ဖြစ်နိုင်ခြေများ
Low Sperm Count (သုတ်ပိုးနည်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
သုတ်ပိုးနည်းခြင်းကိုအားပေးသောအချက်များ
- ဆေးလိပ်ခြင်း
- အရက်သောက်ခြင်း
- ဥပဒေအရပိတ်ပင်ထားသောဆေးများသုံးခြင်း
- အဝလွန်ခြင်း
- ရောဂါပိုးဝင်ခြင်း၊ ဝင်ခဲ့ဖူးခြင်း
- အဆိပ်များနှင့်ထိတွေ့မိခြင်း
- သုတ်ထုတ်အင်္ဂါကိုအပူအလွန်အကျွံပေးမိခြင်း
- သုတ်ထုတ်အင်္ဂါတွင်ထိခိုက်မိဖူးခြင်း
- မွေးရာပါမျိုးပွားခြင်းဆိုင်ရာရောဂါရှိခြင်း သို့ ရောဂါရှိသောအမျိုးရှိခြင်း
- အကျိတ်အဖု၊ နာတာရှည်ရောဂါများအတွက် ဆေးများသောက်ရခြင်း
- ဓါတ်ရောင်ခြည်နှင့်ကုသခြင်းကဲ့သို့ ကင်ဆာကုသမှုများခံယူဖူးခြင်း
- တချို့သောဆေးများသောက်ရခြင်း
- သားကြောဖြတ်ဖူးခြင်း၊ ဝမ်းဗိုက်သို့ တင်ပါးဆုံရိုးဆိုင်ရာခွဲစိတ်မှုများလုပ်ဖူးခြင်းေ
- ဝှေးစေ့မဆင်းသောရာဇဝင်ရှိထားဖူးခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Low Sperm Count (သုတ်ပိုးနည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။
ဘယ်လိုသိရှိနိုင်မလဲ
တကယ်လို့ သင့်အမျိုးသမီးမှာ ကိုယ်ဝန်ရဖို့ခက်ခဲနေလို့ ဆရာဝန်နဲ့သွားတိုင်ပင်ပါက ဆရာဝန်က အကြောင်းအရင်းရှာပါလိမ့်မယ်။ သုတ်ပိုးနည်းခြင်းကြောင့်လို ထင်နေရင်တောင်မှ အမျိုးသမီးမှာလည်း တခြားဖြစ်နိုင်ချေရှိသောအချက်များကိုရှာဖွေကာ မျိုးပွားခြင်းဆိုင်ရာတခြားအကူအညီလိုမလိုစမ်းစစ်ပါလိမ့်မယ်။
ရောဂါရှာဖွေခြင်းမှာတော့ ဒါတွေပါနိုင်ပါတယ်-
ယေဘုယျစမ်းသပ်ခြင်း၊ ရာဇဝင်မေးမြန်းခြင်း – မျိုးရိုးလိုက်ရောဂါများ၊ နာတာရှည်ရောဂါများ၊ ထိခိုကမှုများ၊ ခွဲစိတ်မှုများရှိမရှိမေးမြန်းကာ မျိုးပွားအင်္ဂါတဝိုက်စစ်ဆေးမှုများ ပါဝင်နိုင်ပါတယ်။ ကာမဆက်ဆံမှုပုံစံနဲ့ သင့်ရဲ့လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေအကြောင့်လည်းမေးပါလိမ့်မယ်။
သုတ်ရည်ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း – သုတ်ပိုးပမာဏနည်းခြင်းကို သုတ်ရည်ခွဲခြမ်းစိတ်ဖြာစစ်ဆေးကြည့်ခြင်းဖြင့်လည်း သိရှိနိုင်တယ်။ သုတ်ရည်ကိုမိုက်ခရိုစကုပ်အောက်တွင်ကြည့်ကာ အကောင်အရေအတွက်စစ်ဆေးရေတွက်နိုင်တယ်။
ရှေ့ကစစ်ဆေးမှုတွေရဲ့ရလဒ်ပေါ်မူတည်ပြီး သုတ်ပိုးနည်းရခြင်းအကြောင်းအရင်းအတွက် နောက်ထပ်စစ်ဆေးမှုတွေလည်းလုပ်ကောင်းလုပ်နိုင်ပါတယ်။ အဲ့ဒါတွေကို –
- ကပ်ပယ်အိတ်အာထရာဆောင်းရိုက်ခြင်း – အသံလှိုင်းသုံးကာ သုတ်ပိုးထုတ်အင်္ဂါနဲ့တခြား ဖွဲ့စည်းတည်ဆောက်မှုများကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်တယ်။
- ဟော်မုန်းစစ်ဆေးခြင်း – သုတ်ပိုးထုတ်ရန်လိုအပ်သော ဟော်မုန်းပမာဏကိုသိရှိရဖို့ သွေးစစ်ဆေးမှုလုပ်ရနိုင်ပါတယ်။
- ဆီးစစ်ခြင်း – ဆီးထဲမှာသုတ်ပိုးများပါနေခြင်းဟာ သုတ်လွှတ်ချိန်မှာ သုတ်ပိုးတွေလမ်းမှားပြီး ဆီးအိတ်ထဲဝင်သွားသောကြောင့်ဖြစ်တယ်။
- မျိုးရိုးဗီဇစစ်ဆေးမှု – သုတ်ပိုးအလွန်နည်းခြင်းဟာ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဖိုခရိုမိုဆုန်း Y မှာ ပြောင်းလဲမှုရှိမရှိသွေးစစ်ဆေးနိုင်ပြီး တခြားသော မျိုးရိုးလိုက်ရောဂါတွေအတွက် ဗီဇစစ်ဆေးမှုများလုပ်နိုင်ပါတယ်။
- သုတ်ထုတ်အင်္ဂါအသားစစစ်ဆေးခြင်း – အပ်ဖြင့်အသားစယူကာ သုတ်ပိုးထုတ်လုပ်မှု ပုံမှန်ဟုတ်မဟုတ်စစ်ဆေးနိုင်ပြီး ပုံမှန်ဖြစ်ပါက သုတ်ပို့ဆောင်မှုနေရာမှာ ပြဿနာဖြစ်နေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ထိုစစ်ဆေးမှုဟာတချို့သောအခြေအနေတွေမှာသာ သုံးနိုင်ပြီး အကြောင်းအရင်းကိုလည်း မရှာပေးနိုင်ပါဘူး။
- သုတ်ပိုးကိုဆန့်ကျင်သောပဋိပစ္စည်းများရှာဖွေမှု – ထိုစစ်ဆေးမှုကတော့ သုတ်ပိုးကိုမှားယွင်းတိုက်ခိုက်သော ပဋိပစ္စည်းများရှာဖွေခြင်းဖြစ်ပြီး သိပ်တော့သုံးလေ့ရှိပါဘူး။
- သုတ်ပိုးဆောင်ရွက်ချက်စစ်ဆေးမှု – သုတ်လွှတ်ပြီးတဲ့အခါ သုတ်ပိုးများအလုပ်လုပ်နိုင်စွမ်း၊ သားဥကိုဖောက်နိုင်စွမ်း၊ ကပ်တွယ်နိုင်စွမ်းတွေကို စစ်ဆေးရာမှာသုံးပါတယ်။ များသောအားဖြင့်တော့ လုပ်ဆောင်လေ့မရှိဘဲ ကုသမှုကိုဆုံးဖြတ်ရာမှာလည်း သိပ်အရာမရောက်ပါဘူး။
စအိုတွင်အာထရာဆောင်းရိုက်ခြင်း – သုတ်ရည်သယ်ပို့သောပြွန်များ ပိတ်ဆို့နေခြင်းရှိမရှိသိရှိရန် ဆီးကျိတ်စစ်ဆေးခြင်းဖြစ်တယ်။
Low Sperm Count (သုတ်ပိုးနည်းခြင်း) ကို ဘယ်လိုကုသပါသလဲ
- ခွဲစိတ်ခြင်း – သွေးကြောထုံးခြင်း၊ သုတ်ပို့ပြွန်ပိတ်ခြင်းတို့ကို ခွဲစိတ်ပြုပြင်နိုင်ပြီး သားကြောဖြတ်ရန် သုတ်ပြွန်ထုံးထားခြင်းများမှာလည်း ပြန်ပြင်နိုင်ပါတယ်။ သုတ်လွှတ်ရာမှာ သုတ်ပိုးမပါပါက သုတ်ထုတ်အင်္ဂါ၊ ဒါမှမဟုတ် သုတ်လှောင်အင်္ဂါမှသုတ်များကို တိုက်ရိုက်ယူနိုင်ပါတယ်။
- ပိုးဝင်ခြင်းကိုကုသခြင်း – မျိုးပွားအင်္ဂါလမ်းကြောင်းမှာ ရောဂါပိုးဝင်ခြင်းတွေကို ပဋိဇီဝဆေးတွေနဲ့ကုနိုင်ပါတယ်။ ဒါပေမယ့်ဒီနည်းကမျိုးပွားမှုလျော့နည်းခြင်းကို အမြဲတော့မသက်သာစေပါဘူး။
- ကာမဆက်ဆံခြင်းနှင့်ပတ်သတ်သောကုသမှုများ – ကာမဆက်ဆံရာတွင်အခက်အခဲများ၊ အချိန်မတိုင်မီသုတ်လွှတ်မှုခြင်းများကို ဆွေးနွေးကုသခြင်းဖြစ်တယ်။
- ဟော်မုန်းကုသြခ်ငး – ဟော်မုန်းများခြင်း နည်းခြင်း၊ ခန္ဓါကိုယ်မှဟော်မုန်းအသုံးပြုမှုပုံမှန်မဟုတ်ခြင်းတို့ကြောင့် ဖြစ်ပါက ဟော်မုန်းအစားထိုးကုသမှုများလုပ်ရနိုင်ပါတယ်။
- ART – သင့်အခြေအနေ၊ ဆန္ဒတို့ပေါ်မူတည်ပြီး ပုံမှန်သုတ်လွှတ်ခြင်းမှသုတ်ပိုးယူခြင်း၊ သုတ်ပိုးတိုက်ရိုက်ယူခြင်း၊ ဒါမှမဟုတ် အလှူရှင်ဆီမှ သုတ်ပိုးယူခြင်းတို့ပါဝင်တယ်။ သုတ်ပိုးကိုအမျိုးသမီးရဲ့ မျိုးပွားအင်္ဂါတွင်းထိုးခြင်း သို့ ဖန်ပြွန်သန္ဓြေသားနည်းအတွက် သုံးခြင်းတို့ပြုလုပ်နိုင်ပါတယ။်
နေထိုင်မှုပုံစံပြောင်းလဲခြင်း ၊ အိမ်တွင်းကုထုံးနည်းများ
- ကာမဆက်ဆံမှုအကြိမ်ရေတိုးပါ – သားဥမကြွေမီ ၄ ရက်အလိုခန့်မှစပြီး နေ့စဉ်ကာမဆက်ဆံခြင်းဟာ သင့်အမျိုးသမီးကိုကိုယ်ဝန်ရနိုင်ချေများစေပါတယ်။
- သားစပ်နိုင်ချိန်တွင် ကာမဆက်ဆံပါ – အမျိုးသမီးတွေဟာ သားဥကြွေချိန်- ဓမ္မတာတစ်ကြိမ်နဲ့တစ်ကြိမ်အလယ်- မှာ ကိုယ်ဝန်ရနိုင်ချေများပါတယ်။ ဒါဟာ ရက်များစွာအသက်ရှင်နိုင်တဲ့ သုတ်ပိုးတွေအတွက် သားဖောက်နိုင်ချေများစေပါတယ်။
- ချောဆီသုံးခြင်းရှောင်ပါ – Astroglide၊ K-Y jelly၊ စသည်တို့ဟာ သုတ်ပိုးလှုပ်ရှားမှုကိုထိခိုက်စေနိုင်တာကြောင့် သုတ်ပိုးအတွက်သင့်လျောမယ့်ချောဆီကို ဆရာဝန်နဲ့တိုင်ပင်ပါ။
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။