backup og meta

ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား.................

ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့အတွက် အာဟာရဓာတ်ပြည့်ဝနေဖို့က အရေးကြီးတယ်ဆိုတာ မေမေတို့သိပြီးသားဖြစ်မှာပါ။ အာဟာရဓာတ်နဲ့ပတ်သက်လို့ မေမေတို့ ကြားဖူးနေကြတဲ့ အကြောင်းအရာတွေလည်းအများကြီးရှိလိမ့်မယ်ထင်ပါတယ်။ ဒီအထဲမှာမှ မေမေတို့ ဝိဝါဒ ကွဲပြားလေ့ရှိတဲ့ ဖော်မြူလာနို့မှုန့် နဲ့ပတ်သက်ပြီး အထင်မှားနေတဲ့ အချက်လေးတွေရှိနေပါတယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား…………….. ဆိုတာကို ဒီဆောင်းပါးမှာ ပြောပြသွားမယ်နော်။

ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်လို့ မေမေတို့ သိထားတာ မှန်ရဲ့လား…………

ကလေးကို မိခင်နို့တိုက်ကျွေးတာက အကောင်းဆုံးဆိုပေမယ့် နို့မထွက်တဲ့အခါမျိုး၊ မိခင်က ရောဂါတစ်ခုခုခံစားနေရတဲ့အခါမျိုးမှာ ကလေးကို လုံလောက်တဲ့ အာဟာရ ရရှိစေဖို့ ဖော်မြူလာနို့မှုန့်တွေကို အားကိုးရပါတယ်။ ဒီအခြေအနေမှာ မေမေတိုင်း တွေးမိနိုင်တာက ကလေးကို နို့မှုန့်တိုက်လို့ ဖြစ်ပါ့မလား…. နို့မှုန့်တိုက်ရင် ကလေးကိုများ ထိခိုက်မလားဆိုတဲ့ အတွေးတွေပါ။ ဒီအတွေးတွေက မှန်ရော မှန်ရဲ့လားဆိုတာကို ဆန်းစစ်ကြည့်ဖူးပါသလား။

ကလေးကို ဖော်မြူလာနို့မှုန့်တိုက်ဖို့ စိုးရိမ်နေတဲ့ မေမေတို့အနေနဲ့ သံသယကင်းကင်းနဲ့ ကလေးကို ဖော်မြူလာနို့မှုန့်တိုက်နိုင်ကြဖို့ ဒီအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါနော်။

(၁) ဖော်မြူလာနို့မှုန့် တိုက်တာက ကလေးနဲ့ မိခင်ကြားမှာ အချစ်လျော့စေတယ်

နို့တိုက်တဲ့အခါ မေမေနဲ့ ကလေး အသားချင်းထိတိုက်လို့ သံယောဇဉ်တိုးတယ်။ ကလေးက ကိုယ့်ကို ခင်တွယ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် နို့မှုန့်တိုက်လို့ အချစ်လျော့သွားမယ်ဆိုတာကတော့ မဟုတ်ပါဘူး။ မေမေရဲ့ ဂရုစိုက်မှု ထွေးပွေ့ကြင်နာမှုတွေနဲ့ပဲ ဆိုင်ပါတယ်။ နို့ဘူးကိုလည်း ကလေးကို ပွေ့ပိုက်ပြီး၊ ချော့မြူပြီး တိုက်မယ်ဆိုရင် ကလေးနဲ့ မေမေကြားက အချစ်တွေ တိုးလာမှာပါ။

(၂) ဖော်မြူလာနို့မှုန့်က ကလေးကို အဝလွန်စေတယ်

ကလေးတွေ အဝလွန်တာက နို့မှုန့်ကြောင့် မဟုတ်ပါဘူး။ ပမာဏ မှန်မှန်မတိုက်ဘဲ အလွန်အကျွံ တိုက်ကျွေးတာ၊ အဆီများတဲ့ အစားအစာတွေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အချိုကဲ အစားအစာတွေ ကျွေးမိတာကြောင့် အဝလွန်ရတာပါ။ နို့မှုန့်ကို အချိုးအဆမှန်မှန်နဲ့ ဖျော်စပ်ပြီး တိုက်ကျွေးမယ်ဆိုရင် အဝမလွန်ပါဘူး။

(၃) ဖော်မြူလာနို့မှုန့် သောက်တဲ့ ကလေးတွေက ကျန်းမာသန်စွမ်းမှု အားနည်းတယ်

ကလေးတစ်ယောက် ကျန်းမာဖို့ အဓိကကျတာက အာဟာရ ပြည့်ဝလုံလောက်မှုပါ။ မွေးစကနေ ၃ နှစ်တာအတွင်းမှာ ကလေးကို လုံလောက်ပြည့်ဝတဲ့ အာဟာရသာ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ကလေးက ကျန်းမာသန်စွမ်းမှာ အသေအချာပါ။

(၄) ဖော်မြူလာနို့မှုန့် သောက်တဲ့ ကလေးတွေက ဉာဏ်မကောင်းဘူး

ကလေးတစ်ယောက် ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေဖို့ဆိုရင် မှတ်ဉာဏ် စတင်တည်ဆောက်တဲ့အရွယ် ဦးနှောက်ဖွံ့ဖြိုးတဲ့အရွယ်ဖြစ်တဲ့ ပထမ ရက်တစ်ထောင် ကာလအတွင်းမှာ ဦးနှောက်နဲ့ဉာဏ်ရည် ဖွံဖြိုးမှုကို အကောင်းဆုံး အားဖြည့်ပေးတဲ့ DHA ပြည့်ဝလုံလောက်အောင် ကျွေးမွေးပေးရုံပါ။ DHA ကြွယ်ဝတဲ့ နို့မှုန့်ကို ရွေးချယ်တိုက်ကျွေးမှုက ကလေးကို ဉာဏ်ကောင်းစေမှာ အသေအချာပါ။

(၅) ဖော်မြူလာနို့မှုန့်က မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုမဟုတ်ဘူး

နို့မှုန့်က လုံးဝမလိုအပ်တဲ့အရာ မဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့သလို မိခင်က နို့လုံလောက်အောင် မရတဲ့အခါမျိုး၊ ကူးစက်နိုင်တဲ့ ရောဂါအခြေအနေတစ်ခုခုကြောင့် နို့တိုက်ဖို့ အခက်အခဲဖြစ်နေတဲ့အခါမျိုးမှာ ကလေးကို လုံလောက်ပြည့်ဝတဲ့ အာဟာရ ရရှိစေဖို့ဆိုရင် ဖော်မြူလာနို့မှုန့်ကို တိုက်ကျွေးဖို့ လိုပါမယ်။

ဒီလို တိုက်ကျွေးတဲ့အခါမှာ လုံလောက်ပြည့်ဝတဲ့ အာဟာရ ပါဝင်မယ်ဆိုရင် မှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ဘူးလို့ မဆိုသာပါဘူး။ အာဟာရ ပြည့်ဝတယ်ဆိုတဲ့နေရာမှာ ကလေးတစ်ယောက်ကို အကောင်းဆုံး ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေဖြစ်ကြတဲ့

• ကလေးကို အမြင်အာရုံကောင်းစေဖို့အားဖြည့်ပေးတဲ့ ဗီတာမင် A

• ဖျားနာမှုကင်းစေမယ့် ဗီတာမင် C

• အရေပြားပြဿနာ ကင်းစေနိုင်တဲ့ ဗီတာမင် E

• ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးတွေကို အရိုးနဲ့သွားတွေ သန်မာကြံ့ခိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးမယ့် ဗီတာမင် D

• အရိုးနဲ့ ကြွက်သားတွေ သန်မာစေပြီး ကိုယ်ခံအား ကောင်းစေလို့ အကောင်းဆုံး ကြီးပြင်းလာစေမယ့် ပရိုတင်း

• အရိုးနဲ့ သွားတွေ ခိုင်မာစေဖို့၊ ကျန်းမာပျော်ရွှင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးမယ့် သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ကယ်လ်ဆီယမ်

• အာရုံစူးစိုက်မှုကို ကောင်းစေပြီး သွေးအားနည်း ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ သံဓာတ်

• ဦးနှောက် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပြီး ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမယ့် DHA

• ကလေးကို အစာခြေစနစ်ပြဿနာတွေ ကင်းပြီး အူနံရံတွေက အာဟာရဓာတ်တွေကို စုပ်ယူမှုအားကောင်းစေဖို့ ထောက်ပံ့ပေးတဲ့ lcFos (အကျိုးပြု ဘက်တီးရီးယားအာဟာရ) (Prebiotics) တို့ပါဝင်နေတဲ့ ဖော်မြူလာနို့မှုန့်ကို တိုက်ကျွေးလို့ရပါတယ်။

ကဲ…သိထားတာတွေထဲက လွဲနေတာတွေရှိရင် ပြင်လိုက်တော့နော် မေမေတို့ရေ………

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Myths About Baby Formula and ‘Formula Babies’ Parents Should Ignore https://www.fatherly.com/parenting/parents-myths-baby-formula-science/ Accessed Date 23 April 2020

15 Myths About Formula-Feeding (And 5 Doctors Actually Believe Are True) https://www.babygaga.com/15-myths-about-formula-feeding-and-5-doctors-actually-believe-are-true/ Accessed Date 23 April 2020

Myths you probably believe about infant formula https://www.psychologytoday.com/us/blog/moral-landscapes/201108/myths-you-probably-believe-about-infant-formula Accessed Date 23 April 2020

ယခုပုံစံ

13/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးကို EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းအောင် ဘယ်လိုပျိုးထောင်မလဲ

ဖေဖေမေမေတို့ သိထားဖို့လိုမယ့် ကလေးရဲ့ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) အကြောင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/02/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement