ခုနောက်ပိုင်းမှာ လူမမယ်ကလေးလေးတွေ COVID-19 ကူးစက်ခံရတဲ့သတင်းတွေ၊ မိသားစုကို ထားခဲ့ပြီး ကလေးတစ်ယောက်တည်း Quarantine ဝင်ဖို့ လာအခေါ်ခံရတာတွေကို မြင်တွေ့ကြားသိနေရပါတယ်။ နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
ခုနောက်ပိုင်းမှာ လူမမယ်ကလေးလေးတွေ COVID-19 ကူးစက်ခံရတဲ့သတင်းတွေ၊ မိသားစုကို ထားခဲ့ပြီး ကလေးတစ်ယောက်တည်း Quarantine ဝင်ဖို့ လာအခေါ်ခံရတာတွေကို မြင်တွေ့ကြားသိနေရပါတယ်။ နုနယ်တဲ့ ကလေးငယ်တွေကို COVID-19 ရန်က ကာကွယ်ပေးဖို့က လူတိုင်းမှာ တာဝန်ရှိပါတယ်။
လူမမယ်ကလေးငယ်လေးတွေဟာ ကိုယ်တိုင် ရောဂါကာကွယ်နိုင်စွမ်း အားနည်းကြပါတယ်။ ဒီလိုအခြေအနေမှာ သူတို့ကို ပြုစုစောင့်ရှောက်ရမယ့် လူကြီးမိဘတွေက ကာကွယ်ပေးနိုင်စွမ်းနည်းပါးရင် ကလေးတွေမှာ COVID-19 ရောဂါဆိုးကြီး ကပ်ညိလာနိုင်ပါတယ်။
ခုချိန်မှာဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ COVID-19 ရောဂါကူးစက်ခံခဲ့ရသူပေါင်း ၄ သောင်းကျော်အထိရှိလာခဲ့ပြီဖြစ်သလို အဆိုပါလူနာတွေထဲမှာ ငယ်ရွယ်နုနယ်လှတဲ့ ရင်သွေးလေးတွေလည်း ပါဝင်နေပါတယ်။
ဒီရောဂါရဲ့ အန္တရာယ်ကို လူကြီးတွေနဲ့ သန်သန်စွမ်းစွမ်းလူငယ်တွေအတွက် စိုးရိမ်ပူပန်နေကြရသလို လူမမယ် ကလေးတွေအတွက်လည်း ပူပန်ကြရပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရမှုဆိုင်ရာ အချက်အလက်တွေအရ ကလေးငယ်တွေ ကူးစက်ခံရမှုနှုန်းဟာ နည်းပါးပြီး သေဆုံးနှုန်းကလည်း (ရောဂါကူးစက်ခံရသူ အရေအတွက်ရဲ့) ဝ.၂% အောက်သာရှိတယ်ဆိုပေမယ့် ကူးစက်ခံရတဲ့အရေအတွက်ကတော့ တဖြည်းဖြည်းတိုးပွားလာနေဆဲပါ။
ဒါပေမယ့် မိဘဆိုတာမျိုးကတော့ မိမိတို့ရဲ့ ရင်သွေးတွေကို ဒီလိုကပ်ဘေးကာလမျိုးမှာ စိုးရိမ်ပူပန်မှုရှိနေမှာ အသေအချာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ရင်သွေးတွေကို COVID-19 ရောဂါကူးစက်မှု မခံရစေဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
ကလေးတွေကို COVID-19 ရောဂါ ဘေးကနေ ကာကွယ်ပေးဖို့အတွက် အချက် ၂ ချက်ကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ကလေးကို အသိပညာပေးဖို့နဲ့ တိတိကျကျကာကွယ်စောင့်ရှောက်ဖို့ပါပဲ။
ရောဂါရဲ့ အန္တရာယ်ကို သေချာနားလည်အောင် ရှင်းပြပါ။ ရောဂါမကူးစက်အောင် ကာကွယ်ဖို့ဆိုရင် ကလေးတွေကို ဒီရောဂါအကြောင်း သေချာနားလည်နေမှဖြစ်ပါလိမ့်မယ်။ ရင်သွေးတွေ စိတ်ထဲမှာ သာမာန်အဖျားဝေဒနာတစ်ခုလို တွေးမြင်မနေအောင်၊ အကြောက်မလွန်အောင်၊ ကာကွယ်ရေးနည်းလမ်းတွေကို နားလည်အောင် ရောဂါအကြောင်း ကြိုတင်ရှင်းပြထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။
ရင်သွေးတွေကို အောက်ပါနည်းလမ်းတွေအတိုင်း ရောဂါအကြောင်း ရှင်းလင်းပြောပြနိုင်ပါတယ်။
ကိုယ့်ကလေးက ရောဂါအကြောင်း သိနားလည်နေပြီဆိုရင် ရောဂါ သူ့ဆီမရောက်အောင် ကာကွယ်နိုင်ဖို့ ပိုလွယ်ကူသွားပါပြီ။ ဘာကြောင့် လက်ဆေးရမယ်၊ ဘာကြောင့် အိပ်ရေးဝဝ အိပ်ရမယ်၊ ဘာကြောင့် အားရှိအောင် စားရမယ်ဆိုတာကို သူကနားလည်နေပြီမို့ သူလည်း လိုက်နာတော့မှာပါ။
ဒါကြောင့် ရင်သွေးကို ရောဂါအကြောင်း သေချာရှင်းပြထားပြီးပြီဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ရောဂါဘေးကနေ ကင်းဝေးအောင် ကာကွယ်နိုင်ပါတယ်။
နောက်ထပ် အသိပေးချင်တာက အကြောက်တရားဟာ ဘာကိုမှ မကာကွယ်နိုင်ပဲ ဖြစ်စေပါတယ်။ ရင်သွေးရှေ့မှာ မိမိကိုယ်တိုင်က ထိန်းမနိုင် သိမ်းမရ ကြောက်ရွံ့ပြနေတာက နုနယ်တဲ့ ရင်သွေးတွေအတွက် အထောက်အကူမဖြစ်စေပါဘူး။
ရောဂါကလည်း ကလေးတွေကို ထိခိုက်နိုင်ခြေ အတန်အသင့် နည်းပါးနေသေးတာမို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးချပြီး ရင်သွေးကို ကာကွယ်ပေးထားပါ။ ဒါပေမယ့် မပေါ့ဆပါနဲ့။ ကိုယ်တိုင်လည်း ကျန်းမာအောင်နေပါ။ ဒါဆိုရင် ဒီကပ်ဘေးကို ကောင်းကောင်းကျော်ဖြတ်နိုင်ပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။