backup og meta

တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ

    လူ့ခန္ဓာကိုယ်ကြီးရဲ့ ၆၀% လောက်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ဒီတော့ လူတွေဟာ နေ့စဉ်နေ့တိုင်း ရေဓာတ်လိုအပ်နေပါတယ်။ ရေစဉ်ရေလိုအပ်ချက်အတွက် ရေဓာတ်ဖြည့်တင်းပေးဖို့ ရေသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ‘ တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ ’ ဆိုတာကိုတော့ လူတိုင်း မသိကြပါဘူး။

    ရေဓာတ်ဟာ လူ့ခန္ဓာကိုယ်ကြီး ကျန်းမာရေးအတွက် အရမ်းအရေးပါပါတယ်။ ရေဓာတ်ဆုံးရှုံးရင် ချွေးထွက်တာတွေ၊ ဆီးသွားတာတွေမှာ အရင်ဆုံးထိခိုက်ပါလိမ့်မယ်။ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကလည်း များပါတယ်။

    ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓာတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ဆဲလ်ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လေးဖက်နာ၊ ခေါင်းတစ်ခြမ်းကိုက်၊ နှလုံးသွေးကြောကျဉ်း၊ အူမကြီးအနာပေါက်ရောဂါ၊ အစာမကြေခြင်း၊ သွေးတိုးရောဂါအဝလွန်တာလိပ်ခေါင်းရင်သားကင်ဆာ၊ တီဘီအဆုတ်ရောင်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ထိပ်ကပ်နာ၊ သားအိမ်ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်လာနိုင်တယ်။ ဒါတွေက တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်ပြီး ပတ်သက်နေတာမျိုးပေါ့။

    ဒါကြောင့်ရေဓာတ်ကို ပြည့်ဝနေအောင်ဖြည့်ဆည်းဖို့လိုအပ်တာပါ။ ရေဓာတ်ဖြည့်ဆည်းဖို့ဆိုရင် အဓိက လုပ်ဆောင်ရမှာက ရေများများသောက်ဖို့ပါပဲ။ ဒါပေမယ့် ဘယ်လောက်များများသောက်သုံးရမှာပါလဲ?

    တစ်နေ့ကို ရေ ဘယ်လောက်ပမာဏ သောက်သုံးသင့်သလဲ

    အာဟာရဗေဒကျွမ်းကျင်သူတွေရဲ့ ထောက်ခံချက်တွေအရဆိုရင်တော့ လူတစ်ယောက်ဟာ တစ်နေ့မှာ အနည်းဆုံး ရေ ၈ ခွက်သောက်သုံးပေးဖို့ လိုအပ်ပါတယ်တဲ့။ ပြောရမယ်ဆိုရင် ၂ လီတာ ဒါမှမဟုတ် ဂါလံဝက် ပမာဏဖြစ်ပါတယ်။

    လေ့လာချက်တွေအရ သင့်အနေနဲ့ ရေဆာနေသည်ဖြစ်စေ မဆာသည်ဖြစ်စေ ဒီပမာဏထက်မလျော့တဲ့ ရေကို သောက်သုံးပေးဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ လုပ်ရှားမှုတွေကြောင့် ရေဓာတ်လိုအပ်ချက်ဟာ သတ်မှတ်ထားတဲ့ ပမာဏထပ်ပိုပြီး လိုအပ်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်က ရေဓာတ် လုံလောက်စွာ မဖြည့်ဆည်းထားဘူးဆိုရင် ဟိုးအထက်မှာဖော်ပြခဲ့သလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်သလိုဖြစ်လာရမှာပါ။

    တစ်နေ့ကို ရေ၈ခွက်သောက်ရမယ်ဆိုတာက အခြေခံအချက်သာဖြစ်ပြီး လိုတိုးပိုလျှော့ သောက်ရပါတယ်။ ရေဘယ်လောက် သောက်ရမလဲဆိုတာက အသက်၊ အပူချိန်၊ လှုပ်ရှားမှု စတဲ့ စတဲ့ အခြေအနေတွေပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။ တချို့အချိန်တွေမှာ ၈ခွက်နဲ့ သောက်ဖို့ လိုတာမျိုးလည်း ရှိနိုင်ပါတယ်။

    တစ်နေ့ကို ရေ ၈ ခွက်သောက်ရမယ်ဆိုတာတော့ သိပေမယ့် မေ့နေကြတဲ့အတွက် မလိုအပ်ဘဲ ရေဓာတ်ခမ်းခြောက်တဲ့ ပြဿနာကို ခံစားနေကြရတာပါ။

    ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ကို အများကြီး အကျိုးရှိစေတဲ့ရေကို အောက်ပါနည်းလမ်းတွေအတိုင်း စနစ်တကျသောက်သုံးနိုင်ပါတယ်။

    • မနက်အိပ်ရာထရင် ရေတစ်ခွက်သောက်ပါ
    • အစားမစားခင် ရေတစ်ခွက်သောက်ပါ (ဒီလို သောက်လို့ အစာမကြေဖြစ်တယ်ဆိုရင် တခြားအချိန်မှာ ပြောင်းသောက်ပါ)
    • ရေမချိုးခင် ရေတစ်ခွက်သောက်ပါ
    • မအိပ်ခင် ရေတစ်ခွက်သောက်ပါ
    • ကျန်အချိန်တွေမှာ သင့်လျော်သလို ချိန်ဆပြီး ၄ ခွက် သောက်သုံးပါ။

    ရေဓာတ် ဆုံးရှုံးတဲ့အခါ

    ကိုယ်ရေသောက်နည်းနေတာကို သတိမထားမိရင် ပြဿနာရှိတယ်လေ။ တကယ်လို့ကိုယ်မှာ အောက်ပါ လက္ခဏာတွေဖြစ်လာရင်တော့ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေပြီလို့ ဆိုတဲ့သဘောဖြစ်ပါတယ်။ ဒါကိုလည်း သတိထားစေလိုပါတယ်။

    ရေဓာတ်ကို ပြည့်ပြည့်ဝဝဖြည့်ဆည်းခဲ့ရင်

    ရေကို စနစ်တကျသောက်သုံးတဲ့အခါမှာ အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်ပါတယ်။ ရေလုံလောက်စွာရရှိမှုက ခန္ဓာကိုယ်ကျန်းမာစေနိုင်သလို အောက်ပါအကျိုးကျေးဇူးတွေလည်း ရရှိဦးမှာပါ။

    ရေကိုစနစ်တကျ မှီဝဲသောက်သုံးပြီး နေ့စဉ်ရေဓာတ်ဖြည့်ဆည်းနိုင်မယ်ဆိုရင် ခန္ဓာကိုယ်အတွက် ရေဓာတ်လိုအပ်ချက်ကို ကောင်းကောင်းဖြည့်ဆည်းနိုင်ပြီး ကျန်းမာအသက်ရှည်စေမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement