brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ်က မြန်မာလူမျိုးတွေ အကြိုက်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အချိုပွဲ အနေနဲ့တော့ ပေါင်မုန့်နဲ့ သုတ်ပြီးဖြစ်ဖြစ် သကြားမပါတဲ့ cracker လေးနဲ့ဖြစ်ဖြစ် တွဲစားလို့ ရပါတယ်။ မြေပဲအရသာနဲ့ ချိုချိုမွှေးမွှေးလေး စားလို့ကောင်းတဲ့ မြေပဲထောပတ်က စိတ်ကျေနပ်စေတဲ့ အရသာကိုတင် ပေးတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း အထောက်အပံ့ပေးပါသေးတယ်။

မြေပဲထောပတ် စားပေးပါ

မြေပဲထောပတ်မှာပါတဲ့ အာဟာရ

အရသာရှိလှတဲ့ မြေပဲထောပတ်မှာ

မြေပဲထောပတ်ကပေးတဲ့ ကျန်းမာရေး

မြေပဲထောပတ်ကို ဆေးဖြစ်ဝါးဖြစ် စားပေးမယ်ဆိုရင်

ကိုယ်ခံအား ကောင်းစေတယ်

မြေပဲထောပတ်မှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် B6 နဲ့ ဇင့် တို့ ပါဝင်နေပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ မြေပဲထောပတ်ကို စားမယ်ဆိုရင် သကြား နဲ့ ဆား ပါဝင်မှု နည်းတာကို ရွေးချယ်စေချင်ပါတယ်။

အာဟာရ ပြည့်ဝစေတယ်

မြေပဲထောပတ်မှာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ လိုအပ်တဲ့ ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ မဂ္ဂနီဆီယမ်၊ ဗီတာမင် E တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ကိုယ်အလေးချိန် ကျစေတယ်

မြေပဲထောပတ်က အမျှင်ဓာတ် နဲ့ ပရိုတင်း ပါဝင်တာကြောင့် အဆာခံစေပြီး စားလိုက်တဲ့အခါ စိတ်ကျေနပ်မှု ရစေတာကြောင့် ဝိတ်ချချင်သူတွေ စားသုံးပေးလို့ ရပါတယ်။

အရိုးတွေ သန်မာစေတယ်

မြေပဲထောပတ်မှာ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေနိုင်တဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ်က ကြွက်သားတွေ အပြင် အရိုးဖြစ်ပေါ်မှု နဲ့ စိတ်ကျန်းမာရေးကိုပါ အထောက်အကူပြု ပေးပါသေးတယ်။ အရိုး သန်မာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဆီးချိုဖြစ်နိုင်ခြေ လျော့ကျစေတယ်

လေ့လာမှုတစ်ရပ်အရ တစ်နေ့ကို မြေပဲထောပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ တစ်ပတ်ကို ၅ ရက်ထက်မနည်း စားပေးမယ်ဆိုရင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်၊ လို့ သိရပါတယ်။

သဘာဝစစ်စစ် မြေပဲထောပတ် ဖြစ်ဖို့တော့ လိုပါမယ်။

သွေးတိုးကျစေ နိုင်တယ်

မြေပဲထောပတ်မှာ ကျောက်ကပ်က သွေးစစ်ထုတ်တာကို ကူညီပေးပြီး ဗဟိုအာရုံကြောစနစ်ကို ကျန်းမာစေတဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးမတိုးစေဖို့ ကာကွယ်ပေးပြီး နှလုံး ကျန်းမာစေဖို့လည်း အထောက်အကူ ပြုပါတယ်။

ရင်သားရောဂါတွေကို ကာကွယ်ပေးတယ်

ငယ်ရွယ်စဉ်မှာ မြေပဲထောပတ်စားပေးတာက ရင်သားကင်ဆာ အပါအဝင် ရင်သားမှာ ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာ အမျိုးမျိုးကို ကာကွယ်ပေးနိုင်တယ်၊ လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။

ရင်သားကင်ဆာ မျိုးရိုး ရှိသူတွေ အနေနဲ့ မြေပဲထောပတ် စားပေးမယ်ဆိုရင် ရင်သားကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်မှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/10/2021 ဖြစ်ပါသည်။