Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

ရေးသားသူ

Update Date ဇန်နဝါရီ 18, 2021 . 2 mins read
Share now

“ မျက်စိမှိတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ
နှလုံးသားကို နားဆင်ငြား စကားတွေပြောနေလိုက်တာ” ဆိုတဲ့ အလှရဲ့သစ္စာတရား သီချင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ သီချင်းလေးထဲက မျက်စိလေးကို မှိတ်လိုက်ချိန်မှာ ချစ်သူရဲ့ ပုံရိပ်တွေ မြင်ယောင်နေတယ်ဆိုတဲ့အကြောင်း ရေးဖွဲ့ထားတာလေးက ကြည်နူးစရာ။

ဒါဆို သင်လည်း မျက်လုံးကို မှိတ်ကြည့်လိုက်ပါ။ ပြီးရင် တစ်စုံတစ်ခုကို စိတ်ကူးပုံဖော်ကြည့်ပါ။ ချစ်ရသူကိုပဲ ဖြစ်ဖြစ်ပေါ့။ လူသားတွေရဲ့ မှတ်ဉာဏ်ဟာ မျက်လုံးမှိတ်ထားချိန်မှာတောင် ပုံရိပ်တွေ ခံစားပုံပေါ်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမယ့် သင်မြင်ယောင်ချင်တဲ့ တစ်စုံတစ်ရာက သင့်စိတ်ထဲမှာ ပုံသဏ္ဍာန်ပေါ်နေရဲ့လား။

သင့်ချစ်သူပုံရိပ် ပေါ်မလာဘူးဆိုရင်တော့ သင့်မှာ ပြဿနာရှိနေပါပြီ။ သင့်ချစ်သူရဲ့ စိတ်ဆိုးမှုတင်မဟုတ်ပါဘူး။ အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုကိုပါ ရင်ဆိုင်နေရတာပါ။

လူတိုင်းက စိတ်ကူးထဲမှာ ပုံရိပ်ဖော်နိုင်စွမ်းမရှိပါဘူး။ လေ့လာချက်တွေအရ လူတိုင်း ခုလိုမျိုး စိတ်ထဲမှာ စိတ်ကူးပုံဖော်နိုင်စွမ်းမရှိကြဘူးလို့ သိလာရပါတယ်။ ဒီအဖြစ်အပျက်တွေကို စတင်တွေ့ရှိခဲ့တာက ၁၈၈၀ ခုနှစ်ကတည်းကပါ။ ဒါပေမယ့် ပိုပြီးတွင်တွင်ကျယ်ကျယ်သိလာရတာကတော့ ၂၀၁၀ ခုနှစ်မှလို့ ဆိုရပါလိမ့်မယ်။

၂၀၁၅ ခုနှစ်မှာတော့ ရောဂါတစ်ခုအဖြစ် လက်ခံလာကြပြီး နာမည်လည်းမှည့်ခေါ်ခဲ့ကြပါတယ်။ Aphantasia တဲ့။

Aphantasia သို့ စိတ်ကူးတွင် ပုံရိပ်ဖော်နိုင်စွမ်း ကင်းမဲ့ခြင်း

Aphantasia ဆိုတာက လူသိနည်းလှတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ဦးနှောက်အာရုံကြောနဲ့သက်ဆိုင်ပေမယ့် စိတ်ကျန်းမာရေးပြဿနာတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။

သူ့ရဲ့ နာမည်ကလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ ဂရိဘာသာစကားဖြစ်တဲ့ စိတ်ကူးပုံဖော်ခြင်းဆိုတဲ့ Phantasia ကို A ထပ်ပေါင်းပြီး Aphantasia လို့ မှည့်ခေါ်ထားတာပါ။ မှဆင်းသက်လာခြင်းဖြစ်ပြီး စိတ်ကူးပုံရိပ်ဖော်နိုင်စွမ်း မရှိခြင်းပေါ့။

Aphantasia ရှိနေသူတွေဟာ ကိုယ့်ရဲ့စိတ်ကူးထဲမှာ ဘယ်လိုအရာကိုမှ မြင်နိုင်စွမ်းမရှိပဲ ဗလာကင်းမဲ့နေတတ်တာမျိုးပါ။ စိတ်ကူးထဲမှာ အရာဝတ္ထုပစ္စည်း၊ နေရာဒေသ၊ လူပုံရိပ်တွေကို အကောင်အထည်ဖော်နိုင်စွမ်း၊ မြင်နိုင်စွမ်းလုံးဝရှိနေမှာ မဟုတ်ပါဘူး။

ဥပမာ ကိုယ့်လက်ထဲမှာ ဖုန်းတစ်လုံးကိုင်ထားတယ်ဆိုပါစို့။ မျက်လုံးမှိတ်ကြည့်ပြီး ပြန်မြင်ယောင်ကြည့်ပါ။ သင့်အမြင်အာရုံက မှောင်မဲနေတာကိုပဲ မြင်ရပါလိမ့်မယ်။ စိတ်ကူးရှိသလို အသွင်သဏ္ဍာန်မျိုးစုံ ပုံပေါ်ကြည့်နိုင်ဖို့ဝေးစွာ မူလကြည့်လိုက်တဲ့ ပုံစံအတိုင်းတောင် မမြင်နိုင်တာပါ။

Aphantasia ဝေဒနာက မှတ်ဉာဏ်ချို့တဲ့တာမျိုးမဟုတ်ပါဘူး။ ဦးနှောက်ရဲ့ ပုံရိပ်ဖော်လုပ်ဆောင်ချက်တွေ ကောင်းကောင်းအလုပ်မလုပ်တာပါ။ ဒီဝေဒနာကို ကြီးလာမှကြုံရတာမျိုးရှိသလို တစ်ချို့တွေဆိုရင် မွေးရာပါအနေနဲ့ ကြုံရတတ်ပါတယ်။ ကြီးလာမှကြုံရတာတွေကတော့ ခွဲစိတ်မှုတွေနဲ့ ပတ်သက်နေတတ်ပါတယ်။

ပုံမှန်အားဖြင့် Aphantasia လူနာတွေရဲ့ ဦးနှောက်ဟာ သာမန်လူတွေနဲ့ တူညီပေမယ့် MRI ရိုက်ပြီး စစ်ဆေးကြည့်ရာမှာတော့ တစ်စုံတစ်ခုကို ပုံရိပ်ဖော်ဖို့ ကြိုးစားချိန်တွေမှာ ဦးနှောက် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းတို့ရဲ့ လှိုင်းရွေ့လျားမှုပုံစံတွေဟာ သာမန်ကျန်းမာသူတွေနဲ့ တူညီခြင်းမရှိပါဘူး။

ဒီဘက်ခေတ်လေ့လာချက်တွေအရ ထပ်ပြီးသိလာရတာကတော့ ဒီကျန်းမာရေးပြဿနာကို ရင်ဆိုင်နေရသူတွေဟာ ပုံမှန်အချိန်မှာ မှတ်ဉာဏ်ကို ပြန်ပြီး ပုံရိပ်ဖော်ဖို့ ခက်ခဲနေကြပေမယ့် အိပ်ပျော်နေစဉ် အိပ်မက် မက်စဉ်မှာတော့ ပုံရိပ်တွေ မြင်ယောင်နိုင်တယ်ဆိုတာပါပဲ။

စိတ်မျက်စိကွယ်နေကြသူများ

Aphantasia ဖြစ်လာရတဲ့ အကြောင်းအရင်းကို ယနေ့အချိန်အထိ တိတိကျကျမသိရသေးသလို ကုသနိုင်တဲ့ ကုထုံးနည်းလမ်းတွေလည်း မရှိသေးပါဘူး။ နေ့စဉ် လူနေမှုဘဝထဲက လုပ်ငန်းဆောင်တာတွေကို ကြီးကြီးမားမားထိခိုက်တာမျိုးမဖြစ်စေပေမယ့် လူမှုဆက်ဆံရေးမှာ တစ်ခါတစ်ရံတော့ အခက်ကြုံရတာမျိုး ဖြစ်ရတတ်ပါတယ်။

နောက်ပြီး မိမိမှာ ဒီလိုဝေဒနာမျိုးရှိနေတယ်ဆိုတာကို သိသွားရချိန်မှာ တစ်ချို့လူနာတွေကတော့ အားငယ်တာ၊ စိတ်ဓာတ်ကျတာ၊ သိမ်ငယ်တာမျိုးတွေ ခံစားသွားရတတ်တာမျိုးလည်း ရှိတတ်ပါတယ်။

နောက်ဆုံး သိလာရတဲ့ လေ့လာချက်တွေအရဆိုရင်တော့ Aphantasia ဝေဒနာရှိသူတွေဟာ စိတ်ကူးထဲမှာ ပုံရိပ်မဖော်နိုင်ရုံတင်မကဘဲ လူတွေရဲ့မျက်နှာတွေကို မှတ်မိနိုင်စွမ်းလည်း အားနည်းတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူတို့တွေကို “ Bind in their mind eyes” (စိတ်မျက်စိကွယ်နေကြသူတွေ) လို့ ခေါ်ကြတာပါ။

တစ်ဖက်မှာလည်း ဒီဝေဒနာဟာ အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး။ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာချက်အရဆိုရင် Aphantasia သမားတွေဟာ မှတ်ဉာဏ်ထဲက ပုံရိပ်ကိုပြန်ဖော်နိုင်စွမ်းမရှိတာကြောင့် “False memories” လို့ခေါ်တဲ့ မှတ်ဉာဏ်အမှားတွေကို ရှောင်လွှဲနိုင်ပြီး ပိုပြီးတိတိကျကျ လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ Spatial memory လိုမျိုး ဦးနှောက်က အလိုအလျောက်သိမှတ် တုန့်ပြန်နိုင်စွမ်းလည်း သာမန်လူတွေထက် ပိုမြင့်မားကြပါတယ်တဲ့ဗျာ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ (onions) စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 20, 2021 . 2 mins read

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

တင်ပါးဆုံဆိုတာက  ဝမ်းဗိုက်အောက်ဘက်နားမှာရှိတဲ့ ဇလုံလို ခပ်ခွက်ခွက် အစိတ်အပိုင်းပါ။ ကျောရိုးကို ထောက်ကန်ပေးထားပြီး အတွင်းအင်္ဂါကို ကာကွယ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် အရေပြားပြဿနာဟာ ပြင်းထန်ပြီး နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်တာကြောင့် သေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ကစလို့ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးအားနည်းရောဂါ (Anemia)

သွေးအားနည်းရောဂါဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

blurry-vision-causes အမြင်မကြည်

အမြင်မကြည် ရသည့် အကြောင်းတရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 4, 2021 . 3 mins read
မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read
Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read