ခေါင်းစဉ်ကို ကြည့်ပြီး ဗီတာမင်ဆို ဗီတာမင် A၊ C၊ E တို့လိုမျိုးပဲ ကြားမိပါတယ်။ ဗီတာမင် Sea ရယ်လို့ မကြားမိပါဘူးဆိုပြီး ထူးဆန်းနေပြီလား။ ဒါဆိုရင်တော့ ဗီတာမင် Sea ဆိုတာက ဘာလဲဆိုတာကနေစလို့ ပြောပြမယ်နော်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
ခေါင်းစဉ်ကို ကြည့်ပြီး ဗီတာမင်ဆို ဗီတာမင် A၊ C၊ E တို့လိုမျိုးပဲ ကြားမိပါတယ်။ ဗီတာမင် Sea ရယ်လို့ မကြားမိပါဘူးဆိုပြီး ထူးဆန်းနေပြီလား။ ဒါဆိုရင်တော့ ဗီတာမင် Sea ဆိုတာက ဘာလဲဆိုတာကနေစလို့ ပြောပြမယ်နော်။
ဗီတာမင် Sea ဆိုတာက ပင်လယ်ပြင်ကြီးကြောင့် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို တင်စားထားတာပါ။ ပင်လယ်ရေထံ ဆော့ရင်း၊ ရေကူးရင်းကနေ ရရှိမယ့် ကျန်းမာရေးကောင်းကျိုးတွေကို ဆိုလိုတာပါ။
ပင်လယ်ရေဆိုရင် ငန်နေတာပဲ။ အသားတွေလည်း မဲစေတယ်လို့ပဲ အများက မှတ်ယူထားကြတာပါ။ တကယ်ကတော့ ပင်လယ်ရေက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကုသပေးနိုင်စွမ်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဘယ်လို ကုသပေးနိုင်စွမ်းတွေများ ပိုင်ဆိုင်ထားလဲဆိုတာကို သိနိုင်ဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
ပင်လယ်ရေမှာ ဘာတွေပါလဲဆိုတော့ ပင်လယ်ရေ တစ်လီတာစာမှာ
ပျော်ပျော်ရွှင်ရွှင် စိတ်အပန်းဖြေဖို့ဆိုပြီး သွားကြတဲ့ ကမ်းခြေက ပင်လယ်ရေတွေက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ထောက်ပံ့ပေးနိုင်ပါတယ်။
ပင်လယ်ဆားငန်ရေက အရေပြားတွေကို အသစ်ဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ပင်လယ်ရေ စိမ်တာက အနာတွေကို သက်သာစေနိုင်သလို အကြောပြတ်ရာတွေ၊ ဝက်ခြံ၊ ဆိုရီရေးစစ် စတာတွေကို သက်သာစေနိုင်ပါတယ်။
ပင်လယ်ရေထဲမှာ ရေကူးရင် ဖြစ်ဖြစ်၊ ပင်လယ်ရေနဲ့ ရေချိုးရင် ဖြစ်ဖြစ် သွေးနီဥဆဲလ်တွေကို ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးစေနိုင်သလို သွေးဖြူဥဆဲလ် အရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။
ပင်လယ်ရေက ကိုယ်ခံအား နည်းသူတွေအတွက် အကောင်းမွန်ဆုံး သဘာဝ လက်ဆောင်တစ်မျိုးပါ။ သွေးအားနည်းတာကို သက်သာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
လေးဖက်နာသမားတွေအနေနဲ့ ပင်လယ်ရေစိမ်တာက ကိုက်ခဲနာကျင်မှုတွေကို သိသိသာသာ သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ပင်လယ်ရေက အရိုးတွေ နာကျင်မှုကို သက်သာစေနိုင်သလို အဆစ်ရောင်တာ၊ ကြွက်သားနာကျင်တာတွေကိုလည်း လျော့ပါးစေပါတယ်။
သွေးလည်ပတ်မှု ကောင်းစေပြီး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ ခွဲစိတ်ထားတဲ့ အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ပင်လယ်ရေမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ စိတ်ဖိစီးနေရင် ပင်လယ်လေကို ရှူပြီး ပင်လယ်ရေ စိမ်လိုက်တာက စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေကို ပြေလျော့စေနိုင်မှာပါ။
ပင်လယ်ရေမှာ ဆိုဒီယမ် နဲ့ အိုင်အိုဒင်းတို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရေပြားပေါ်က ပိုးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ပန်းနာရင်ကျပ် ခံစားနေရသူတွေ၊ ပြင်းပြင်းထန်ထန် ချောင်းဆိုးနေသူတွေ၊ ချွဲကျပ်နေသူတွေအနေနဲ့ ပင်လယ်ရေစိမ်ပြီး ပင်လယ်လေရှူပေးတာက ကျန်းမာစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။
အသက်ရှူလမ်းကြောင်းရောဂါ တစ်ခုခု ခံစားနေရမယ်ဆိုရင် သက်သာစေဖို့ ပင်လယ်ရေ နဲ့ ပင်လယ်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေတွေက အကောင်းဆုံး ကုသပေးနိုင်မှာပါ။ ပင်လယ်လေနဲ့ ပင်လယ်ရေက အဆုတ်ထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ရေကူးရင်း ပါးစပ်ထဲကိူ ပင်လယ်ရေ အနည်းငယ် ဝင်သွားတဲ့အခါ မစိုးရိမ်ပါနဲ့။ ပင်လယ်ရေက အများကြီး သောက်မိရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တယ်ဆိုပေမယ့် နည်းနည်းလောက် သောက်မိတာက အူမကြီးကို သန့်စင်ပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
အပေါ်မှာ ပြောခဲ့သလို ပင်လယ်ရေက ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေတဲ့ အတိုင်း အသည်းဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေသလို ကျောက်ကပ် မကောင်းတာ၊ အသည်းမကောင်းတာတွေကြောင့် ခန္ဓာကိုယ်တွင်းမှာ ရေတွေစုပြီး ဖောရောင်နေတာကိုလည်း သက်သာစေနိုင်ပါတယ်။
ပင်လယ်ရေက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ နောက်တစ်ချက်က ကောင်းကောင်း အိပ်ပျော်စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေတာပါ။
ကဲ…… ပင်လယ်ပြင်ကြီးကအခုလို ကောင်းကျိုးတွေ အများကြီး ပေးလို့ ဗီတာမင် Seaလို့ ခေါ်ဝေါ်တာပါ။ ပင်လယ်ရေက ကျန်းမာရေးအတွက် အခုလို ကောင်းကျိုးတွေ ပေးပါတယ်နော်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။