- သွားပွတ်တံတွေကို တစ်ခုနဲ့ တစ်ခု မထိပါစေနဲ့။
အိမ်မှာ မိသားစုတွေနဲ့ နေတာပဲ ဖြစ်ဖြစ်၊ အများနေတာဖြစ်ဖြစ် သွားပွတ်တံတွေကို စုပြုံပြီး ထားတဲ့အခါ တစ်ခုနဲ့ တစ်ခု မထိအောင် သတိထားပါ။ ဘက်တီးရီးယားတွေ အလွယ်ကူးနိုင်သလို ပါးစပ်ထဲက အရည်တွေလည်း ပေလာနိုင်ပါတယ်။
သွားပွတ်တံကို သန့်သန့်ရှင်းရှင်းထားနည်း
- သွားပွတ်တံကို မျှပြီး မသုံးပါနဲ့။
သွားပွတ်တံဟာ တစ်ကိုယ်ရည်သုံး ပစ္စည်းပါ။ သူများဟာလည်း ယူမသုံးပါနဲ့။ ကိုယ့်ဟာလည်း သူများ ပေးမသုံးပါနဲ့။ သွားပွတ်တံကနေ တစ်ဆင့် ရောဂါပိုးတွေ ကူးစက်နိုင်လို့ပါ။
ကိုယ်အပါအဝင် တော်တော်များများက သွားတိုက်မယ်ဆိုရင် သွားတိုက်ဆေးကိုပဲ ပြေးယူတာပါ။ လက်ဆေးဖို့ သတိမရကြပါဘူး။ ခုက စပြီး သွားမတိုက်ခင် လက်ဆေးလိုက်တော့နော်။
- သွားပွတ်တံကို သေချာဆေးပါ။
သွားတိုက်ပြီးတိုင်း သွားပွတ်တံကို သေချာဆေးပါ။ ရေနွေးလေးနဲ့ ဆေးနိုင်ရင် ပိုကောင်းပါတယ်။
သွားပွတ်တံက ရေစိုလေလေ ဘက်တီးရီးယားတွေ ကြိုက်လေလေပါပဲ။ ဒါကြောင့် ရေဆေးပြီးရင် တတ်နိုင်သမျှ ရေစင်အောင်ခါပါ။
Dental Association အဆိုအရ ဒီနည်းလမ်းတွေက သွားနဲ့ ခံတွင်း ကျန်းမာရေးကို အထောက်အကူ မပြုပါဘူးတဲ့။ ဒါ့ပြင် စိုစွတ်နေတဲ့အတွက် ရောဂါပိုး ပိုကပ်နိုင်ပါတယ်။
- သွားပွတ်တံကို ပုံမှန်လဲပါ။
သွားပွတ်တံတွေကို ၃-၄လ တစ်ခါ ပုံမှန်လဲပေးပါ။ လျှပ်စစ်သွားပွတ်တံဆိုလည်း ခေါင်းတွေကို ၃-၄လတစ်ခါ ပုံမှန်လဲပေးပါ။ ၃-၄လ မတိုင်ခင် အမွေးတွေ ဖွာနေရင်၊ အရောင်တွေ ဖျော့လာရင်လည်း လဲပေးပါ။
အထူးသတိပြုရမယ့် အခြေအနေများ
- အိမ်မှာ တစ်ယောက်ယောက် ဖျားနေခဲ့ရင်
သူတို့ရဲ့ သွားပွတ်တံတွေကိုရော တခြားသွားပွတ်တံတွေကိုပါ အသစ်လဲပြီး သက်သက်စီ ခွဲထားပါ။
- သင့်မှာ ခုခံအားမကောင်းတဲ့ ရောဂါတစ်ခုခုရှိနေရင်
ခုခံအား မကောင်းတဲ့အတွက် ဘက်တီးရီးယားလေး နည်းနည်းလောက် ဝင်လာရင်တောင် သင်နေမကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားပွတ်တံတွေကို တတ်နိုင်သမျှ သန့်ရှင်းအောင် ထားပါ။ မကြာခဏ အသစ်လဲပေးပါ။
- သွားထိန်းတွေ တခြားပစ္စည်းတွေ သွားမှာ တပ်ထားရင် ဂရုစိုက်ပါ။
လေ့လာချက်တွေအရ ဒီလိုပစ္စည်းတွေ တပ်ထားတဲ့ သူတွေရဲ့ သွားက သာမန်လူတွေထက် ပိုးတွေ ပိုများပါတယ်တဲ့။ ဒါကြောင့် သွားလည်း တိုက်ပါ။ သွားပွတ်ကြိုးသုံးပြီးလည်း သန့်ရှင်းရေး လုပ်ပါ။ သွားပွတ်တံတွေကိုလည်း သန့်ရှင်းအောင်ထားပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။