backup og meta

ဂျင်ဆင်း..... ဂျင်ဆင်းနဲ့ သတင်းကြီးလာရတဲ့ အကြောင်းအရင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂျင်ဆင်း..... ဂျင်ဆင်းနဲ့ သတင်းကြီးလာရတဲ့ အကြောင်းအရင်း

    သန်စွမ်းကျန်းမာမှုက လူတစ်ယောက်အတွက် အဖိုးမဖြတ်နိုင်တဲ့ အရာပေါ့။ နေကောင်းနေချိန်မှာ နေကောင်းကျန်းမာမှုရဲ့ တန်ဖိုးကို သတိမထားမိကြပေမယ့် နေထိုင်မကောင်းတဲ့အခါ နေမြန်မြန်ကောင်းချင်လိုက်တာဆိုတာက လူတိုင်းပြောမိနေကျစကားပါ။ ကျန်းမာစွာနေထိုင်ခြင်းအခန်းကဏ္ဍမှာ ဓာတ်စာတွေကလည်း အရေးကြီးတဲ့ နေရာတစ်ခုမှာပါဝင်နေပါတယ်။ဒီဆောင်းပါးလေးမှာတော့ ဂျင်ဆင်း….. ဂျင်ဆင်းနဲ့ သတင်းကြီးလာရတဲ့ အကြောင်းအရင်း က ဘာများ ဖြစ်မလဲ။ ဂျင်ဆင်းကို ဘာလို့ ခေတ်အဆက်ဆက် ယနေ့တိုင်အောင် ကျန်းမာခြင်းအတွက် အကောင်းဆုံးအကျိုးပြုနိုင်တဲ့ ဓာတ်စာတစ်ခုအဖြစ်ဘာလို့အသုံးပြုခဲ့ကြတာလဲဆိုတာ သေချာဖော်ပြထားပါတယ်။ ဖတ်ကြည့်ပေးပါနော်။

    သန်စွမ်းကျန်းမာမှုရဲ့ လျှို့ဝှက်ချက်

    သန်စွမ်းကျန်းမာစေဖို့ ရှေးယခင်ကာလတွေကတည်းက အာရှဒေသတစ်ခွင်မှာ မှီဝဲခဲ့တဲ့ သဘာဝ ဓာတ်စာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ တရုတ်ကားတွေကနေတဆင့် ရင်းနှီးခဲ့တဲ့ ဂျင်ဆင်းပေါ့။

    လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက တရုတ်နိုင်ငံ၊ အာရှဒေသက နိုင်ငံအတော်များများ နဲ့ မြောက်အမေရိကနိုင်ငံတွေမှာ ရောဂါတွေကို ကုသဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက် ဂျင်ဆင်းကို အသုံးပြုခဲ့ကြပါသတဲ့။ ဒီလိုနဲ့ အဆင့်ဆင့် လက်ဆင့်ကမ်းလာရင်းက ဂျင်ဆင်းဟာ အစဉ်အလာကြီးမားတဲ့ သဘာဝဓာတ်စာ တစ်ခု ဖြစ်လာခဲ့တာပေါ့။

    ဂျင်ဆင်းက သဘာဝ ဓာတ်စာ တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို သန်စွမ်းကျန်းမာစေသလို စိတ်ဖိစီးမှု ကင်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါသတဲ့။

    ဂျင်ဆင်း….. ဂျင်ဆင်းနဲ့ သတင်းကြီးလာရတဲ့ အကြောင်းအရင်း

    ဂျင်ဆင်းက အာရှနိုင်ငံတွေ တင်မကဘဲ ကမ္ဘာတစ်လွှားမှာ ကျန်းမာရေးဓာတ်စာ အဖြစ်  သတင်းကြီးနေပါတယ်။ ဂျင်ဆင်း….. ဂျင်ဆင်းနဲ့ သတင်းကြီးလာရတဲ့ အကြောင်းအရင်း ကတော့

    ကိုယ်ခံအားကောင်းစေတယ်

    ဂျင်ဆင်းက ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပြီး ကျန်းမာ တက်ကြွနေစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ရောဂါတွေ အန္တရာယ်ကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကိုလည်း ပိုမို ထိရောက်စေပါတယ်။

    နောက်ထပ် အာနိသင်တစ်ခုက ကင်ဆာလို နာတာရှည်ရောဂါ ခံစားနေရသူတွေမှာပါ ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးတာပါ။

    တုပ်ကွေး ကာကွယ်ပေးတယ်

    လေ့လာမှုတွေအရ ဂျင်ဆင်းက တုပ်ကွေးလိုမျိုး ကူးစက်ရောဂါတွေကို ကာကွယ်ပေးသလို အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အခုလိုကာလမှာ မဖြစ်မနေ စောင့်ရှောက်ဖို့လိုမယ့် အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ဂျင်ဆင်းနဲ့ အားဖြည့်လို့ ရပါတယ်။

    အဆုတ်ကို ကျန်းမာစေပြီး အသက်ရှူစနစ်ကို ကျန်းမာစေဖို့ အားဖြည့်ပေးသလို အအေးမိဖျားနာမှု ကင်းစေဖို့လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ကာကွယ်ဖို့ရော ကုသဖို့ပါ ဂျင်ဆင်းကို အားကိုးလို့ ရပါတယ်။

    တက်ကြွလန်းဆန်းစေတယ်

    နေ့ရက်တိုင်းမှာ တက်ကြွလန်းဆန်းနေချင်တယ်ဆိုရင်တော့ ဂျင်ဆင်းကို အားကိုးလိုက်ပါ။ အကြောင်းကတော့ ဂျင်ဆင်းက အားအင်ကုန်ခမ်းတာ၊ ခြေကုန်လက်ပမ်းကျတာတွေ မဖြစ်အောင် ကာကွယ်ပေးတယ်။ ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေတယ်။ စိန်ခေါ်မှုတွေကို အကောင်းဆုံး ဖြေရှင်းစေနိုင်တယ်။

    ခန္ဓာကိုယ်မှာ ပတ်ဝန်းကျင်ကနေ ထိတွေ့မိတဲ့ ဓာတ်တိုးပစ္စည်းတွေကို ကျဆင်းစေပြီး ဆဲလ်တွေထဲမှာ အင်အားပြည့်ဝစေတာကြောင့် တက်ကြွလန်းဆန်းနေစေမှာပါ။ တက်ကြွလန်းဆန်းမှုက ခန္ဓာကိုယ်ကို လှုပ်ရှားမှုတွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေတော့ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပြန်ရောပေါ့။

    အားကစားသမားတွေ သက်လုံကောင်းစေဖို့လည်း ဂျင်ဆင်းက ထောက်ပံ့ပေးနိုင်ပါတယ်။

    ဦးနှောက် ထက်မြက်စေတယ်

    ဂျင်ဆင်းက ခန္ဓာကိုယ်ကိုတင် အားဖြည့်ပေးတာမဟုတ်ပါဘူး။ ဦးနှောက်ရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့လည်း အားဖြည့်ပေးပါသေးတယ်။ မှတ်မိနိုင်စွမ်း ကောင်းစေသလို အပြုအမူပိုင်း နဲ့ စိတ်ခံစားမှုပိုင်းကိုလည်း ကောင်းစေပါတယ်။

    စိတ်ဖိစီးမှုတွေကို အကောင်းဆုံး တိုက်ထုတ်ပေးနိုင်ပြီး တီထွင်ဖန်တီးနိုင်စွမ်းတွေကို တိုးစေပါတယ်။ တစ်နေ့တာမှာ တွေ့ကြုံရမယ့် စိတ်ဖိစီးမှုတွေကို ကင်းစေပြီး စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ ကာကွယ်ပေးပါတယ်။

    ဂျင်ဆင်းက ဦးနှောက်ကို နေ့စဉ်ထိတွေ့နေရတဲ့ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးသလို အသက်အရွယ်ကြောင့် မှတ်ဉာဏ်စွမ်းရည်ကျဆင်းလာတာကိုပါ ကာကွယ်ပေးပါတယ်။ စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေဖို့ ထောက်ပံ့ပေးပါသတဲ့။

    ဆီးချိုရှိသူတွေကို ကျန်းမာစေတယ်။

    ဂျင်ဆင်းရဲ့ နောက်ထပ် အာနိသင်တစ်ရပ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာပါ။ ဂျင်ဆင်းကို ဆီးချို ရှိသူတွေရော ဆီးချို မရှိသူတွေပါ စားသုံးပေးလို့ရပါတယ်။

    ဂျင်ဆင်းက မုန့်ချိုအိတ်က ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး အင်ဆူလင် ထွက်ရှိမှုကို ကောင်းစေပါတယ်။ တစ်ရှူးတွေထဲကို ဂလူးကို့စ်ရောက်ရှိမှု ပမာဏ မြင့်စေပြီး စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    ဂျင်ဆင်းကို စွပ်ပြုတ်တွေထဲ ထည့်သောက်တာ၊ ရေနွေးကြမ်းထဲ ဂျင်ဆင်းလက်ဖက်ခြောက်ရယ်ဆိုပြီး ထည့်သောက်ကြပါတယ်။ ဒါတွေက ပြင်ဆင်ရခက်မယ်ထင်ရင် ဂျင်ဆင်းနဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ ပြည့်ဝစွာ ထည့်သွင်း ပြုလုပ်ထားတဲ့ ဂျင်ဆင်း အားဆေး၊ ဖြည့်စွက်စာ စတာတွေကို မှီဝဲပေးလို့ရပါတယ်။

    လုပ်ငန်းခွင် ဖိအားကို ရင်ဆိုင်နေရတဲ့ လူလတ်ပိုင်းကစလို့ ဘိုးဘိုးဘွားဘွားတို့အထိ အရွယ်အားလုံး ဂျင်ဆင်းကို စားသုံးပေးလို့ ရပါတယ်။

    ကျန်းမာသန်စွမ်းဖို့ရော သက်လုံကောင်းဖို့ရော စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ပါ အခုလိုတွေ အားဖြည့်ပေးနိုင်မှာတော့ ဂျင်ဆင်းက ကမ္ဘာတစ်လွှားမှာ နာမည်ကြီးလာတာ ထူးဆန်းစရာမရှိတော့ပါဘူး..။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 31/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement