backup og meta

Omicron Vs. Delta

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Omicron Vs. Delta

    ပြီးခဲ့တဲ့ အပတ်ကစပြီး သတင်းခေါင်းစဉ်တွေမှာ နေရာယူထားတာက Omicron ပါ။ ဒီကိုဗစ် မျိုးစိတ်က အရင်ရှေ့မှာတုန်းက ကိုဗစ်လှိုင်းတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တဲ့ Delta ထက် ပိုကြောက်စရာကောင်းသလား။ ဒီ ဗိုင်းရပ်စ် မျိုးစိတ် နှစ်ခုကြားမှာ ဘယ်လို ကွာခြားမှုတွေ ရှိနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    Omicron vs. Delta

    Omicron Vs. Delta ဘာတွေများ ကွာခြားလဲ ….. အတူတူ ကြည့်လိုက်ရအောင်လား။

    Omicron ရော Delta ရော နှစ်ခုစလုံးက covid -19 ကို ဖြစ်စေတဲ့ SARS-CoV-2 အမျိုးအစားပါ။ ရှေ့မှာ ဖြစ်ခဲ့သမျှ ကိုဗစ်လှိုင်းတွေတုန်းက ကိုဗစ် မျိုးစိတ်သစ်တွေက ရောဂါ မဖြစ်ဖူးသူတွေမှာပဲ ကူးစက်တာ များတယ်ဆိုပေမယ့် အခု အသစ်တွေ့ရှိထားတဲ့ ကိုဗစ် မျိုးစိတ် Omicron ကတော့ Deltaနဲ့ ယှဉ်ရင် ကိုဗစ် ဖြစ်ဖူးသူတွေမှာ ရောဂါ ကူးစက်နိုင်ခြေ ၂.၈ ဆ လောက် ပိုများနေပါတယ်။

    ရှေ့ ကိုဗစ်လှိုင်းတွေမှာတုန်းက ထွက်ပေါ်ခဲ့တဲ့ မျိုးစိတ်တွေတုန်းက မျိုးဗီဇက အလုံးစုံ ပြောင်းလဲထားတာ မဟုတ်ဘဲ အနည်းငယ်လောက်သာ ကွာခြားပြောင်းလဲမှု ရှိပေမယ့် အခုနောက်ဆုံး တွေ့ရှိထားတဲ့ Omicron မျိုးစိတ်ကတော့ အလုံးစုံနီးပါး ပြောင်းလဲထားတာ ဖြစ်ပါတယ်။

    Delta မျိုးစိတ်က အရင် ကိုဗစ်ဗိုင်းရပ်စ်တွေထက် ၂ ဆကျော်လောက်ပဲ ပိုမို ပြင်းထန်တာဖြစ်သလို ကာကွယ်ဆေး မထိုးထားတဲ့ သူတွေမှာ ပိုပြင်းထန်ခဲ့တာပါ။ Omicron မျိုးစိတ်ကတော့ မျိုးဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင်ထားပြီး ကာကွယ်ဆေး ထိုးပြီးတာတောင် ရောဂါ ကူးစက်ခံရနိုင်ခြေ ရှိသလို အပေါ်မှာ ပြောခဲ့သလို ရောဂါဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။

    Omicron နဲ့ Delta မှာ ဘယ်မျိုးစိတ်က ပိုပြင်းထန်လဲဆိုတာကိုတော့ အခုထိ တိတိကျကျ မသိရသေးပါဘူး။

    နောက်တစ်ချက်က Omicron နဲ့ Delta မှာ ဘယ်မျိုးစိတ်က ကူးစက်နှုန်း ပိုမြန်လဲဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။

    Delta နဲ့ Omicron လက္ခဏာတွေ ဘယ်လို ကွာခြားလဲ……

    Omicron Vs. Delta

    Omicron ရော Delta ရော နှစ်ခုစလုံးက ကိုဗစ် မျိုးစိတ်တွေ ဖြစ်တာကြောင့် လက္ခဏာတွေက သိပ်ကွာခြားတာ မရှိပါဘူး။ တွေ့ရများတဲ့ လက္ခဏာတွေကတော့

    • အဖျားတက်မယ်
    • ချမ်းတုန်မယ်
    • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်မယ်
    • ခြေကုန်လက်ပမ်းကျမယ်
    • ကြွက်သားတွေနာမယ်
    • ကိုယ်လက်တွေ ကိုက်ခဲမယ်
    • အနံ့ပျောက်မယ်
    • အရသာပျောက်မယ်
    • လည်ချောင်းနာမယ်
    • နှာခေါင်းပိတ်မယ်
    • နှာစေးမယ်
    • အော့အန်မယ်
    • မအီမသာ ဖြစ်မယ်
    • ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ Omicron မှာတော့ ဒီလက္ခဏာတွေအပြင် လက္ခဏာ အနည်းငယ် ပြောင်းလဲတာမျိုးတော့ ရှိပါတယ်။ ထူးထူးခြားခြား လည်ချောင်းယားတယ်ဆိုတဲ့ လက္ခဏာကို ခံစားရတယ်လို့ ဖြစ်ဖူးတဲ့ နိုင်ငံတွေက ဆိုကြပါတယ်။

    ဒါကတော့ လူတိုင်းလိုလို သိချင်နေမယ့် မေးခွန်းပါ။ Omicron ကလည်း Covid-19 ဗိုင်းရပ်စ်ရဲ့ မျိုးစိတ် တစ်ရပ်ဖြစ်တာကြောင့် ကာကွယ်ဆေးတွေက အပြည့်အဝ မဟုတ်ရင်တောင် အတိုင်းအတာ တစ်ခုအထိတော့ ကာကွယ်ပေးနိုင်မှာပါ။

    ဒါကြောင့် လက်ရှိမှာ Omicron ကို ကာကွယ်ချင်တယ်ဆိုရင် ကာကွယ်ဆေးကို ၂ ကြိမ်လုံး ပြည့်အောင် ထိုးထားတာက အကောင်းဆုံး နည်းလမ်းတစ်ရပ်ပါ။ ကာကွယ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့လည်း ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်စွမ်းကို မြှင့်တင်နိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေကြပါတယ်။

    ဒါကြောင့် ကိုယ်တိုင်ကိုရော မိသားစုဝင်တွေ ချစ်ရတဲ့သူတွေကို Omicron ကနေ ကာကွယ်ချင်တယ်ဆိုရင်

    • အပြင်ထွက်တိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်ပါ
    • အပြင်က ပြန်လာတိုင်း လက်ဆေးပါ။ အတူပါလာတဲ့ ပစ္စည်းတွေကို ပိုးသတ်သန့်စင်ပါ။
    • တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း ပိုးသတ်သန့်စင်ပါ
    • အာဟာရပြည့်ဝအောင် စားပါ
    • အိပ်ရေးဝအောင် အိပ်ပါ
    • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
    • တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
    • ကာကွယ်ဆေး ထိုးနှံပါ (နှစ်ကြိမ်လုံး ပြည့်အောင် ထိုးပေးပါ)
    • လိုအပ်မယ်ဆိုရင် ထပ်ဆောင်း ကာကွယ်ဆေး (Booster) ထိုးပါ။

    Omicron Vs. Delta ဘာတွေကွာလဲဆိုတော့ အခုလို ကွာခြားချက်လေးတွေ ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement