backup og meta

ဘေဘီလေးတွေ သီချင်းဆိုခြင်း ကနေ ဘာတွေရရှိမလဲ......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ သီချင်းဆိုခြင်း ကနေ ဘာတွေရရှိမလဲ......

    သီချင်းဆိုတာက ဘာသာစကား မတူရင်တောင် နားထောင်လို့ ရသလို သံစဉ်လေးနဲ့ အညီ လိုက်ညည်းလို့ ရပါတယ်။ သီချင်းဆိုခြင်း ကို လူကြီးတွေမှ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဘေဘီလေးတွေလည်း သီချင်းဆို ကြပါတယ်။

    ဘေဘီလေး စကားစပြောတတ်ပြီး ၂ နှစ်လောက် ရလာတဲ့ ကလေးလေးတွေက သီချင်းတွေ စဆိုတတ်ကြပါတယ်။ ဒီလို သီချင်းလေးတွေ ဆိုတဲ့အခါ ကလေးကို ဟန့်တာမျိုး ဆူတာမျိုး မလုပ်ပါနဲ့။ ပေးဆိုလိုက်ပါ။ ဘေဘီလေးတွေကို စိတ်တိုင်းကျ သီချင်းဆိုပေးတာက ကောင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။

    ဘေဘီလေးတွေ သီချင်းဆိုခြင်း ကနေ ဘာတွေရရှိမလဲ……

    သီချင်း နဲ့ ဘေဘီလေးတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုက တော်တော်လေး နီးနီးကပ်ကပ် ဆက်စပ်နေတာပါ။ ဘေဘီလေးတွေကို စိတ်တိုင်းကျ သီချင်းပေးဆိုလိုက်တာက ဘေဘီလေးကို အခုလို ဖွံ့ဖြိုးမှုတွေ ရရှိစေနိုင်ပါတယ်။

  • သီချင်းဆိုတာက ဘေဘီလေးရဲ့ ဦးနှောက်ကို တစ်ချိန်တည်းမှာ လုပ်ငန်းဆောင်တာ တစ်ခုမက လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ မှတ်ဉာဏ် ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ သီချင်းဆိုတဲ့အခါ သံစဉ် နဲ့ စာသားတွေကို မှတ်သားထားရတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ကောင်းစေပါတယ်။ တစ်ချိန်တည်းမှာ စာသားလည်း မှတ်ရင်း ဆိုလည်း ဆိုရင်း လုပ်ရတာကြောင့် တစ်ချိန်တည်းမှာ အလုပ် နှစ်ခု တပြိုင်နက်တည်း လုပ်ဆောင်နိုင်စေတယ်။
  • သီချင်းဆိုတာက ကလေးကို ကောင်းကောင်း အိပ်ပျော်စေနိုင်သလို ဦးနှောက်ဆီကိုလည်း အောက်ဆီဂျင် ပိုမို ရောက်ရှိစေနိုင်ပါတယ်။
  • သီးချင်းဆိုတာက ကလေးကို ဆန့်ကျင်ဘက် ဖြစ်တဲ့အရာတွေကို သင်ယူသိရှိစေတယ်။ ဥပမာ မြန်တာ၊ နှေးတာ၊ ကျယ်တာ၊ တိုးတာတွေကိုပါ။ ဘေဘီလေးကို မတူကွဲပြားတဲ့အရာတွေကို သင်ယူစေနိုင်တယ်။
  • သီချင်းဆိုတာက ကလေးရဲ့ ဦးနှောက်ဆီကို endorphins စီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ ဒီလို စီးဆင်းမှုက ခန္ဓာကိုယ်မှာ ခံစားမှု ကောင်းစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို တိုးတက်စေနိုင်ပါတယ်။
  • ဘေဘီလေးကို အာရုံစူးစိုက်မှု ကောင်းစေတယ်။
  • ဘေဘီလေးရဲ့ စိတ်ကူးနိုင်စွမ်း နဲ့ ဖန်တီးနိုင်စွမ်းကို တိုးတက်စေနိုင်တယ်။
  • ဘာသာစကားစွမ်းရည် ကောင်းမွန်စေတယ်။ သီချင်းဆိုတာက ကိုယ်ပိုင် ဘာသာစကားကိုတင် မဟုတ်ဘဲ အခြားသော ဘာသာစကားတွေကိုပါ သင်ယူလေ့လာခွင့် ရရှိမှာ ဖြစ်ပါတယ်။
  • သီချင်းဆိုတာက ကလေးရဲ့ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်ကို ကောင်းမွန်စေနိုင်ပါတယ်။
  • ဘေဘီလေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်တယ်။
  • ဘေဘီလေးရဲ့ ပါးစပ် နဲ့ လျှာ ကြွက်သားတွေကို သန်မာစေနိုင်တယ်။
  • နားထောင်မှု စွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။
  • ဘေဘီလေးကို ခံစားချက်တွေ ဖော်ပြတတ်ဖို့လည်း သီချင်းတွေက သင်ကြားပေးနိုင်ပါတယ်။
  • စကားစုတွေကို မှတ်သားတတ်စေဖို့နဲ့ စာလုံးတွေကို မှတ်သားတတ်စေဖို့လည်း သီချင်းဆိုတဲ့ အလေ့အထကနေ ရရှိစေနိုင်ပါတယ်။
  • စိတ်ပျော်ရွှင်စေဖို့လည်း သီချင်းဆိုခြင်းက အများကြီး ထောက်ကူပေးနိုင်ပါတယ်။
  • ဒီလောက်တောင် ကောင်းကျိုး များနေမှတော့ ဘေဘီလေး သီချင်းဆိုနေရင် တားသင့်ရဲ့လား ကိုယ်တိုင်သာ စဉ်းစားလိုက်ပါ မေမေဖေဖေတို့ရေ…… ဘေဘီလေးက စာသားတွေကို မသိသေးလို့ သံစဉ် မှန်မှန် စားသား မှားမှား ညည်းနေရင်တောင် မတားမိဖို့ အကြံပြုပါရစေ။ လိုအပ်ရင် ကိုယ်တိုင် ပါဝင်သီဆိုပေးလိုက်ပါ။ ဒီလို သီဆိုတာက ဘေဘီလေးနဲ့ မေမေဖေဖေတို့ ကြားမှာ ပိုမိုရင်းနှီး အချစ်ပိုစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement