backup og meta

ကလေးတွေ အရိုးသန်မာစေမယ့် ရိုးစင်းတဲ့ နည်းလမ်း ၃ သွယ်

ကလေးဘဝကတည်း အရိုးသန်မာအောင် အကောင်းဆုံး အုတ်မြစ်ချပေးနိုင်မှာ အရွယ်ရလာတဲ့အခါတော်ကာကျမှပါ။ အရိုးတွေရဲ့ ဖွံ့ဖြိုးမှုကို အများဆုံးတည်ဆောက်ခဲ့တဲ့ကာလအပိုင်းအခြားဟာ ငယ်စဉ်အရွယ်ကနေစလို့ ဆယ်ကျော်သက်အရွယ်အတွင်းမှာပါ။ အသက် ၂၀လောက်ရောက်လာတဲ့အခါ အရိုးဖွံ့ဖြိုးမှုကပြီးစီးသလောက်ကိုရှိသွားပါပြီ။ အရွယ်ရောက်ပြီးသူတွေမှာဖြစ်တဲ့ အရိုးဖွံ့ဖြိုးမှုဆိုတာက ကျိုးပဲ့ပျက်စီးသွားတဲ့နေရာမှာ အစားပြန်ဖြည့်တဲ့ အဆင့်သာဖြစ်ပြီး ဖွံ့ဖြိုးမှုနှုန်းကတော်တော်လေးနှေးပါတယ်။

အရိုးက ဒီလောက်အထိအရေးပါတာပါ

အရွယ်ရလာလေ အရိုးတွေရဲ့ ကြံ့ခိုင်သန်စွမ်းမှုကလည်း ကျဆင်းလာလေပါ။ ကလေးအရွယ်မှာက အရိုးတွေဖွံ့ဖြိုးနိုင်တဲ့ အခွင့်အရေးအများဆုံးကာလပါ။ ငယ်စဉ်ကတည်းက အရိုးကောင်းစွာဖွံ့ဖြိုးပါမှ အသက်အရွယ်ရလာတဲ့အခါ အရိုးပွတာ၊ အရိုးကျိုးလွယ်တာမျိုးအန္တရာယ်ကနေကာကွယ်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်ချစ်ရတဲ့ ရင်နှစ်သည်းချာတွေကို အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရိုးဆိုင်ရာပြဿနာတွေမခံစားရစေဖို့အတွက် ငယ်စဉ်ကတည်းသေချာလေးဂရုစိုက်ပေးပါနော်။

အရိုးတွေကျန်မာကြံ့ခိုင်မှာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ ကိုယ့်အားကိုယ်ကိုးပြီး အကောင်းဆုံးလှုပ်ရှားသွားလာနိုင်မှာပါ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး သူများအကူအညီမပါဘဲ လှုပ်ရှားရမှုက အဖိုးမဖြတ်နိုင်လောက်အောင်ကိုတန်ဖိုးရှိတာပါ။ စိတ်သွားတိုင်းကိုယ်ပါဖို့ဆိုတာ အရိုးတွေ သန်စွမ်းကြံ့ခိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

အရိုးကျန်းမာသန်စွမ်းစေဖို့ လုပ်ဆောင်ပေးရမယ့် နည်းလမ်းများ

အရိုးအတွက်အဓိကလိုအပ်တဲ့ ဒီအချက်လေး ၃ ခုကို ဂရုတစိုက်လုပ်ပေးရုံနဲ့ ကလေးကကျန်းမာသန်စွမ်းတဲ့အရိုးတွေနဲ့ တစ်ဘဝလုံးအရိုးပြဿနာကင်းနေတော့မှာပါ။

(၁) ကလေးကို ဒါတွေကျွေးပါ

ကလေးတွေကို အစားအစာတွေပြင်ဆင်ပေးတဲ့အခါ အရိုးသန်မာစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေသင့်တင့်မျှတစွာပါဝင်အောင်ပြင်ဆင်ပေးရပါမယ်။ ကလေးတွေအရိုးသန်မာကြံ့ခိုင်စေဖို့အတွက် မဖြစ်မနေလိုအပ်မယ့် ဓာတ်တွေကတော့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် K တို့ပါ။

  • ကယ်လ်ဆီယမ် – ကယ်လ်ဆီယမ်က အရိုးတွေကျန်းမာကြံ့ခိုင်ဖို့အတွက်မဖြစ်မနေလိုအပ်တဲ့ သတ္တုဓာတ်ပေါ့။ ဒီအရေးပါတဲ့ ကယ်လ်ဆီယမ်ဓာတ်ရချင်ရင်တော့ နို့ထွက်ပစ္စည်းတွေ၊ ပဲအမျိုးမျိုး၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေကနေရရှိနိုင်ပါတယ်။
  • မဂ္ဂနီဆီယမ် – အရိုးတွေ ကျန်းမာသန်စွမ်းစေဖို့ လိုအပ်တဲ့ ဒီဓာတ်လေးကိုတော့ အယ်လ်မွန်စေ့၊ ဟင်းနုနွယ်မြေပဲထောပတ်ထောပတ်သီး၊ ဘိုစားပဲ၊ ဂျုံကြမ်းပေါင်မုန့်တွေကနေရရှိနိုင်ပါတယ်။
  • ဗီတာမင် K – အရိုးတွေ ကျန်းမာသန်စွမ်းဖို့အတွက် လိုအပ်တဲ့ ဗီတာမင်တစ်မျိုးပါ။ ကိုက်လန်၊ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းလိုမျိုး အစိမ်းရောင်ရှိတဲ့အရွက်တွေ၊ ပဲတောင့်ရှည်တို့ကနေရရှိနီုင်ပါတယ်။

ကလေးအတွက် အစားအစာတွေပြင်ပေးတဲ့အခါ ဒီဓာတ်လေးတွေပါဝင်အောင်ဂရုစိုက်ပေးပါ။

(၂) ဗီတာမင် D ဖြည့်စွက်ပေးပါ

ခန္ဓာကိုယ်ကို ကယ်လ်ဆီယမ်တွေစုပ်ယူနိုင်အောင် ထောက်ပံ့ပေးရာမှာ အထောက်အကူပြုပေးပါတယ်။ နေရောင်ကနေ ရနိုင်တယ်ဆိုပေမယ့် လုံလောက်အောင်ရရှိဖို့ကတော့ ခက်ပါတယ်။ အစားအသောက်တွေမှာလည်း ပါခဲတာမို့ လုံလောက်အောင်ရရှိဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းကဖြည့်စွက်ပေးတာပါ။ ကလေးအရွယ်ကတည်းက ဗီတာမင် Dဖြည့်စွက်ပေးတာက အကောင်းဆုံးဖြစ်မှာပါ။ ကလေးဆရာဝန် ဒါမှမဟုတ် အာဟာရဗေဒပညာရှင်နဲ့တိုင်ပင်ပြီး ကလေးကို ဗီတာမင် Dဖြည့်စွက်ပေးပါ။

(၃) ကလေးကို ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ

လှုပ်ရှားပေးလေလေ အရိုးတွေနဲ့ ကြွက်သားတွေက သန်မာလာလေလေပါ။ အရိုးတွေကြံ့ခိုင်ဖို့ ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်ပေးရမှာပါ။ ကလေးကို အတင်းအကျပ် လုပ်ခိုင်းတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကလည်း သူနဲ့အတူ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာမျိုးပါ။ ကလေးက ငယ်သေးရင်လည်း သူ့အတွက်လှုပ်ရှားရအဆင်ပြေစေမယ့် အနေအထားလေးတွေလုပ်ဆောင်ပေးပြီး ကလေးကို လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပေးလိုက်ပါ။

  • ကလေးက လမ်းလျှောက်တတ်ပြီ – ကလေးကို နေ့တိုင်း ၃ နာရီလောက် လှုပ်လှုပ်ရှားရှားနေခိုင်းပေးပါ။ ကလေးကပြေးဆော့တာဖြစ်ဖြစ်၊ စက်ဘီးစီးတာဖြစ်ဖြစ်၊ တွယ်တက်ရတဲ့ ကစားနည်းဖြစ်ဖြစ် ကလေးအတွက် အန္တရာယ်မဖြစ်နိုင်တဲ့ လှုပ်လှုပ်ရှားရှား ကစားရတဲ့ ကစားနည်းမျိုးကို လွတ်လပ်စွာကစားခွင့်ပေးလိုက်ပါ။
  • ကလေးက ၅ နှစ်ကျော်ပြီ -နေ့တိုင်း ၁ နာရီလောက် ကိုယ်လက်လှုပ်ရှားမှုလုပ်အောင် တိုက်တွန်းပေးပါ။ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေမယ့် ကစားနည်းတွေကို စိတ်ကြိုက်ကစားခွင့်ပြုလိုက်ပါ။

ကဲ ရိုးစင်းတဲ့နည်းလမ်းလေးတွေသုံးလို့ ကလေးကို အရိုးတွေသန်မာအောင်ပြုစုပျိုးထောင်လိုက်ကြရအောင်လား။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

3 Ways to Build Strong Boneshttps://kidshealth.org/en/parents/strong-bones.html?WT.ac=ctg Accessed Date 7 February 2019

Boost your child’s bone healthhttps://www.nhs.uk/live-well/healthy-body/bone-health-in-children/ Accessed Date 7 February 2019

Now is the Time to Build Your Child’s Bone “Bank Account”https://www.eatright.org/health/wellness/preventing-illness/now-is-the-time-to-build-your-childs-bone-bank-account Accessed Date 7 February 2019

ယခုပုံစံ

21/09/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးသန်မထအောင် ဒီအချက်လေးတွေ ဂရုစိုက်ပေးပါ

ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement