတ်ကို တည်ငြိမ်စေပြီး အာရုံကြောတွေကို ပြေလျော့စေတာကြောင့် ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

ဘယ်ရီသီးတွေ

ဘယ်ရီသီးတွေက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ အသီးတွေက ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ကဲ…… ကိုယ်ဝန်ဆောင်မှပဲ တစ်ညတစ်ည အိပ်မပျော်ဘူး ဖြစ်နေတယ်ဆိုတဲ့ လေဒီတို့ရေ နေ့စဉ် စားသုံးမှုမှာ ဒါလေးတွေ ပါအောင် စားသုံးပေးပါနော်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 5 foods that help you sleep during pregnancy | Sleep Tips https://www.mioskincare.co.uk/mamamio-blog/pregnancy/top-5-foods-that-help-you-sleep/ Accessed Date 13  August 2021

5 Sleep-Friendly Foods for Pregnancy https://www.newtonbaby.com/blogs/news-tips/5-sleep-friendly-foods-for-pregnancy Accessed Date 13  August 2021

ယခုပုံစံ

28/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ရေးဝဝ အိပ်ပျော်စေဖို့

ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement