backup og meta

မြေစာဥကပေးတဲ့ ကျန်းမာရေး

မြေစာဥကပေးတဲ့ ကျန်းမာရေး

စားလိုက်ရင် စေးစေး ကျွတ်ကျွတ်လေးနဲ့ ချိုတဲ့ အရသာရှိတဲ့ မြေစာဥလေးကို စားဖူးကြမယ်ထင်ပါတယ်။ အခွံမည်းမည်းလေး ရှိပြီး အတွင်းသား ဖြူဖြူ ချိုချိုလေးကို စားရဖို့ ခွာရတာ လက်ဝင်ပေမယ့် စားလို့ တကယ်ကောင်းတဲ့ သဘာဝကပေးတဲ့ လက်ဆောင် တစ်ခုပါ။ ဒီ မြေစာဥလေးတွေကရော စားလိုက်ရင် အရသာရှိတဲ့အပြင် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးလဲဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

မြေစာဥမှာပါတဲ့ အာဟာရ

စေးစေးချိုချို မြေစာဥလေးမှာ

မြေစာဥကပေးတဲ့ ကျန်းမာရေး

စားလို့ကောင်းတဲ့ မြေစာဥလေးက

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်

မြေစာဥက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ စားစရာ တစ်ခုပါ။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ် မထိခိုက်စေဖို့ ကာကွယ် ပေးပါတယ်။

ဆဲလ်တွေ ပျက်စီးမှု ကင်းစေပြီး ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေ ဖြစ်ကြတဲ့ ဆီးချိုနှလုံးရောဂါ စတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်။

ကင်ဆာကျိတ်တွေ ကြီးထွားမှုကို တားဆီးပေးတယ်

မြေစာဥမှာ ferulic acid လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ပါဝင်နေ ပါတယ်။ ဒီ ဓာတ်တိုးဆန့်ကျင် အာနိသင်က ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးပါတယ်။

လေ့လာမှုတွေအရ မြေစာဥက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပြီး ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးပါတယ်

ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိ ပေးပါတယ်။ သွေးတိုးကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ လေဖြတ်တာ၊ နှလုံးရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ် ပေးပါတယ်။

သွေးတိုးရောဂါ ရှိသူတွေ အနေနဲ့ ပိုတက်ဆီယမ် စားသုံး ပေးတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိ နိုင်ပါတယ်။ လေဖြတ်နိုင်ခြေကို ၂၄ ရာခိုင်နှုန်း အထိ လျှော့ချပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေ ကိုလည်း လျှော့ချ ပေးနိုင်ပါတယ်။

ဝိတ်ကျစေနိုင်တယ်

မြေစာဥက ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ရေဓာတ် ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ရေဓာတ် ကြွယ်ဝမှုက ခန္ဓာကိုယ် ကို ရေဓာတ် ဖြည့်တင်း ပေးနိုင်သလို အဆာခံ စေနိုင်ပြီး အစား ခဏခဏ စားချင်စိတ် မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန် ထိန်းသိမ်းချင်သူတွေနဲ့ ဝိတ်ချချင်သူတွေ အတွက် အထူး သင့်တော် ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Surprising Benefits of Water Chestnuts (Plus How to Use Them) https://www.healthline.com/nutrition/water-chestnuts Accessed Date 14 July 2020

What are the health benefits of water chestnuts? https://www.medicalnewstoday.com/articles/324581 Accessed Date 14 July 2020

ယခုပုံစံ

07/08/2020

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

နှမ်းကပေးတဲ့ အသားအရေ လှပမှု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement