သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ

    အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ

    ဗိုက်တင်းအောင်စားထားတာတောင်မှ စားစရာကိုမြင်လိုက်ရင်စားချင်လာတယ်၊တွေးလိုက်တာ နဲ့ ကြားလိုက်တာနဲ့ ထပ်စားချင်လာတာမျိုးဖြစ်ဖူးလား။ ဒါဆိုရင်တော့ မဆာဘဲနဲ့ကို စိတ်မထိန်းနိုင်တာကြောင့်စားမိနေတဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုကို ခံစားနေရတာပါ။ ဒါဆိုရင်တော့ ဒီလိုဖြစ်နေရတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    ပုံမှန်ထက် ပိုစားမိနေပြီလား…………

    ထမင်းစားပြီးတာမကြာသေးခင်မှာ မုန့်စားချင်တယ်၊ ဒါမှမဟုတ် ထမင်းထပ်စားချင်လာတယ်ဆိုတာမျိုးတွေဖြစ်လာတဲ့အခါ စိတ်အလိုလိုက်ပြီး ထပ်စားမိလိုက်တယ်။ ဒါကအမှန်တော့ ခန္ဓါကိုယ်က လိုအပ်တဲ့ပမာဏထက် ပိုစားမိတာပါပဲ။ ဒါကို အလွန်အကျွံစားသုံးမိခြင်းလို့ဆိုရပါမယ်။ ဒီလိုစားသုံးမှုက ခဏတာလောက်ပဲဆိုရင် ကိစ္စမရှိပေမယ့် အချိန်ကြာမြင့်စွာ စားသုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ခြေကတော်တော်လေးများနေပါပြီ။

    အလွန်အကျွံစားသုံးမိတာကြောင့် ဘာတွေဖြစ်လာနိုင်လဲ……….

    အလွန်အကျွံစားသုံးမိတာက အချိန်ကြာလာတဲ့အခါ

    အလွန်အကျွံစားသုံးမိတဲ့အကျင့်ကို ဒီလိုဖျောက်ပါ…………….

    ဒီအလိုအခြေအနေကို ထိန်းချုပ်ဖို့ကတော်တော်လေးတော့ခက်မှာပါ။ ဒါပေမယ့်သေချာလေးဂရုစိုက်လုပ်ဆောင်မယ်ဆိုရင်တော့ အဆင်ပြေအောင်မြင်မယ်ဆိုတာ အသေအချာပါ။

    တီဗွီကြည့်ရင်းအစားစားတဲ့ အကျင့်ကိုပြင်ပါ

    အစားစားတဲ့အခါ အခြားတစ်ခုခုကို အာရုံစိုက်ထားတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ ပိုစားမိသွားနိုင်တာကြောင့်ပါ။ ဒါကြောင့် အစားစားနေချိန်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ တီဗွီကြည့်တာမျိုးတွေမလုပ်ပါနဲ့။ အများကြီးမစားမိစေဖို့ အစားစားနေချိန်မှာ စားစရာကလွဲလို့ အခြားအရာတွေကိုအာရုံစိုက်မထားပါနဲ့။

    ကိုယ့်ရဲ့အားနည်းချက်ကိုသိအောင်လုပ်ပါ

    အစားကိုလိုတာထက်ပိုမစားမိစေဖို့ အရင်ဆုံးလုပ်ရမှာက ကိုယ့်ရဲ့အားနည်းချက်ကိုသိအောင်လုပ်ဖို့ပါ။ ညနေစာစားပြီးတိုင်းရေခဲမုန့်တစ်ခွက်စားနေကျဆိုရင် နည်းနည်းချင်းစီလျှော့စားပြီးနောက်ဆုံးလုံးဝမစားမိတဲ့အထိ ကျင့်ယူပါ။ အချိုစာတွေအစား သစ်သီးတွေပြောင်းစားတာမျိုးလုပ်ပါ။

    အရမ်းကြိုက်တဲ့ အစားတွေအကုန်လုံးကို တစ်ခါတည်းနဲ့ မဖြတ်ပါနဲ့

    အာလူးကြော်တွေ၊ရေခဲမုန့်တွေကို အထုပ်လိုက်၊ ဗူးလိုက်ချစားတာက အများကြီးစားမိစေနိုင်ပါတယ်။ ဒါကြောင့် ကုန်သလောက် နည်းနည်းချင်းစီ ခွဲထည့်ပြီးစားပေးပါ။ ဒီလိုစားပေးတာက မလိုအပ်ဘဲ အပိုစားမိတာကို ထိထိရောက်ရောက် ဟန့်တားနိုင်မှာပါ။

    စိတ်ဖိစီးမှုကိုလျှော့ချပါ

    နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကလည်း မလိုအပ်ဘဲ စားမိတာမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုပြေလျော့စေနိုင်တဲ့ယောဂလေ့ကျင့်တာသီချင်းနားထောင်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ တရားထိုင်တာလိုမျိုး အလေ့အထလေးတွေကို လုပ်ပေးပါ။

    အမျှင်ဓါတ်ကြွယ်ဝတာတွေကို စားသုံးပေးပါ

    အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ကြတဲ့ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အုတ်ဂျုံနဲ့လုပ်ထားတဲ့ cerealတွေကို စားပေးပါ။ ဒီအစားအစာတွေက အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး အလွန်အကျွံစားသုံးမိတာကို အထိရောက်ဆုံးလျှော့ချပေးနိုင်မှာပါ။

    အစားကို အချိန်မှန်မှန်စားပေးပါ

    အစားစားချိန်မှန်တာက ဝိတ်ကျဖို့အတွက်အထောက်အကူပြုနိုင်သလို ကယ်လ်လိုရီစားသုံးမှုကိုလည်းလျှော့ချပေးနိုင်ပါတယ်။ ပုံမှန်မစားမိတာက လိုတာထက်ပိုစားမိစေဖို့ အလားအလာတော်တော်လေးများစေနိုင်တာပါ။ ဒါကြောင့် အစားကို အချိန်မှန်မှန်စားပေးပါ။

    ပရိုတင်းြပည့်ဝတာကို စားပါ

    ပရိုတင်းကလည်း အဆာခံနိုင်စေပါတယ်။ ဒါကြောင့် အများကြီးမစားမိအောင်အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် မနက်စာကစပြီး တစ်နေ့တာစားသုံးမှုမှာ ပရိုတင်းပြည့်ဝအောင်စားသုံးပေးစေချင်ပါတယ်။

    အစာကိုဖြည်းဖြည်းချင်းဝါးစားပါ

    အစာကိုဖြည်းဖြည်းချင်းဝါးစားပေးတာကလည်း အများကြီးမစားမိအောင် ထိန်းရာကျပါတယ်။ ဒါကြောင့် အစားစားတဲ့အခါ အလောတကြီးနဲ့ ခပ်မြန်မြန် မစားပါနဲ့။ ဒါကြောင့် အစားစားတဲ့အခါ ခပ်မြန်မြန်စားတာမျိုး မလုပ်ပါနဲ့။

    အချိုရည်အစားရေကိုပဲသောက်ပါ

    အချိုရည်တွေသေက်သုံးမှုက အစားတွေကို ပိုစားမိစေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားတဲ့အခါသောက်စရာတစ်ခုခုသောက်ချင်တယ်ဆိုရင် အချိုရည်မသောက်ပါနဲ့။ရေပဲသောက်ပေးပါ။

    အလွန်အကျွံစားမိတာကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေမဖြစ်စေဖို့ ဒီအချက်လေးတွေကို သတိထားစေချင်ပါတယ်နော်… Hello ဆရာဝန်ပရိသတ်ကြီးရေ

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    What are the best ways to stop overeating?https://www.medicalnewstoday.com/articles/325258.php Accessed Date 9 August 2019

    23 Simple Things You Can Do to Stop Overeatinghttps://www.healthline.com/nutrition/how-to-stop-overeatingAccessed Date 9 August 2019

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။