backup og meta

အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ

    အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ …. ဗိုက်တင်းအောင်စားထားတာတောင်မှ စားစရာကို မြင်လိုက်ရင် စားချင်လာတယ်၊ တွေးလိုက်တာနဲ့ ကြားလိုက်တာနဲ့ ထပ်စားချင်လာတာမျိုးဖြစ်ဖူးလား။ ဒါဆိုရင်တော့ မဆာဘဲနဲ့ကို စိတ်မထိန်းနိုင်တာကြောင့် စားမိနေတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ခံစားနေရတာပါ။ ဒါဆိုရင်တော့ ဒီလိုဖြစ်နေရတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    ပုံမှန်ထက် ပိုစားမိနေပြီလား…………

    ထမင်းကို ဝဝလင်လင်စားပြီးတာ မကြာသေးခင်မှာ မုန့်စားချင်တယ် ဒါမှမဟုတ် ထမင်းထပ်စားချင်လာတယ်ဆိုတာမျိုးတွေ ဖြစ်လာတဲ့အခါ စိတ်အလိုလိုက်ပြီး ထပ်စားမိလိုက်တယ်။ ဒါက အမှန်တော့ ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏထက် ပိုစားမိတာပါပဲ။ ဒါကို အလွန်အကျွံစားသုံးမိခြင်းလို့ ဆိုရပါမယ်။ ဒီလိုစားသုံးမှုက ခဏတာလောက်ပဲဆိုရင် ကိစ္စမရှိပေမယ့် အချိန်ကြာမြင့်စွာ စားသုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ခြေက တော်တော်လေးများနေပါပြီ။

    အလွန်အကျွံစားသုံးမိတာကြောင့် ဘာတွေဖြစ်လာနိုင်လဲ……….

    အလွန်အကျွံစားသုံးမိတာက အချိန်ကြာလာတဲ့အခါ

    အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ

    ဒီအလိုအခြေအနေကို ထိန်းချုပ်ဖို့က တော်တော်လေးတော့ ခက်မှာပါ။ ဒါပေမယ့် သေချာလေးဂရုစိုက်လုပ်ဆောင်မယ်ဆိုရင်တော့ အဆင်ပြေအောင်မြင်နိုင်ပါတယ်။ ဒီတော့ အလွန်အကျွံစားသုံးမိနေတဲ့ အကျင့်ကို ဒီလိုဖျောက်ပါ ………….

    • တီဗွီကြည့်ရင်း အစားစားတဲ့ အကျင့်ကိုပြင်ပါ

    အစားစားတဲ့အခါ အခြားတစ်ခုခုကို အာရုံစိုက်ထားတာမျိုး မလုပ်ပါနဲ့။ မလိုအပ်ဘဲ ပိုစားမိသွားနိုင်တာကြောင့်ပါ။ ဒါကြောင့် အစားစားနေချိန်မှာ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ တီဗွီကြည့်တာမျိုးတွေ မလုပ်ပါနဲ့။ အများကြီးမစားမိစေဖို့ အစားစားနေချိန်မှာ စားစရာကလွဲလို့ အခြားအရာတွေကို အာရုံစိုက်မထားပါနဲ့။

  • ကိုယ့်ရဲ့အားနည်းချက်ကို သိအောင်လုပ်ပါ
  • အစားကို လိုတာထက် ပိုမစားမိစေဖို့ အရင်ဆုံးလုပ်ရမှာက ကိုယ့်ရဲ့အားနည်းချက်ကို သိအောင်လုပ်ဖို့ပါ။ ညနေစာစားပြီးတိုင်း ရေခဲမုန့်တစ်ခွက်စားနေကျဆိုရင် နည်းနည်းချင်းစီလျှော့စားပြီး နောက်ဆုံးလုံးဝမစားမိတဲ့အထိ ကျင့်ယူပါ။ အချိုစာတွေအစား သစ်သီးတွေ ပြောင်းစားတာမျိုးလုပ်ပါ။

    • အရမ်းကြိုက်တဲ့ အစားတွေအကုန်လုံးကို တစ်ခါတည်းနဲ့ မဖြတ်ပါနဲ့

    အာလူးကြော်တွေ၊ ရေခဲမုန့်တွေကို အထုပ်လိုက်၊ ဘူးလိုက်ချစားတာက အများကြီးစားမိစေနိုင်ပါတယ်။ ဒါကြောင့် ကုန်သလောက် နည်းနည်းချင်းစီ ခွဲထည့်ပြီးစားပေးပါ။ ဒီလိုစားပေးတာက မလိုအပ်ဘဲ အပိုစားမိတာကို ထိထိရောက်ရောက် ဟန့်တားနိုင်မှာပါ။

    နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကလည်း မလိုအပ်ဘဲ စားမိတာမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုပြေလျော့စေနိုင်တဲ့ ယောဂလေ့ကျင့်တာသီချင်းနားထောင်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ တရားထိုင်တာလိုမျိုး အလေ့အထလေးတွေကို လုပ်ပေးပါ။

    အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ကြတဲ့ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ အုတ်ဂျုံနဲ့ လုပ်ထားတဲ့ cerealတွေကို စားပေးပါ။ ဒီအစားအစာတွေက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး အလွန်အကျွံစားသုံးမိတာကို အထိရောက်ဆုံးလျှော့ချပေးနိုင်မှာပါ။

    • အစားကို အချိန်မှန်မှန်စားပေးပါ

    အစားစားချိန်မှန်တာက ဝိတ်ကျဖို့အတွက် အထောက်အကူပြုနိုင်သလို ကယ်လ်လိုရီစားသုံးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ပုံမှန်မစားမိတာက လိုတာထက်ပိုစားမိစေဖို့ အလားအလာတော်တော်လေး များစေနိုင်တာပါ။ ဒါကြောင့် အစားကို အချိန်မှန်မှန်စားပေးပါ။

    ပရိုတင်းကလည်း အဆာခံနိုင်စေပါတယ်။ ဒါကြောင့် အများကြီးမစားမိအောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် မနက်စာကစပြီး တစ်နေ့တာစားသုံးမှုမှာ ပရိုတင်းပြည့်ဝအောင် စားသုံးပေးစေချင်ပါတယ်။

    • အစာကို ဖြည်းဖြည်းချင်းဝါးစားပါ

    အစာကို ဖြည်းဖြည်းချင်းဝါးစားပေးတာကလည်း အများကြီးမစားမိအောင် ထိန်းရာကျပါတယ်။ ဒါကြောင့် အစားစားတဲ့အခါ အလောတကြီးနဲ့ ခပ်မြန်မြန် မစားပါနဲ့။ အနည်းဆုံးမိနစ် ၂၀လောက်အချိန်ပေးပြီး ကြေညက်အောင် ဝါးစားပါ။ စားတဲ့ ပမာဏကိုလည်း ထိန်းပြီးသား ဖြစ်သလို အစာမကြေတဲ့ ပြဿနာလည်း ရှင်းပြီးသား ဖြစ်သွားပါတယ်။

    တချို့လေ့လာချက်တွေအရ အချိုရည်တွေ အလွန်အကျွံသောက်သုံးမှုက အစားတွေကို ပိုစားမိစေနိုင်ပါတယ်တဲ့။ ဒါ့ပြင် အချိုရည်တွေက အဝလွန်စေပြီး ရေရှည်မှာ ဆီးချိုရောဂါဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားတဲ့အခါ သောက်စရာတစ်ခုခုသောက်ချင်တယ်ဆိုရင် အချိုရည်မသောက်ပါနဲ့။ ရေပဲသောက်ပေးပါ။

    အလွန်အကျွံစားမိတာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်စေဖို့ ဒီအချက်လေးတွေကို သတိထားစေချင်ပါတယ်နော်… Hello ဆရာဝန်ပရိသတ်ကြီးရေ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement