backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်း

ကိုယ်ဝန်ဆောင်နေစဉ် မိန်းမကိုယ်ယားယံခြင်း

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မောပန်းလွယ်ခြင်း၊ မနက်ပိုင်း ပျို့အန်ခြင်း၊ သားအိမ်ခေါင်းအချွဲဆင်းခြင်းတွေ အပြင် မိန်းမကိုယ်ယားယံခြင်းဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံခြင်းဟာ ဆိုးရွားတဲ့ စိုးရိမ်စရာအခြေအနေတစ်ခုမဟုတ်ပေမယ့် လိင်မှတဆင့်ကူးစက်တတ်တဲ့ ကာလသား ရောဂါလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်လာစေဖို့ ဖြစ်နိုင်သမျှမြန်မြန် စစ်ဆေးကုသသင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်း

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်းဟာ ဘာကြောင့်ဖြစ်တာလဲ။

• အရည်လိုအပ်မှုပိုများလာခြင်း။ ။ ကိုယ်ဝန်ရဲ့ပထမသုံးလတာ ကာလမှာ ကလေးရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရည်ဓာတ်များစွာလိုအပ်တာကြောင့် မိန်းမကိုယ်အတွင်းသားတွေ ခြောက်သွေ့လာပြီး စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း နဲ့ ယားယံ ခြင်းကိုဖြစ်စေပါတယ်။

• မိန်းမကိုယ်တဝိုက်ချွေးထွက်များခြင်း။ ။ မိန်းမကိုယ်တဝိုက် ကြားနေရာလေးတွေမှာ ချွေးစုလာတဲ့အတွက် ပူနွေးစိုစွတ်မှုကြောင့် ယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။

• တချို့သော ထုတ်ကုန်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း။ ။ ရေမွှေး၊ အဝတ်လျှော်ဆပ်ပြာကွန်ဒုံး နဲ့ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတဲ့ဆေးရည် စတဲ့အရာတွေမှာ မိန်းမကိုယ်တစ်ဝိုက်ကို ထိခိုက်စေတဲ့ အရာတွေပါလာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာ မိန်းမကိုယ်အရေပြားဟာပုံမှန်ထက် တုံ့ပြန်မှုပိုများလာ ပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ဓာတ်ပစ္စည်းတွေပါဝင်တဲ့ ထုတ်ကုန်တွေအစား ရနံ့ကင်းတဲ့ ထုတ်ကုန်တွေကို အစား ထိုး အသုံးပြုပါ။

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံတာကို ဘယ်လိုဖြေရှင်းမလဲ။

(၁) ယားယံတဲ့နေရာတဝိုက်ကို ရေအေးပတ် ကပ်ပါ။

ရေအေးပတ် ကပ်ခြင်းက ယားယံခြင်းကို ခတ္တခဏ သက်သာစေပါလိမ့်မယ်။ ရေနွေးပတ်မကပ်မိပါစေနဲ့ ထိခိုက်လွယ်တဲ့ အရေပြားကို ပိုဆိုးသွားစေ နိုင်ပါတယ်။

(၂) နေ့စဉ်အစားအသောက်မှာ ဒိန်ချဉ် ပါပါစေ။

ပြင်ပကုသမှုတွေအပြင် ဒိန်ချဉ်သောက်သုံးမှုမှ ရရှိနိုင်တဲ့ ခန္ဓာကိုယ်အကျိုးပြုပိုးမွှားလေးတွေက ခန္ဓာကိုယ်ရဲ့ pH level ကိုထိန်းညှိပေးပါတယ်။ အဆီနည်း၊ သကြားလွတ် ဒိန်ချဉ် သောက်သုံးမှုက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့အပြင် ခန္ဓာကိုယ်ကိုဆိုးကျိုးပေးစေနိုင်တဲ့ ပိုးမွှားပေါက်ပွားမှုကိုလည်း တားဆီးပေးနိုင်ပါတယ်။

(၃) မုန့်ဖုတ်ဆိုဒါ အသုံးပြုပါ။

မုန့်ဖုတ်ဆိုဒါ ရဲ့အသုံးဝင်မှုတစ်ခုကတော့ ယားယံခြင်းကို သက်သာစေပြီး ဘက်တီးရီးယား ပိုးမွှားတွေကိုသေစေနိုင် ပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေချိုးဇလုံထဲထည့်ပြီ စိမ်ချိုးခြင်း ဒါမှမဟုတ် ယားယံတဲ့နေရာကို ၁၀ မိနစ်ခန့် ခပ်ပျစ်ပျစ် ပြုလုပ်ပြီးကပ်ထားပေးခြင့်ဖြင့် ယားယံမှုကိုသက်သာစေနိုင်ပါတယ်။

(၄) သက်သောင့်သက်သာရှိတဲ့ အဝတ်အစားကိုရွေးချယ်ပါ။

ကျဉ်းကျပ်သော သားရေ၊ ဂျင်းသား အဝတ်အစားတွေက အရေပြားယားယံမှုကိုဖြစ်စေနိုင်သလို ကျုံ့နိုင်ဆန့်နိုင်တဲ့ ဆွဲသား တွေကလည်းစိုထိုင်းမှုကိုဖြစ်စေနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုကဲ့သို့အဝတ်အစားတွေကို မဝတ်ဆင်ဘဲ ပွပွချောင်ချောင် ချွေးစုပ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။

(၅) ယားယံမှုကို သက်သာစေတဲ့လိမ်းဆေး အသုံးပြုပါ။

ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ လိမ်းဆေးကိုအသုံးပြုပါ။ ကိုယ်ဝန်ကိုထိခိုက်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေမပါလို့ပါ။ ဆေးအညွှန်းကိုသေချာဖတ်ပြီး ဘယ်လိုအသုံးပြုရမယ်ဆိုတာမသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးအကြံဉာဏ်ရယူပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မိန်းမကိုယ်ယားယံမှုကိုဖြစ်စေနိုင်တဲ့အကြောင်းများစွာ ရှိပေမယ့် ဖြေရှင်းနိုင်တဲ့ကုသမှု နည်းလမ်းတွေလည်းရှိပါတယ်။ သို့သော် တခြားဆိုးရွားတဲ့နောက်ဆက်တွဲပြသနာတွေမဖြစ်စေဖို့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။ ဆေးပစ္စည်းတွေအပြင် ယားယံမှုကိုသက်သာစေနိုင်တဲ့ ကလေးရောမိခင်ကိုပါ မထိခိုက်စေတဲ့ သဘာဝကုထုံးတွေလည်းရှိတယ်ဆိုတာကို သိစေလိုခြင်းဖြစ်ပါတယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Vaginal Infections During Pregnancy.
http://www.parents.com/pregnancy/my-body/aches-pains/pregnancy-vaginal-discharge-infections/. Accessed December 10, 2016.

Vaginal Itching Or Swelling During Pregnancy.
http://www.thebump.com/a/vaginal-itching-swelling-during-pregnancy. Accessed December 10, 2016.

Vaginal Itching During Pregnancy. http://www.newkidscenter.com/Vaginal-Itch-During-Pregnancy.html.
Accessed December 10, 2016.

ယခုပုံစံ

26/09/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သန့်ရှင်းတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ

အမျိုးသမီးများမေးရန်ကြောက်ရွံ့ကြသည့် လိင်နှင့်ပတ်သက်သည့်မေးခွန်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/09/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ