သီချင်းဆိုတာက ဘာသာစကား မတူရင်တောင် နားထောင်လို့ ရသလို သံစဉ်လေးနဲ့ အညီ လိုက်ညည်းလို့ ရပါတယ်။ သီချင်းဆိုခြင်း ကို လူကြီးတွေမှ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဘေဘီလေးတွေလည်း သီချင်းဆို ကြပါတယ်။
သီချင်းဆိုတာက ဘာသာစကား မတူရင်တောင် နားထောင်လို့ ရသလို သံစဉ်လေးနဲ့ အညီ လိုက်ညည်းလို့ ရပါတယ်။ သီချင်းဆိုခြင်း ကို လူကြီးတွေမှ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဘေဘီလေးတွေလည်း သီချင်းဆို ကြပါတယ်။

ဘေဘီလေး စကားစပြောတတ်ပြီး ၂ နှစ်လောက် ရလာတဲ့ ကလေးလေးတွေက သီချင်းတွေ စဆိုတတ်ကြပါတယ်။ ဒီလို သီချင်းလေးတွေ ဆိုတဲ့အခါ ကလေးကို ဟန့်တာမျိုး ဆူတာမျိုး မလုပ်ပါနဲ့။ ပေးဆိုလိုက်ပါ။ ဘေဘီလေးတွေကို စိတ်တိုင်းကျ သီချင်းဆိုပေးတာက ကောင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။
သီချင်း နဲ့ ဘေဘီလေးတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုက တော်တော်လေး နီးနီးကပ်ကပ် ဆက်စပ်နေတာပါ။ ဘေဘီလေးတွေကို စိတ်တိုင်းကျ သီချင်းပေးဆိုလိုက်တာက ဘေဘီလေးကို အခုလို ဖွံ့ဖြိုးမှုတွေ ရရှိစေနိုင်ပါတယ်။
ဒီလောက်တောင် ကောင်းကျိုး များနေမှတော့ ဘေဘီလေး သီချင်းဆိုနေရင် တားသင့်ရဲ့လား ကိုယ်တိုင်သာ စဉ်းစားလိုက်ပါ မေမေဖေဖေတို့ရေ…… ဘေဘီလေးက စာသားတွေကို မသိသေးလို့ သံစဉ် မှန်မှန် စားသား မှားမှား ညည်းနေရင်တောင် မတားမိဖို့ အကြံပြုပါရစေ။ လိုအပ်ရင် ကိုယ်တိုင် ပါဝင်သီဆိုပေးလိုက်ပါ။ ဒီလို သီဆိုတာက ဘေဘီလေးနဲ့ မေမေဖေဖေတို့ ကြားမှာ ပိုမိုရင်းနှီး အချစ်ပိုစေပါတယ်။