ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်ချက်တစ်ခု (သို့မဟုတ်) DHA
ကျန်းမာ ပျော်ရွှင်နေစေဖို့ လိုအပ်တဲ့ အာဟာရတွေကတော့ အများကြီးပေါ့။ ဒီအထဲမှာမှ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C တို့ကို လူသိများပေမယ့် DHA ဆိုတာကိုတော့ အခုနောက်ပိုင်း ဖြည့်စွက်အာဟာရတွေကို နားထောင်ရင်းနဲ့မှ သတိထားမိလာကြတာပါ။
DHA ဆိုတာ ဘာလဲ……….
DHA ကို Docosahexaenoic acid လို့ ခေါ်ကြပြီး omega-3 fatty acid တစ်မျိုးပါ။ omega-3 fat ကDHA အပြင် omega-3 fat eicosapentaenoic acid (EPA) ဆိုတာလည်းရှိပါတယ်။ အဆီများတဲ့ငါးတွေအထူးသဖြင့် ဆယ်လ်မွန် နဲ့ တူနာတို့မှာ အတွေ့ရများပါတယ်။
ခန္ဓာကိုယ်က DHA ပမာဏ နည်းနည်းလောက်ပဲ ထုတ်နိုင်တာပါ။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ DHA ပမာဏကို ပြည့်ဝစွာ ရရှိဖို့ဆိုရင် အစားအသောက် ကနေတဆင့် ဒါမှမဟုတ် ဖြည့်စွက်အာဟာရတွေကို အားကိုးရပါမယ်။ DHA နဲ့ EPA တို့ကို ပြည့်ဝလုံလောက်စွာ ရရှိမှ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး နှလုံးရောဂါ လိုမျိုး နာတာရှည်ရောဂါတွေကို သက်သာစေနိုင်မှာပါ။ DHA က ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပြီး မျက်လုံးကို ကျန်းမာစေနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။