backup og meta

အမျိုးသားများအတွက် စိတ်ဖိစီးမှုထိန်းချုပ်ခြင်း

အမျိုးသားများအတွက် စိတ်ဖိစီးမှုထိန်းချုပ်ခြင်း ဆိုတာ ဘာလဲ။ စိတ်ဖိစီးမှုက ဘေးရန်ရှိပြီး မျက်မှောက်ခေတ်မှာ အမျိုးသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အရာတစ်ခုအဖြစ်ရှိနေပါတယ်။ လေ့လာမှုတွေအရ ဒီလိုစိတ်ပိုင်းဆိုင်ရာ နောက်ဆံတင်းမှုတွေ၊ ဖိစီးမှုတွေက နှလုံးရောဂါ၊ သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာ၊ ဆီးချို၊ ကင်ဆာနဲ့ ကိုယ်ခံအားကျခြင်းတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတာတွေ့ရပါတယ်။

စိတ်ဖိစီးတာ ဆိုးရွားတဲ့အဆင့်ကိုရောက်နေတဲ့ အမျိုးသားတွေဟာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပြုအမူ လွန်ကဲခြင်းနဲ့ ဆေးစွဲခြင်းစတဲ့မကောင်းတဲ့ အကျင့်တွေဖြစ်သွားနိုင်ပါတယ်။

အမျိုးသားများအတွက် စိတ်ဖိစီးမှုထိန်းချုပ်ခြင်း

အမျိုးသားများအတွက် စိတ်ဖိစီးမှုထိန်းချုပ်ခြင်း နည်းလမ်းတွေကတော့

  • လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

လေ့ကျင့်ခန်းတွေက ကျန်းမာရေး တစ်ခုလုံးကို ကောင်းစေရုံသာမက စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သက်ရင် အကောင်းဆုံး စိတ်အချရဆုံးနဲ့ အကုန်အကျ အသက်သာဆုံး နည်းဖြစ်ပါတယ်။

  • ကဖင်းဓာတ်ကို ကန့်သတ်ချက်ထားပါ

ကဖင်းဓာတ် သောက်သုံးမှု များခြင်းက သင့်ရဲ့အက်ဒရီနယ်ဂလင်းကို အကြီးအကျယ် ဝန်ပိစေတဲ့အတွက် ဖရိုဖရဲတွေ ဖြစ်ကုန်ပါလိမ့်မယ်။ အထူးသဖြင့် စိတ်ဖိစီးတတ်တဲ့ ရာသီလာချိန်မျိုးမှာ ကဖင်း သောက်သုံးခြင်းကို လျှော့ချပေးခြင်းက သင့် အက်ဒရီနယ်ဂလင်းကို အကျိုးပြုပါလိမ့်မယ်။

  • ကောင်းကောင်းအိပ်ပါ

အိပ်ရေးပျက်ခြင်းနဲ့ အိပ်ရေးမဝခြင်းက သင့်ကို စိတ်ကျစေပါတယ်။ တစ်ညကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီထိရှိခြင်းက သင့်ကိုစိတ်ဖိစီးမှု တွေထိန်းချုပ်နိုင်သလို နောက်ထပ် စိတ်ဖိစီးမှုတွေကိုလည်း စီမံနိုင်ပါလိမ့်မယ်။

  • တရားထိုင်ပါ

အသက်ရှူလေ့ကျင့်ခန်းက သင့်စိတ်အခြအနေကို ပြောင်းလဲပေးရုံသာမက သင့်သွေးတိုးကို ကျစေပါတယ်။ အောက်ဆီဂျင်ကို မြှင့်တင်ပေးပြီး သင့်ခံစားမှုကို ကောင်းသွားစေပါတယ်။

သင့်အကြိုက်အပေါ် မူတည်ပြီး တရားထိုင်တာ ဘုရားဝတ်ပြုတာတွေ လုပ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုအတွက် ယောဂနဲ့ ထိုက်ကျိကိုပါ လုပ်နိုင်ပါတယ်။

  • စိတ်ဖိစီးစေတဲ့အကြောင်းအရင်းကိုဖြေရှင်းပါ

သင့်ကို စိတ်ဖိစီးစေတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းလိုက်တာက သင့်ကို စိတ်ဖိစီးမှုက လွတ်စေပါတယ်။ သင်မတတ်နိုင်တဲ့ အရာတွေဆို ဘယ်သူတွေဘာပဲလာ တောင်းဆိုနေပါစေ ငြင်းဆန်တတ်အောင် လုပ်ပြီး စိတ်မဖိစီးအောင် လုပ်ပါ။

  • စိတ်ဖိစီးစေနိုင်တဲ့အခြေအနေတွေကိုရှောင်ပါ

မကြာသေးခင်က လေ့လာမှုတွေ အရ အမျိုးသားတွေရဲ့စိတ်ဖိစီးမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းက ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ဖြစ်ပြီး ဒါက အမျိုးသမီးတွေထက် ၇ ဆ ပိုများတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အလောတကြီး မဖြစ်ရအောင် ကြိုထွက်တာမျိုးလုပ်ပါ။ ဈေးတွေမှာ လူမကျပ်တဲ့ အချိန်မျိုးမှ ဈေးဝယ်ပါ။ သင့်ကို ဒေါသထွက်စေတဲ့ သူတွေနဲ့လည်း ကြာကြာနေတာ ရှောင်ပါ။

  • သင်မပြောင်းလဲနိုင်တဲ့အရာတွေကိုလက်ခံပါ

သင့်ဘဝမှာ သင်ဘယ်လောက်ပဲ ကြိုးစားပါစေ သင်မပြောင်းလဲနိုင်တာတွေ ရှိပါတယ်။ ဥပမာ – မိုးရွာအောင် နှင်းကျအောင် ရာသီဥတုကို ကိုယ်လိုသလို မပြောင်းနိုင်တာမျိုးပေါ့။ အဲဒီအစား သင်မပြောင်းလဲနိုင်တဲ့ အရာတွေကို နှစ်သိမ့်ကြည့်ဖို့ ကြိုးစားကြည့်ပါ။

  • သင်တတ်နိုင်တာထက် ပိုမလုပ်ပါနဲ့။

ကျွန်တော်တို့က ကျွန်တော်တို့ စိတ်ဖိစီးမှုတွေကို အလွန်အကျွံ လုပ်ခြင်းကြောင့် ကိုယ်တိုင် ဖြစ်စေနိုင်သလို သူဌေးကပဲ ဖြစ်ဖြစ် သူငယ်ချင်းကပဲ ဖြစ်ဖြစ် တောင်းဆိုတာ တစ်ခုခုကို မငြင်းတတ်တဲ့အတွက် စိတ်ဖိစီးကြပါတယ်။ ကတိပေး မလွန်ပါနဲ့၊ သင်တတ်နိုင်မယ် ထင်သလောက်ဘဲ အာမခံပါ။

  • သင်အကောင်းဆုံးလုပ်နိုင်တာကိုအရင်ဆုံးလုပ်ပါ

အရေးအကြီးဆုံး အလုပ်တွေကို အစောပိုင်း လုပ်ခြင်းက သင့်ကို အာရုံပိုစိုက်စေနိုင်ပါတယ်။ ဒါက ကျန်ရှိနေတဲ့ တစ်နေ့တာကို သင့်ကို စိတ်ဖိစီးမှု ကင်းစေပြီး တခြား လုပ်ရမယ့် အရာတွေကို စာရင်းမှတ်ပြီး ဆက်လုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Ways for Men to Reduce Stress. http://www.everydayhealth.com/family-health/mens-health/combat- stress.aspx. Accessed September 10th, 2016.
Strip Away Stress. http://www.menshealth.com/health/19-stress- management-tips.
Accessed September 10th, 2016.
Stress Management For Men. https://greenlivingaz.com/stress-management- for-men/.
Accessed September 10th, 2016.

ယခုပုံစံ

28/10/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လုပ်ငန်းခွင် စိတ်ဖိစီးမှု ကြားမှာ ကျန်းမာနေစေဖို့

သတိ! စိတ်ဖိစီးမှုကြောင့် နှလုံး မထိခိုက်ပါစေနဲ့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement