ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 15, 2020 . 2 mins read
Share now

ကလေးတွေ တော်တော်များများ ဖေဖေထက်စာရင် မေမေနဲ့ ပိုရင်းနှီးကြတာအမှန်ပါပဲ။ ဒါကလည်း မေမေ အများစုက အိမ်မှာနေပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ကြပေမယ့် ဖေဖေတို့က တစ်နေ့ကုန် အလုပ်သွားပြီး ပြန်လာတဲ့ချိန်ခဏလေးတွင်းမှာပဲ ကလေးတွေကို အချိန်ပေးနိုင်ကြလို့ပါ။

ဒါကြောင့် မေမေတို့အနေနဲ့ ကိုယ့်ကလေးတွေကို အဖေနဲ့ ရင်းနှီးအောင် ဘေးကနေ အားပေးသင့်ပါတယ်။ ကလေးတာဝန်တွေလည်း  ဝေခွဲပေးနိုင်တဲ့အတွက် မေမေတို့ရဲ့ ကလေးထိန်းကျောင်းတဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့စေပါတယ်။

ကလေးကိစ္စဆို ဖေဖေ့ကိုပါ ပါဝင်ခိုင်းပါ။

ကလေးနဲ့ပတ်သက်တဲ့ ဝေယျာဝစ္စတွေကို ဖေဖေ့ကိုလည်း အတူပါဝင်လုပ်ခိုင်းပါ။ ကျောင်းစာကူလုပ်ပေးတာ၊ အဝတ်အစားဝတ်ပေးတာ၊ သွန်သင်ဆုံးမတာတွေ ကစလို့ ကလေးကိစ္စတွေမှာ ပါဝင်နေမှ ရင်းနှီးမှုပိုရှိလာမှာပါ။ အလုပ်အရမ်းရှုပ်နေတဲ့အချိန်တွေကလွဲလို့ မိသားစုကို အချိန်ပေးပြီး နွေးနွေးထွေးထွေး ချစ်ခင်စောင့်ရှောက်ပေးပါ။ ကလေးတွေက အမေကိုပဲ ကပ်နေတယ်ဆိုတာမျိုးလည်း မဖြစ်တော့ဘူးပေါ့။

ကလေးနဲ့ ထိတွေ့မှုရှိပါစေ။

ကလေးကို ပွေ့ချီဖို့၊ နမ်းရှုံ့ဖို့ ဝန်မလေးပါနဲ့။ အဖေဆိုတာ အမြဲအလုပ်များပြီး အပြင်မှာနေတယ်ဆိုတဲ့ ကလေးတွေရဲ့ အမြင်ကို ပြောင်းပေးဖို့ မေမေတို့ဘက်ကကြိုးစားပေးပါ။ အဖေပေါ် ယုံကြည်မှုနဲ့ ရင်းနှီးချစ်ခင်စိတ်တိုးလာအောင် မေမေတို့ဘက်က အားပေးပေးပါ။ မိဘတွေနဲ့ ချစ်ခင်ရင်းနှီးတဲ့ ကလေးတွေဟာ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု တိုးတက်စေပါတယ်။

အဖေဖြစ်သူကို လူကြမ်းမဖြစ်ပါစေနဲ့။

စကားနားမထောင်ရင် ဖေဖေနဲ့ တိုင်မှာနော်၊ ဆိုးရင် ဖေဖေရိုက်လိမ့်မယ်ဆိုတဲ့ ကလေးကို ခြိမ်းခြောက်တာတွေဟာ ခဏတစ်ဖြုတ်အနေနဲ့တော့ ကလေးကို ဆုံးမတဲ့နေရာမှာ လွယ်ကူပေမယ့် ရေရှည်မှာ ကလေးဟာ အဖေကို ဆူမယ့်၊ ကြိမ်းမယ်ဆိုတဲ့သူတစ်ယောက်အနေနဲ့ မြင်နေနိုင်ပါတယ်။ မေမေတို့အနေနဲ့လည်း စကားနားမထောင်တဲ့ကလေးကို အော်ငေါက်မယ့်အစား သေချာရှင်းပြပါ။ ဖေဖေနဲ့ အတူတိုင်ပင်ဆွေးနွေးပြီး ကလေးကို  ထိန်းကျောင်းပါ။

အတူတူ ကစားခိုင်းပါ။

ကလေးတွေနဲ့ ဖေဖေ အတူကစားလို့ရတဲ့ နည်းတွေအများကြီးပါ။ ကလေးတွေရော လူကြီးတွေရော ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်မယ့် ကစားနည်းလေးတွေကို ကစားခြင်းဖြင့် မိဘနဲ့ သားသမီးကြား ချစ်ခင်ရင်းနှီးမှု တိုးတက်စေနိုင်ပါတယ်။

လက်ဆောင်လေးတွေပေးပါ။

အပြင်ထွက်ပြီး အလုပ်လုပ်နေတဲ့ ဖေဖေဆီက ကလေးတွေဟာ လက်ဆောင်တွေ မျှော်လင့်တတ်ကြပါတယ်။ ကလေးတွေကို အမြဲမဟုတ်ရင်တောင် တစ်ခါတစ်လေ လက်ဆောင်လေးတွေ ဝယ်ပေးဖို့ မမေ့ပါနဲ့။ သူတို့ကြိုက်တတ်တဲ့မုန့်တွေဝယ်လာတာ ဒါမှမဟုတ် လိုချင်တယ်လို့ပြောဖူးတဲ့ အရုပ်လေးတွေပဲဖြစ်ဖြစ်ပေါ့။ လက်ဆောင်ပေးတာ ရတဲ့သူရော၊ ပေးရတဲ့သူရော ပျော်တယ်မဟုတ်လား။ မေမေတို့အနေနဲ့လည်း ဖေဖေတို့မေ့နေရင်တောင် သတိပေးပေ့ါ။

သီချင်းဆိုကြမယ်

မိသားစုတစ်ခုလုံး ပျော်ပျော်ပါးပါး ပါဝင်လို့ရတာ သီချင်းဆိုတာပါ။ လူကြီးတွေလည်း စိတ်လက်ပေ့ါပါးပျော်ရွှင်ရသလို သီချင်းသံဟာ ကလေးတွေရဲ့ အနုပညာဉာဏ်နဲ့ တီထွင်ဖန်တီးလိုစိတ်ကို ရင့်သန်စေပါတယ်။

ဖေဖေနဲ့ အတူအပြင်ထွက် အချိန်ဖြုန်းခိုင်းပါ။

မေမေနဲ့ ဖေဖေမှာဆို အများအားဖြင့် မေမေတွေက စိတ်ပူလွန်တတ်ကြတယ်။ ကလေးတွေကို တစ်ခါတစ်လေ ဖေဖေနဲ့ပဲ အပြင်ထွက်စေခြင်းအားဖြင့် မေမေရဲ့ စိတ်ပူနေတဲ့ စကားသံတွေမပါတာကြောင့် သားအဖေချင်း လွတ်လပ်ရင်းနှီးမှုကိုပိုစေပါတယ်။

ကျန်းမာဖွံ့ဖြိုးတဲ့ သားသားမီးမီးတွေနဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ဖေဖေနဲ့ မေမေတို့ ပိုင်ဆိုင်နိုင်ပါစေနော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ စည်သွပ်ဘူးပိတ်အစားအစာတွေကို ပြန်စားနေမိပြီလား

Covid-19 Mask ကိုဗစ် ကပ်ဘေး စည်သွပ်ဘူး တာရှည်ခံ စျေးဝယ် အလုပ်ခွင် မိသားစု စားစရာ အသားငါး ဟင်းသီးဟင်းရွက် အာဟာရ ပဲ ပင်လယ်စာ အချိုမှုန့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 စက်တင်ဘာ 30, 2020 . 2 mins read

ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့…

ကြောင် ကြောင်မွေး တိရစ္ဆာန် အိမ် မိသားစု စွန့်ပစ် ခွေး ကုတ်ခြစ် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ကပ်ပါးပိုး ဆေးခန်း ရေချိုးသန့်စင် အရေပြား ကျန်းမာရေး နွေးထွေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ပထမဆုံးအကြိမ် ခွေးမွေးတော့မယ်ဆိုရင် ဒါတွေကို သိထားပေးပါ

ခွေး အိမ်မွေးခွေး ခွေးရူးပြန် ကာကွယ်ဆေး မိသားစု သံယောဇဉ် ခွေးပေါက်စ ခွေးအမျိုးအစား လမ်းလျှောက် ဆော့ကစား အထီးကျန် အရုပ် တိမွေးကု ဆေးခန်း အချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ရေညှိ ထမင်းလိပ်တယ်။ ဘေဘီးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်း မေမေ သားသားဆိုပြီး ပါးစပ်ဟတယ်။ ဘေဘီလေးကို ရေညှိကျွေးရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့်

ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read

ကိုဗစ်ကာလ စိတ်ကျန်းမာရေးအတွက် ဆိုရှယ်မီဒီယာကို လျှော့သုံးကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read