ဖရဲသီး လို့ပြောလိုက်ရင် အခွံစိမ်းစိမ်း အတွင်းသား နီနီရဲရဲလေးပဲ ပြေးမြင်မယ် ထင်ပါတယ်။ ဒီတစ်ခါတော့ နီနီရဲရဲ ဖရဲသီးထက် ပိုနုပြီး အဝါရောင်သန်းနေတဲ့ ဖရဲသီး အဝါလေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုပေးသလဲဆိုတာ ပြောပြပေးပါရစေ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဖရဲသီး လို့ပြောလိုက်ရင် အခွံစိမ်းစိမ်း အတွင်းသား နီနီရဲရဲလေးပဲ ပြေးမြင်မယ် ထင်ပါတယ်။ ဒီတစ်ခါတော့ နီနီရဲရဲ ဖရဲသီးထက် ပိုနုပြီး အဝါရောင်သန်းနေတဲ့ ဖရဲသီး အဝါလေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုပေးသလဲဆိုတာ ပြောပြပေးပါရစေ။
အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်တဲ့ ဖရဲသီး အဝါသီးမှာ
ရေဓာတ် ၉၂ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေပြီး နုနုချိုချို ဖရဲသီး အဝါလေးက
ဖရဲသီး အဝါရောင်မှာ citrulline က ကိုယ်တွင်းက သွေးတွေကို ပျစ်တာ။ ခဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ် အနှံ့က သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။
ဖရဲသီး အဝါမှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အအေးမိတဲ့ လူနာတွေအနေနဲ့တော့ ဖျားနာနေချိန်မှာ မစားသင့်ပါဘူး။
အဝါရောင် ဖရဲသီးက ဆီးရွှင်စေပြီး ကျောက်ကပ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးကနေတဆင့် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို တိုးတက်စေနိုင် ပါတယ်။
သွေးတိုးသမားများအတွက် သင့်တော်တဲ့ စားစရာ တစ်ခုပါ။ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်ကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ အဝါရောင် ဖရဲသီးကို ပုံမှန် စားသုံးသူတွေက သွေးတိုး ကင်းကြပြီး သွေးပေါင်ချိန်ကို အကောင်းဆုံ အနေအထားမှာ ထိန်းညှိထားနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။
ဖရဲသီး အဝါရောင်မှာ အမြင်အာရုံအတွက် လိုအပ်တဲ့ အာဟာရ တစ်မျိုး ဖြစ်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ ဗီတာမင် A အမြင်အာရုံကို ကျန်းမာစေပြီး မျက်စိပြဿနာ ကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။
ယနေ့ခေတ်မှာ ညစ်ညမ်းလာတဲ့ မြေထု၊ ရေထု၊ လေထုတွေကြောင့် အရေပြားက စလို့ ကျန်းမာရေး အဆုံး အရာရာဟာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နေရပါတယ်။ ဒီပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ဖရဲသီးအဝါကို စားပေးသင့်ပါတယ်။
ဖရဲသီး အဝါမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ပါးစပ်ထဲက အနာတွေကို သက်သာစေပြီး ပါးစပ်ထဲမှာ အနာတွေ ခဏခဏ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခံတွင်းနဲ့ သွားပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူ ပေးပါသေးတယ်။
ဖရဲသီး အဝါမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့လိုမျိုး အရိုးကို သန်မာစေနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အရိုး သိပ်သည်းဆ ကောင်းမွန်စေပြီး အရိုးတွေ သန်မာစေဖို့နဲ့ အရိုးပွ ရောဂါကို ကာကွယ်ဖို့ ဖရဲသီး အဝါကို စားပေးလို့ ရပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။