home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ

အဆုံးသတ်တော့မယ့် Relationship တစ်ခုရဲ့ လက္ခဏာများ

လူတိုင်းနီးပါး Relationship တစ်ခုကို စတင်ကြတာက အဆုံးသတ်ဖို့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် Relationship အများစုဟာ လမ်းခွဲခြင်းနဲ့ အဆုံးသတ်သွားတတ်ကြပါတယ်။

ကမ္ဘာပေါ်က Relationship တွေဟာ ပေါင်းစည်းရတာထက် လမ်းခွဲတာနဲ့ အဆုံးသတ်ရတာက ပိုများတယ်လို့ အဆိုရှိပါတယ်။ Relationship တစ်ခုခိုင်မြဲနေဖို့ဆိုရင် နမိတ်လက္ခဏာတွေနဲ့ အပြုအမူတွေကို သိနားသဘောပေါက်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ Relationship ဟာ ဘယ်လိုအခြေအနေမျိုးကို ဦးတည်နေသလဲဆိုတာကို သိထားမယ်ဆိုရင် အဆုံးသတ်ဆိုတဲ့အခြေအနေကို ကောင်းမွန်စွာ ကျော်ဖြတ်ရှောင်လွဲနိုင်ဖို့ ရာခိုင်နှုန်းသိသိသာသာမြင့်မားသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်မှာ Relationship က ဘယ်လိုအခြေအနေမျိုးမှာရှိနေလဲဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ အောက်က အခြေအနေတွေရှိနေပြီဆိုရင်တော့ သင့်ရဲ့ Relationship ဟာ အန္တရာယ်ဇုံထဲကိုရောက်နေပြီလို့ မှတ်ယူရပါလိမ့်မယ်။

  1. တစ်ယောက်နဲ့ တယောက် အဆက်အသွယ်ကျဲပြီး ဆက်ဆံရေးတွေ အေးခဲလာနေမယ်။
  2. ထခြားထွက်ပေါက်ရှာလာမယ် ဒါမှမဟုတ် ရှာချင်လာမယ်။
  3. ဘယ်လောက်ကောင်းအောင်လုပ်နေနေ အရာရာကို အပြစ်ရှာတတ်လာမယ်
  4. ထိတွေ့တာ၊ ပွေ့ဖက်တာနမ်းရှုပ်တာစတဲ့ ရုပ်ပိုင်းဆိုင်ရာအရ နှီးနွယ်ပတ်သက်မှုတွေ နည်းပါလားလာမယ်။
  5. သူ့ဆီက/ကိုယ့်ဆီက စတင်ဆက်သွယ်တာမျိုး ကျဲပါးလာမယ်။
  6. လမ်းခွဲဖို့ စိတ်အားပိုင်းဆိုင်ရာအားဖြင့် အဆင်သင့်ဖြစ်နေပြီလို့ ခံစားမိနေမယ်။
  7. စကားစရှာမရတော့လို့ ပြောပြီးသားစကားတွေကိုပဲ အထပ်ထပ်ပြောနေမိမယ်။
  8. ဒီ Relationship အပေါ် မပျော်မရွှင်ဖြစ်လာပြီး စိတ်ကျန်းမာရေးအခြေအနေအပေါ် သက်ရောက်မှုရှိလာမယ်။
  9. အရာအားလုံးပြောင်းလဲနေပြီလို့ ခံစားလာရမယ်။
  10. ယုံကြည်မှုနည်းပါးလာမယ်။
  11. ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ ပြဿနာတွေ ခဏခဏတက်မယ်။
  12. ရန်ဖြစ်တဲ့အချိန်တိုင်းမှာ မေတ္တာထားနိုင်စွမ်း၊ သည်းခံနိုင်စွမ်း လျော့နည်းလာမယ်။
  13. တခြားစိတ်ဝင်စားစရာ လူပုဂ္ဂိုလ် ဒါမှမဟုတ် ဝါသနာတွေကို ရှာဖွေလာမယ်။
  14. အနာဂတ်ဟာ မရေရာတော့ဘူးလို့ တွေးမိလာမယ်။ တကယ်လည်း ဘာအနာဂတ်မှ မရှိတော့ဘူး။
  15. ကိုယ့်မှားနေတယ်လို့အပြောခံရတိုင်း နာကျင်မှုကို ပိုခံစားရမယ်။
  16. သူငယ်ချင်းမိတ်ဆွေတွေ၊ တခြားလူတွေနဲ့ ပိုအချိန်ဖြုန်းမိလာမယ်။
  17. ဆွေးနွေးညှိနှိုင်းလိုစိတ်မရှိတော့ဘူး။ အရာရာကို ပိုပြီး ပြတ်သားချင်လာမယ်။
  18. ကိုယ့်ကိုယ်ကို ဦးစားပေးလာမယ်။ ကိုယ်အဆင်ပြေဖို့ ပိုစဉ်းစားလာမယ်။
  19. လိမ်ညာတာ၊ ဖောက်ပြန်တာ၊ လှည့်စားတာတွေ ပိုပိုလုပ်မိလာမယ်။
  20. ငြီးငွေ့တဲ့ ခံစားချက်ကို ထပ်ခါတလဲလဲ ခံစားမိနေမယ်။
  21. တဖက်မှာ သူရှိနေရင်တောင်မှ အထီးကျန်တယ်လို့ ခံစားမိနေမယ်။
  22. သူမရှိနေချိန်မှာ သတိမရတော့ဘူး၊ မလွမ်းတော့ဘူး။

ဒီအချက်တွေထဲက အချက်တော်တော်များများ ဒါမှမဟုတ် အကုန်လုံး သင့်ဆီမှာ ဒါမှမဟုတ် သင့်ရဲ့လက်တွဲဖော်ဆီမှာ ရှိနေမယ်ဆိုရင်တော့ ဒီ Relationship ဟာ အဆုံးသတ်သွားဖို့ နီးစပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

တစ်ယောက်ယောက်က ရှေ့ဆက်ချင်တဲ့ စိတ်ဆန္ဒရှိနေသေးရင်တောင်မှ ပြန်လည်ပြုပြင်ယူဖို့ အတော်လေးကြိုးစားကြရတော့မယ့် အခြေအနေပါ။

ဒီအခြေအနေမျိုးအထိရောက်မလာအောင် စတင်လက်တွဲစဉ်ကတည်းက ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ယုံကြည်မှုရှိရှိနဲ့ အရာရာကို ရင်ဆိုင်ဖြေရှင်းတတ်တဲ့ အလေ့အထလေးတစ်ခု ကြိုတင်ပြီးထားရှိထားဖို့ အကြံပေးပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 19/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။