backup og meta

ညဘက်မှာ အချဉ်စား လို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 08/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညဘက်မှာ အချဉ်စား လို့ရလား

    အိပ်ရာဝင်ခါနီး အချဉ်တွေမစားနဲ့လို့ ငယ်ငယ်တုန်းက လူကြီးတွေ ပြောတာ ခံရဖူးကြတဲ့လူတွေ ရှိကြမယ်ထင်တယ်။ အိပ်ခါနီး အချဉ်တွေစားရင် အစာအိမ်ထိခိုက်တတ်တယ်လို့ ဆိုတတ်ကြတယ်။

    တကယ်ရော ညဘက်မှာ အချဉ်စား ရင် တကယ်ပဲ အစာအိမ်ကို ထိခိုက်မှာလား? ဒါမှမဟုတ် တခြားပြဿနာတွေ ရင်ဆိုင်ရမှာလား? ဒါမှမဟုတ် ဒါက ယုံတမ်းစကား (Myth) သက်သက်ပဲလား?

    ညဘက်မှာ အချဉ်စား လို့ရလား

    ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန်လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။

    အချဉ်ဓာတ်ပါဝင်တဲ့ အစာပြေစာတွေကို ရှောင်ကြဉ်သင့်ပေမယ့် ဗီတာမင် C ပါဝင်တဲ့ သစ်သီးဝလံတွေကို စားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ အလွန်အကျွံစားတာမျိုးကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဆိုလိုတာက ဗီတာမင် Cပါတဲ့ အသီးတိုင်းက ချဉ်တာ မဟုတ်ပါဘူး။

    အထူးသဖြင့် အချဉ်ဓာတ်ကဲတဲ့ အစားအစာတွေရဲ့ အများစုမှာ citric acid ပါဝင်နေတတ်ပြီး အိပ်ချိန်နဲ့ နီးကပ်နေချိန်မှာ အချဉ်စာတွေ စားသောက်မှီဝဲတာက အချဉ်ပေါက်တာမျိုးဖြစ်စေနိုင်ပါတယ်။ အိပ်ပျော်နေစဉ် ၆-၇ နာရီလောက်အတွင်းမှာ အချဉ်ပေါက်တာမျိုးဖြစ်တတ်ပါတယ်။

    ဒါကြောင့် တချို့တွေဟာ မနက်ပိုင်းတွေမှာ အစာခြေရည်တွေ အော့အန်တာမျိုး ကြုံရတတ်တာဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းမတူညီတာမို့ ဖြစ်နိုင်ခြေလည်း ကွာဟပေမယ့် ငါ့မှာတော့ ဖြစ်မှာမဟုတ်ပါဘူးလို့ ယတိပြတ်ယုံကြည်မှုထားလို့တော့ မရပါဘူး။

    ဒါ့အပြင် တချို့သော အသက်အရွယ်အပိုင်းအခြားတွေမှာဆိုရင်လည်း အိပ်ရာဝင်ခါနီး အချဉ်စားတာဟာ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါသေးတယ်။ အထူးသဖြင့် လူကြီးတွေမှာပါ။

    နောက်ထပ်ဖြစ်နိုင်တာကတော့ အစာခြေပြဿနာပါပဲ။ ချဉ်တဲ့ စပ်တဲ့ အစားအစာတွေဟာ အလွန်အကျွံစားသုံးမိရင် ဗိုက်အောင့်တာတွေ၊ ဗိုက်နာတာတွေ ဖြစ်စေနိုင်တာကိုလည်း မမေ့သင့်ပါဘူး။ ချောင်းဆိုးတဲ့ ဝေဒနာကိုလည်း ဖြစ်စေနိုင်ပါတယ်။

    နောက်ထပ် သိထားသင့်တဲ့အချက်က အိပ်ရာဝင်ခါနီး အချဉ်စားပေးတာဟာ ကိုယ်အလေးချိန်ကျဆင်းမှုကို အထောက်အကူမပြုဘူးဆိုတာပါပဲ။ လူအတော်များများက အိပ်ရာဝင်ခါနီး အချဉ်စာတွေစားပေးရင် ကိုယ်အလေးချိန်ကျဆင်းနိုင်တယ်လို့ ယုံကြည်မှုရှိထားကြပေမယ့် ဒီနှစ်ခု ဆက်စပ်မှုမရှိပါဘူး။ ဒါကြောင့် အိပ်ရာဝင်ခါနီးမှာ ဘာမှမစားတာအကောင်းဆုံးပါပဲ။

    အိပ်ခါနီးမှာ အစာစားတာဟာ လည်ချောင်းအတွင်းမှာ ချွဲတွေကို ခဲနေစေတတ်တာကြောင့် ပင်ပန်းနွမ်းနယ်တာတွေ၊ မောပန်းနွမ်းလျတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရဗေဒပညာရှင်တွေက အိပ်ချိန်နားကပ်နေရင် ချို၊ ချဉ်၊ ငံ၊ ခါး ဘာမှမစားဖို့ လမ်းညွှန်ကြတာပါ။

    အကောင်းဆုံးကတော့ အိပ်ရာဝင်ချိန်နဲ့ ညစာစားချိန်ကို ၃ နာရီလောက် ခြားထားပေးဖို့နဲ့ တကယ်လို့ စားဖြစ်တယ်ဆိုရင်တောင်မှ အနည်းအကျဉ်းသာ မှီဝဲသုံးဆောင်ဖို့ပါပဲ။ ခုလိုပြုမူမယ်ဆိုရင် အိပ်စက်ရာမှာလည်း အထောက်အကူဖြစ်စေမှာဖြစ်တာမို့ အိပ်ရာထချိန်မှာလည်း လန်းဆန်းတက်ကြွနေမှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 08/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement