တစ်နေ့တာမှာ ကျေးဇူးတင် လောက်တဲ့ အရေးစိုက်မှုတွေ၊ ကူညီမှုတွေကို ရတဲ့အခါ ကျေးဇူးတင်ပါတယ် လို့ ပြောမိရဲ့လား။ အလုပ်တွေနဲ့ ဗျာများနေတဲ့ ကာလမှာ လူတွေဟာ တစ်ဦးတစ်ယောက်က ကိုယ့်ကို ကူညီပေးတဲ့အခါမျိုးမှာတောင် ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မေ့နေကြပါတယ်။ တကယ်ကတော့ ကူညီမှုတွေ ဖေးမမှုတွေ ရရှိတဲ့အခါတိုင်းမှာ ကျေးဇူးတင်တယ်လို့ ပြောသင့်ပါတယ်။