သွေးချိုကို မြင့်တက်စေနိုင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်သူတွေအနေနဲ့ အများကြီး မစားသင့်ပါဘူး။
ကျွဲခေါင်းသီး မှာ fisetin၊ diosmetin၊ luteolin နဲ့ tectorigenin တို့လိုမျိုး ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည်ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကျွဲခေါင်းသီးက အဆံမှာရော အခွံမှာပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာပါ။
ကျွဲခေါင်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။ အူနံရံတွေရဲ့ အာဟာရ စုပ်ယူမှုကို ကောင်းစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။
အဆာခံစေနိုင်တာကြောင့် ခဏခဏ မစားမိအောင် ထောက်ကူပေးပြီး သွေးတွင်းကိုလက်စထရော ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။
ကျွဲခေါင်းသီး ခွက်တစ်ဝက်စာမှာ တစ်နေ့တာ ပိုတက်ဆီယမ် လိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ ကျွဲခေါင်းသီး ပုံမှန် စားသုံးပေးတာက လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်သလို နှလုံးရောဂါနဲ့ နှလုံးသွေးကြောရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ သွေးမတိုးစေဖို့လည်း ကာကွယ်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။