backup og meta

ကျေးဇူးတင် တတ်ပါစေ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 03/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျေးဇူးတင် တတ်ပါစေ။

    တစ်နေ့တာမှာ ကျေးဇူးတင် လောက်တဲ့ အရေးစိုက်မှုတွေ၊ ကူညီမှုတွေကို ရတဲ့အခါ ကျေးဇူးတင်ပါတယ် လို့ ပြောမိရဲ့လား။ အလုပ်တွေနဲ့ ဗျာများနေတဲ့ ကာလမှာ လူတွေဟာ တစ်ဦးတစ်ယောက်က ကိုယ့်ကို ကူညီပေးတဲ့အခါမျိုးမှာတောင် ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မေ့နေကြပါတယ်။ တကယ်ကတော့ ကူညီမှုတွေ ဖေးမမှုတွေ ရရှိတဲ့အခါတိုင်းမှာ ကျေးဇူးတင်တယ်လို့ ပြောသင့်ပါတယ်။

    ဒီလိုပြောရတာက ကျေးဇူးတင်တတ်ခြင်းက ကောင်းမွန်တဲ့ အပြုအမူ တစ်ခုဆိုတာထက် ပိုလို့ပါ။ ကိုယ်တိုင်ကိုရော ကျေးဇူးတင်စကား ပြောခံရသူကိုရောပါ စိတ်ကျန်းမာစေနိုင်ပါတယ်။

    ကျေးဇူးတင်တတ်ပါစေ။

    ကျေးဇူးတင်စကား ဆိုတတ်တာက ထင်ထားတာထက် အများကြီး အကျိုးများပါတယ်။ ကျေးဇူးတင်စကားဆိုတာက ခန္ဓာကိုယ် ကျန်းမာရေးအပေါ်မှာရော ဦးနှောက် ကျန်းမာရေးအပေါ်မှာပါ အများကြီး အထောက်အကူပြုပေးပါတယ်။ ဒီအကျိုးကျေးဇူးက နှစ်ဦးနှစ်ဖက်စလုံးဆီမှာ အကျိုးများစေတာပါ။

    အလုပ်ခွင်ထဲမှာဖြစ်ဖြစ်၊ မိသားစုဘဝမှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေကိုဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာဖြစ်ဖြစ် ကျေးဇူးတင်စကားပြောတတ်တာက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေမှာပါ။

    ကျေးဇူးတင် တတ်တာက ကောင်းမွန်တဲ့ အပြုအမူ တစ်ခုဆိုတာထက် ပိုပါတယ်။

    ကျေးဇူးတင်တတ်တာက လူတိုင်း မွေးမြူသင့်တဲ့ ကောင်းမွန်တဲ့ အလေ့အထ တစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကျေးဇူးတင်တာက

     ကောင်းကောင်း အိပ်ပျော်စေတယ်

    ကျေးဇူးတင်စကား ဆိုလိုက်တဲ့အခါ စိတ်ကျေနပ်မှု ရရှိစေပြီး ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ အသုံးချစိတ်ပညာမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအရ ကျေးဇူးတင်စကားဆိုတတ်တဲ့ သူတွေဟာ အခြားသူတွေထက် ပိုမိုအိပ်ပျော်တာကိုတွေ့ရပါတယ်။

    အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို မခံစားရသလို နိုးထတဲ့အခါမှာလည်း ကြည်ကြည်လင်လင်နဲ့ နိုးထလာနိုင်တာကိုတွေ့ရပါတယ်။ အိပ်စက်မှုဆိုင်ရာပြဿနာ ဖြစ်ပေါ်နေမယ်ဆိုရင်ပဲဖြစ်ဖြစ် အိပ်ဆေးသောက်မှ အိပ်ပျော်တယ်ဆိုရင်ပဲဖြစ်ဖြစ် ကျေးဇူတင်စကားဆိုတဲ့ အလေ့အကျင့် ကုထုံးကိုသုံးကြည့်ပါ လို့ပြောပါရစေ။

    စိတ်အားတက်ကြွစေတယ်

    ကျေးဇူးတင်စကား ဆိုတာက ပြောလိုက်တဲ့သူကိုရော အပြောခံရတဲ့သူကိုပါ စိတ်ကျေနပ်မှု ရရှိစေပြီး စိတ်အားတက်ကြွစေနိုင်ပါတယ်။ အလုပ်ခွင်မှာရော နေ့စဉ်ဘဝမှာပါ တက်တက်ကြွကြွ ဖြတ်သန်းချင်တယ်ဆိုရင် ကျေးဇူးတင်တတ်တဲ့ အလေ့အထကို မွေးမြူဖို့ လိုပါမယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    ကျေးဇူးတင်တတ်တဲ့ အလေ့အထက အကောင်းမြင်စိတ် ပိုများစေတာကြောင့် ကိုယ်တွင်းက ဟော်မုန်းတွေကို ညီမျှစေပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါသတဲ့။ ကျေးဇူးတင်တတ်သူတွေမှာ ဖျားနာမှု ဖြစ်ခဲသလို ရောဂါကင်းကြပါတယ်။

    နှလုံးကျန်းမာစေတယ်

    ကျေးဇူးတင်တတ်တာက စိတ်ဖိစီးမှု ကင်းစေသလို သွေးစီးဆင်းမှုကိုလည်း ကောင်းစေတာကြောင့် နှလုံးကို ကျန်းမာစေပါတယ်။ ကျေးဇူးတင်လိုက်ခြင်းက စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ရရှိစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်လို့ နှလုံးကျန်းမာစေပါတယ်။

    ယုံကြည်မှု တိုးစေတယ်

    ကျေးဇူးတင်တတ်တဲ့ အလေ့အထကို မွေးမြူတာ ကြာလာလေလေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာလေလေပါ။ ကျေးဇူးတင်တတ်သူတွေဟာ အခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုများတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

    ပေါင်းသင်းဆက်ဆံရေး ကောင်းစေတယ်

    ကျေးဇူးတင်စကား ဆိုတတ်သူတွေက အခြားသူတွေထက် ပိုပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းကြတာကို တွေ့ရှိခဲ့ရပါတယ်။ ကျေးဇူးတင်စကားဆိုတတ်တာက လူချစ်လူခင် ပိုများစေပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းကြပါတယ်။

    ဦးနှောက် အရွယ်တင်စေတယ်

    ကျေးဇူးတင်တာက ဦးနှောက် အိုမင်းမှု ဖြစ်စဉ်ကို နှေးစေပြီး ဦးနှောက်ကို အရွယ်တင်စေလို့ မှတ်မိနိုင်စွမ်း ပိုကောင်းစေပါတယ်။ မေ့တတ်တာတွေ၊ မှတ်မိနိုင်စွမ်းကျတာတွေ မဖြစ်စေဖို့ လုပ်ရမယ့် အလွယ်ကူဆုံး နည်းလမ်းကတော့ ကျေးဇူးတင်ရမယ့် အနေအထားမျိုးနဲ့ ကြုံလာတဲ့အခါ ကျေးဇူးတင်လိုက်ပါ။

    စိတ်ရှည်ကြတယ်

    စိတ်ရှည်မှုက လူတွေကို အောင်မြင်စေတဲ့ အရေးပါတဲ့ အချက်တွေထဲက တစ်ခုပါ။ ဒီတော့ အောင်မြင်မှု ရအောင် ထောက်ကူပေးမယ့် စိတ်ရှည်မှုကို အလေ့အကျင့် ရလာဖို့ဆိုရင် ကျေးဇူးတင်တတ်တဲ့ အလေ့အထကို အရင်ဆုံး မွေးမြူလိုက်ပါ။

    ကဲ…… ကျေးဇူးတင်တတ်တာက ကောင်းမွန်တဲ့ အပြုအမူ တစ်ခုဆိုတာထက် ပိုပါတယ် လို့ ဒါကြောင့် ပြောရတာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 03/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement