ခုတလော တော်တော်များများ ဖျားကြပါတယ်။ အများစုကတော့ ရာသီတုပ်ကွေး ပါ။ ဒါပေမယ့် ကိုဗစ်ကလည်း မပြီးသေးတဲ့အတွက် ဖျားပြီ၊ ချောင်းဆိုးပြီဆို တုပ်ကွေးလား၊ ကိုဗစ်လား ဆိုတာ ခွဲရခက်ပါတယ်။ တုပ်ကွေးအများစုက တစ်ပတ်လောက်နေရင် သက်သာသွားပေမယ့် ကိုဗစ်က အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်နိုင်တာကြောင့် လက္ခဏာ တစ်ခုခု ခံစားရတဲ့အခါ ကိုဗစ်လား၊ တုပ်ကွေး လားဆိုတာကို ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။