backup og meta

ကလေးတစ်ယောက်ပျော်ရွှင် ကျန်းမာစွာကြီးပြင်းစေဖို့ လိုအပ်ချက်တစ်ခု ..... ကိုယ်ခံအား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတစ်ယောက်ပျော်ရွှင် ကျန်းမာစွာကြီးပြင်းစေဖို့ လိုအပ်ချက်တစ်ခု ..... ကိုယ်ခံအား

    ရွယ်တူတွေထဲမှာ ကိုယ့်ကလေးက ကျန်းမာတယ်၊ ထွားတယ်၊ ပျော်ရွှင်လန်းဆန်းနေတယ်ဆိုတာက မေမေတစ်ယောက်ကို စိတ်ချမ်းသာစေမယ့် အချက်တစ်ခုဆို မမှားလောက်ဘူးထင်ပါတယ်။ ကလေးတစ်ယောက် ပျော်ရွှင်စွာကြီးပြင်းလာဖို့ဆိုရင် ကျန်းမာဖို့က အရေးကြီးပါတယ်။ ကျန်းမာဖို့ဆိုရင်တော့ အရေးအကြီးဆုံးအချက်က ကိုယ်ခံအားကောင်းတဲ့ သားသားမီးမီးဖြစ်ဖို့ပါ။

    ကိုယ်ခံအားဆိုတာ ဘာလဲ……

    ခန္ဓာကိုယ်ကျန်းမာဖို့ ကာကွယ်ပေးတဲ့ ခံတပ်တစ်ခုပါ။ လူတိုင်းဟာမွေးကတည်းက ကိုယ်ခံအားစနစ်နဲ့အတူမွေးဖွားလာကြတာပါ။ ကိုယ်ခံအားစနစ်တစ်ခုကိုတော့ ဆဲလ်တွေပရိုတင်းတွေ၊တစ်ရှူးတွေ နဲ့ဖွဲ့စည်းထားပါတယ်။ ဒီစနစ်ကဖျားနာမှုတွေကိုရောဂါပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်တွင်းကို ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ရောဂါပိုးမွှားနဲ့ပြင်ပကအရာတစ်ခုခုဝင်ရောက်လာတဲ့အခါ တိုက်ထုတ်ပေးတဲ့အရာပါ။

    ကိုယ်ခံအားက ဘာလုပ်ပေးလဲ….

    ကိုယ်ခံအားက ဘာလုပ်ပေးလဲဆိုတော့ ခံတပ်ကြီးဆိုတဲ့အတိုင်း ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တားဆီးပေးပြီး ကျန်းမာပျော်ရွှင်နေစေဖို့လုပ်ဆောင်ပေးပါတယ်။ ကလေးတစ်ယောက်က ရောဂါကင်းပြီး ကျန်းမာမှ ပျော်ရွှင်စွာနဲ့ ကြီးပြင်းနိုင်မှာပါ။

    ကလေး နဲ့ ကိုယ်ခံအား

    ကလေးတွေကမွေးကာစမှာ ကိုယ်ခံအားကအပြည့်အဝတော့မဖွံ့ဖြိုးသေးပါဘူး။ ကံကောင်းတာတစ်ခုက လူတွေမှာတော့ သန္ဓေသားက မိခင်နဲ့ဆက်ထားတဲ့အချင်းကနေတဆင့် ပဋိဇီဝပစ္စည်းတွေကို လက်ခံရယူပြီးရောဂါပိုးတွေအန္တရာယ်ကနေ ကာကွယ်ပေးထားတာပါ။ နောက်ပိုင်းကာလမှာတော့အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ခံအားစနစ်က ဦးနှောက် နဲ့ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေနည်းတူ ဖြည်းဖြည်းချင်း ကြီးထွားဖွံ့ဖြိုးလာပါတယ်။

    ကလေးတွေအတွက် ကိုယ်ခံအားစနစ်က ဘာကြောင့် အရေးပါတာလဲ……

    ကိုယ်ခံအားစနစ်က ကလေး ကနေစလို့ လူကြီးတွေအထိ အားလုံးအတွက်အရေးပါတာပါ။ ​ကြီးထွားဖွံ့ဖြိုးဆဲဖြစ်တဲ့ ကလေးတစ်ယောက်အတွက်ကတော့ ပိုလို့အရေးပါတာပေါ့။ ဒီလိုပြောရတဲ့ အကြောင်းက ကလေးတွေက သူတို့ရဲ့  ပထမ ၅ နှစ်တာ ကာလအတွင်းမှာ ဦးနှောက်ရော ခန္ဓာကိုယ်ပါ အကောင်းဆုံးဖွံ့ဖြိုးဖို့ လိုအပ်လို့ပါ။ ဒီလို ဖွံ့ဖြိုးဖို့ဆိုတာကလည်း ကိုယ်ခံအားကောင်းပြီး ကျန်းမာဖို့လိုပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာနေတဲ့ ကလေးတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအားကောင်းသလို ဦးနှောက် ဖွံ့ဖြိုးမှုလည်းကောင်းပါတယ်။ သင်ယူမှုစွမ်းရည်ကလည်း အခြားကလေးတွေထက် ပိုကောင်းတတ်ကြပါတယ်။ ဒီတော့ ကိုယ်ခံအားကောင်းအောင်စောင့်ရှောက်ပေးတာက ကလေးကို ဉာဏ်ကောင်းပျော်ရွှင်ပြီး ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းစေဖို့ လုပ်ဆောင်ပေးတာနဲ့ အတူတူပါပဲ။

    ကိုယ်ခံအားကောင်းစေဖို့ ထောက်ပံ့ပေးတဲ့အချက်တစ်ခု

    ကိုယ်ခံအားကောင်းမှ ကလေးကအကောင်းဆုံးဖွံ့ဖြိုးနိုင်မှာပါ။ ဒီတော့ ကိုယ်ခံအားကောင်းအောင် မေမေတို့အနေနဲ့ ဘာလုပ်ပေးရမလဲဆိုပြီး သိချင်နေလောက်မှာပါ။ ဒါကတော့ ရှင်းပါတယ်။ ကလေးကို အာဟာရပြည့်အောင်ကျွေးပေးပါ။ အာဟာရပြည့်ဝမှုက ကလေးကို ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    ကိုယ်ခံအားအပေါ်မှာ အစာအာဟာရတွေက ဒီလိုသက်ရောက်နေပါတယ်

    ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်တစ်ရပ်ဖြစ်ဖို့အတွက် အရေးအပါဆုံးတွေထဲကတစ်ခု က ကျန်းမာပြည့်ဝတဲ့အစာအာဟာရပါ။ ကလေးငယ်ကို မိခင်နို့တိုက်ကျွေးနေချိန်မှာတော့ မိခင်စားသုံးလိုက်တဲ့အာဟာရတွေက နို့ရည်ကနေတဆင့် ကလေးဆီရောက်ရှိသွားနိုင်ပါတယ်။ ကလေးကနို့သောက်တဲ့အရွယ်ကနေကျော်လွန်ပြီး အစားစစားနိုင်ပြီဆိုရင်တော့ အာဟာရပြည့်ဝမျှတအောင်စားမိစေဖို့ မိဘတွေကသေချာပြင်ဆင်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

    ကလေးကအစားစစားနိုင်ပြီဆိုရင် ကိုယ်ခံအားကို အထောက်အပံ့ဖြစ်စေမယ့် အာဟာရပြည့်ဝမျှတတဲ့အစားအသောက်တွေကိုသေချာရွေးချယ်ကျွေးမွေးဖို့လိုအပ်မှာပါ။ ဒါကြောင့်ကလေးကို ပဲအမျိုးမျိုး၊ကြက်ဥ၊ဘဲဥ၊ နွားနို့၊ နို့ထွက်ပစ္စည်းတွေနဲ့ အခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့အစားအသောက်တွေ၊ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ အသီးအရွက်တွေသေချာကျွေးမွေးပေးဖို့လိုအပ်မှာပါ။ အသား၊ငါးမျှတအောင်ထည့်သွင်းပြင်ဆင်ပေးဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။

    နောက်ဆုံးတစ်ချက်အနေနဲ့ ကလေးကို ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မဖြစ်တဲ့အချက်တစ်ခုက ကလေးကို စားသုံးတဲ့ အစားအစာတွေထဲမှာ အကျိုးပြုဘက်တီးရီးယား ပါဝင်အောင်ပြင်ဆင်ပေးဖို့ပါ။ ဒါကြောင့် ကလေးကို ကျန်းမာတဲ့ ကိုယ်ခံအားပိုင်ဆိုင်ပြီး ပျော်ရွှင်စွာကြီးပြင်းစေဖို့ဆိုရင် နေ့စဉ်ပြင်ဆင်ပေးတဲ့ အစာအစာတွေထဲမှာ အကျိုးပြုဘက်တီးရီးယားပါဝင်အောင်ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလိုပြင်ဆင်ပေးတာက

    အူတွေက အာဟာရဓာတ်ကိုကောင်းကောင်းစုပ်ယူနိုင်လေလေ ကလေးက ကိုယ်ခံအားကောင်းပြီး အကောင်းဆုံးကြီးထွားလေလေဆိုတော့ ကလေးကို အခုကစပြီး အကျိုးပြုဘက်တီးရီးယား ပါဝင်အောင်ပြင်ဆင်ပေးလို့ ပျော်ရွှင်စွာကြီးပြင်းလာအောင် ပျိုးထောင်လိုက်ပါ မေမေတို့ရေ…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement