backup og meta

ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက်

ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက်

ဘေဘီလေးတွေရဲ့ ပြုံးရွှင်တဲ့မျက်နှာ၊ ကြည်လင်တဲ့အပြုံးနဲ့ ခိုးခိုးခစ်ခစ်ရယ်သံတွေက မိဘတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ပျော်ရွှင်မှုတွေပါ။ ကလေးကို အချိန်ပြည့်စောင့်ကြည့်နေမိပြီး သူတို့လေးတွေမှာဖြစ်လာတဲ့ အရာတိုင်းကို ဒါကဘာကြောင့်လဲဆိုပြီး တွေးမိနေတာ၊ သိချင်နေရတာကလည်း မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားနဲ့ ဦးဦးတီတီတို့ရဲ့နေ့စဉ်အလုပ်တစ်ခုပါပဲ။ ဒီလိုစိတ်ပူမိတဲ့အထဲမှာ ကလေးက အိပ်နေရင်း ချွေးထွက်တာ၊ နို့သောက်ရင်း ချွေးထွက်တာနဲ့ နည်းနည်းလေးများလှုပ်လိုက်ရင် ချွေးထွက် လာတာတွေပါ ပါတယ်ဟုတ်။

ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက်

ချွေးထွက်များတဲ့ ဘေဘီလေးတို့အတွက် စိတ်ပူနေတဲ့ မေမေတွေ ဒါလေးကို ဖတ်ကြည့်ပါနော်။

ဘေဘီလေး ညအိပ်ရင်း ချွေးထွက်တာက ပုံမှန်ပဲလား

ကလေးက ညဘက်အိပ်နေရင်း ချွေးတွေအများကြီး ထွက်လေ့ရှိပါတယ်။ ဒါကို ညအိပ်ရင်း ချွေးထွက်ခြင်းလို့ ခေါ်ကြပါတယ်။ ကလေးငယ်လေးတွေက ဘာမှသိပ်မလုပ်ရဘဲ ချွေးထွက်စရာလိုလို့လားလို့ တွေးနေမိတာလား။ ကလေးလေးတွေလည်း ချွေးထွက်နိုင်ပါတယ်နော်။ ဘေဘီလေးတွေ ညအိပ်ရင်းချွေးထွက်တာက ပုံမှန်ပါပဲ။ အထူးသဖြင့် ခေါင်းချွေးထွက်တာပိုများပါတယ်။

ပုံမှန်လည်း ကလေးတွေက အိပ်နေစဉ်ချွေးထွက်တတ်တယ်ဆိုပေမယ့် အရမ်းများနေမယ်ဆိုရင်တော့ အမှုမဲ့အမှတ်မဲ့မထားပါနဲ့။ ကလေးတွေက ချွေးအများကြီးထွက်နိုင်တယ်ဆိုပေမယ့် တစ်ခါတလေမှာချွေးထွက်များတာက ကလေးမှာရောဂါတစ်ခုခုခံစားနေရတဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။

ဒီအချက်တွေကြောင့် ကလေးက အိပ်နေချိန်မှာ ချွေးထွက်ရတာပါ

ကလေးလေးတွေက လှုပ်လှုပ်ရှားရှားမလုပ်ရပေမယ့်လည်း ဒီအချက်တွေကြောင့်ချွေးထွက်များရတာပါ။

  • ကလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ။ ကလေးက ပုံစံတစ်ခုတည်းမှာ အချိန်အကြာကြီးအိပ်ပျော်သွားတဲ့အခါ ကိုယ်အပူချိန်မြင့်တက်လာပြီးချွေးထွက်များရတာပါ။
  • ကလေးရဲ့ချွေးဂလင်းတွေက ဦးခေါင်းနားမှာရှိနေကြတာပါ။ ဒါကြောင့် အိပ်နေချိန်မှာ ချွေးအများကြီးထွက်ရတာပါ။
  • အခန်းအပူချိန် မြင့်တက်နေတာကြောင့်လည်း ကလေးက ချွေးအများကြီးထွက်နိုင်ပါတယ်။
  • ကလေးကို ထူထူထဲထဲ အဝတ်အစားတွေဝတ်ထားပေးမိတာ ၊စောင်ခြုံတာမျိုးတွေ လုပ်ပေးမိတာကြောင့်လည်း ချွေးထွက်များနိုင်ပါတယ်။
  • ကလေးကမွေးရာပါနှလုံးရောဂါ ခံစားနေရတာကြောင့်လည်း အိပ်နေစဉ်ချွေးထွက်များတာပါ။
  • အိပ်နေစဉ်ရုတ်တရက် အသက်ရှူရခက်တာကြောင့်လည်း ကလေးက ညအိပ်နေစဉ်မှာ ချွေးထွက်တာပါ။

ဘယ်လိုဖြေရှင်းမလဲ

အခန်းအပူချိန်ကို ထိန်းညှိပေးပါ – ညအိပ်တဲ့အခါ အခန်းအပူချိန်ကို အရမ်းအေးအောင် မထားသင့်သလို အရမ်းပူနေတာမျိုးမဖြစ်အောင်ဂရုပြုပေးပါ။ ကလေးအတွက် သက်သောင့်သက်သာဖြစ်စေမယ့် အပူချိန်ဖြစ်အောင် ထိန်းညှိပေးပါ။

ကလေးကို ရေဓာတ်ပြည့်ဝအောင်ထားပါ – ကလေးကို အိပ်နေစဉ်မှာ ချွေးထွက်တာကြောင့် ရေဓာတ် မဆုံးရှုံးစေဖို့အတွက် ညမအိပ်ခင်မှာ မိခင်နို့တိုက်ပြီး ရေဓာတ် ပြည့်ဝနေအောင် သေချာလေး ဂရုစိုက်ပေးပါ။

သက်သောင့်သက်သာဖြစ်အောင် ဝတ်ဆင်ပေးပါ -ကလေးကို ညအိပ်တဲ့အခါ သက်တောင့်သက်သာဖြစ်စေမယ့် ချည်သားချောင်ချောင်ပွပွလေးတွေ ဝတ်ဆင်ပေးပါ။ ဒီလိုလုပ်ပေးတာကလည်း ကလေးကို ညအိပ်နေတုန်းချွေးထွက်နည်းအောင် ကူညီပေးနိုင်မှာပါ။

ထူထူထဲထဲ ဝတ်ပေးတာမျိုးမလုပ်ပါနဲ့ – ကလေးကို အအေးမိမှာ စိုးရိမ်ပြီး အင်္ကျီအထူကြီးတွေဝတ်ပေးတာမျိုး စောင်အထူကြီးတွေ ခြုံသိပ်တာမျိုးမလုပ်ပါနဲ့။ ကလေးကို ပူအိုက်စေပြီး ချွေးထွက်များစေနိုင်တာကြောင့်ပါ။

ဒီအခြေအနေဆိုရင် သတိထားပါ

အပေါ်မှာ ပြောခဲ့တဲ့နည်းလမ်းတွေ အတိုင်း လုပ်ပေမယ့် ကလေးက ချွေးထွက်နေမြဲပဲ ဆိုရင်တော့ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကလေးက ချွေးထွက်မှု နဲ့အတူ

  • ကယောင်ကတမ်းထအော်တာမျိုး
  • ခေါင်းကို ဘယ်ညာရမ်းတာမျိုး
  • သွားကြိတ်တာမျိုး
  • ကလေးကဟောက်မယ်
  • အသက်ရှူသံ ပြင်းမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမြန်ဆုံး ဆရာဝန်နဲ့ ပြသကြည့်ပါနော်။

ကလေးဆိုပေမယ့်လည်း ဘေဘီလေးတွေဟာလည်း အရွယ်ရောက်ပြီးသူတွေလိုပဲ ချွေးထွက် နိုင်ပါတယ်။ အိပ်နေရင်း ချွေးတွေ ထွက်နေတတ်သလို။ နို့သောက်ရင်းကလည်း ချွေးထွက် ပါတယ်။ တစ်ခါတလေ ပက်လက်အနေအထားနဲ့ ဝူးဝူးဝါးဝါးပြောရင်းကို ချွေးတွေ ထွက်နေနိုင်ပါတယ်။ ဒါကြောင့် အပေါ်မှာပြောခဲ့တဲ့လက္ခဏာတွေ မရှိဘူးဆိုရင် ပုံမှန် အနေအထား ဖြစ်တာကြောင့် စိတ်ပူစရာ မလိုပါဘူးနော်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Baby Sweating While Sleeping- Causes & How To Deal With Ithttps://parenting.firstcry.com/articles/baby-sweating-while-sleeping-causes-how-to-deal-with-it/ Accessed Date 26 December 2018

Baby Sweating While Sleeping – Everything You Should Knowhttps://www.momjunction.com/articles/baby-sweating-while-sleeping_00347673/#gref Accessed Date 26 December 2018

Baby Sweating While Sleeping – 3 Main Reasons and Medical Causeshttps://wellbeingkid.com/baby-sweating-while-sleeping/ Accessed Date 26 December 2018

ယခုပုံစံ

16/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးနို့အန်လို့ စိတ်ပူနေပြီလား

ကလေးတွေအတွက်ပြင်ဆင်ပေးမယ့် အစားအစာတွေကို အမျိုးအစားခွဲကြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement