backup og meta

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို နှေးစေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ............

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို အားကောင်းအောင်ဆိုပြီး အာဟာရတွေ ပြည့်စုံအောင် ကျွေးပေမယ့် ကလေးက ထွားသင့်သလောက် ထွားမလာဘူး။ ကလေးက အခြားကလေးတွေထက် ညှက်နေတယ်ဆိုရင် ဒါတွေ ကျွေးမိနေတာလားဆိုတာကို ဆန်းစစ်ကြည့်ပါ။ ဒီတစ်ခေါက်တော့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးကို ကြီးထွားမှု အဟန့်အတားဖြစ်စေနိုင်တဲ့ အစားအစာတွေအကြောင်း ပြောပြပေးချင်ပါတယ်။

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို ဟန့်တားနေတဲ့ အစားအစာတွေက ဘာတွေများလဲ…………

ကလေးကို အာဟာရပြည့်စေချင်တယ်။ ကြီးထွားဖွံ့ဖြိုးမှုနှုန်း အကောင်းဆုံးနဲ့ ကြီးထွားဖွံ့ဖြိုးစေဖို့ဆိုရင် ဒီ အစားအစာတွေကို မကျွေးမိစေဖို့ သတိထားစေချင်ပါတယ်။

ဒါကတော့ မိဘတိုင်းလိုလို သိထားပြီးဖြစ်မှာပါ။ ကြီးထွားဖွံ့ဖြိုးရမယ့် အရွယ်ကလေးကို အသင့်စား၊ အမြန်စား စားစရာတွေ ကျွေးတာက ကလေးကို အာဟာရ မဖြစ်စေနိုင်ဘူးဆိုတာပါ။ ကလေးတော်တော်များများက ဒီအစားအစာတွေကို နှစ်ခြိုက်သဘောကျပေမယ့် ဒီအစားအစာတွေက ကလေးတွေမှာ ဆီးချိုအဝလွန်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကိုဖြစ်စေနိုင်ပြီး ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

အကြောင်းကတော့ ဒီ Junk food တွေမှာ ကလေးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရပါဝင်မှု မရှိသလောက်နည်းနေတာကြောင့်ပါ။ ဒါ​ကြောင့်ကလေးက Junk food ကြိုက်တယ်ဆိုရင်တောင် နည်းနည်းပဲ ကျွေးပါ။

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို နှေးစေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ............

လေ့လာမှုတွေအရ ကလေးအများစု ကြိုက်ကြတဲ့ အချိုရည်တွေမှာပါတဲ့ phosphorous က အရိုးသိပ်သည်းဆကို ကျဆင်းစေနိုင်ပါတယ် အချိုရည်က ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရပါဝင်မှု မရှိဘဲ အချိုဓာတ် သီးသန့် ပါဝင်နေတဲ့ သောက်စရာတစ်မျိုးပါ။

အချိုရည်ကလည်း junk food လိုပဲ ကလေးကြီးထွားမှုကို အဟန့်အတား ဖြစ်စေနိုင်တာကြောင့် ဖြစ်နိုင်ရင် မတိုက်တာ အကောင်းဆုံးပါ။ ကလေးက မရမနေသောက်ချင်တယ်ဆိုရင်လည်း ပမာဏ ကန့်သတ်ဖို့ မမေ့ပါနဲ့။

ထမင်းက ​ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေတယ်ဆိုလို့ အံ့ဩမသွားပါနဲ့။ ကလေးအရွယ်မှာ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတာကြောင့် ကာဗိုဟိုက်ဒရိတ်ထက် ပရိုတင်းကို ပိုမို ဖြည့်တင်းပေးဖို့လိုပါမယ်။ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် လုံလောက်မျှတမှ ကလေးကို ထိုက်သင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့် ရရှိစေမှာပါ။

ဒါကြောင့် ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးကို ထမင်းပဲ အများကြီး မကျွေးဘဲ ထမင်းနဲ့ အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို မျှတအောင်ကျွေးပေးပါ။ ပရိုတင်း ပြည့်ဝလေလေ ကလေးက ထွားကျိုင်းလေလေပါ။

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကို နှေးစေနိုင်တဲ့ အစားအစာတွေက ဘာတွေဖြစ်မလဲ............

ပြောင်းဖူးက သူ့ဘာသာတော့ ကြီးထွားမှုကို မဟန့်တားပါဘူး။ ဒါပေမယ့် ပြောင်းဖူးကို သိမ်းဆည်း သိုလှောင်တဲ့နည်း မမှန်တဲ့အခါ aflatoxins လို့ခေါ်တဲ့ မှိုပိုးတစ်မျိုး ပေါက်ဖွားလာပါတယ်။ ဒီမှိုပိုးက ပြောင်းဖူးကို ပူနွေးစိုစွတ်တဲ့နေရာမှာ သိမ်းဆည်းမှုကနေ ပေါက်ဖွားတာပါ။ ဒီလိုပေါက်ဖွားမှုက ငယ်ရွယ်လွန်းတဲ့ ကလေးတွေမှာ ကြီးထွားမှုကို အဟန့်အတားဖြစ်စေပါတယ်။

ပြောင်းဖူးမှာတင်မဟုတ်ဘဲ အဆိုပါ မှိုပိုးက ငရုတ်သီး၊ မြေပဲ၊ သစ်ကြားသီးလို အရာတွေမှာလည်း ပေါက်ဖွားနိုင်ပါတယ်။

ပဲပိစပ်က ကလေးကို မကျွေးသင့်တာလားဆိုတော့ အစားစစားချိန်မှာနဲ့ ကြီးထွားဖို့ အရှိန်ယူနေချိန်မှာ မကျွေးသင့်ပါဘူး။ ပဲပိစပ်ကို ပြုပြင်ထုတ်လုပ်ထားတဲ့ ပဲနို့၊ ဒိန်ချဉ်၊ တို့ဖူး တို့မှာ phytic acid ပါဝင်နေတတ်ပြီး ဒီအက်ဆစ်က အရိုးတွေ သန်မာဖွံ့ဖြိုးစေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကို လျော့ကျစေပါတယ်။ ဒါတွေကို အများကြီး စားသုံးမယ်ဆိုရင် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ကလေးတွေကြိုက်တတ်တဲ့ ရေခဲမုန့်၊ ကွတ်ကီးတို့လိုမျိုး အချိုများတဲ့ အစားအစာတွေမှာ သကြားပါဝင်မှုမြင့်နေပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ကလေးကို ငယ်စဉ်မှာ အချို အများကြီး ကျွေးတာက ကြီးထွားဖွံ့ဖြိုးမှုကိုရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foods That Stunt Your Growth https://www.thedailymeal.com/foods-stunt-your-growth Accessed Date 12 June 2020

Best Foods to Increase Height in Children https://parenting.firstcry.com/articles/best-food-increase-height-children/ Accessed Date 12 June 2020

ယခုပုံစံ

11/07/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ.......

ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement