backup og meta

မျက်ထောင့်ပင် ကျန်းမာရေးအတွက် ကောင်းသလား။

အရွက် ဝိုင်းဝိုင်းထူထူလေးနဲ့ ရိုးတံ စိမ်းစိမ်းလေးရော နီနီလေးပါရှိတဲ့ မြေလျှောက်ပင်လေးတစ်မျိုးဖြစ်တဲ့ မျက်ထောင့်ပင် က ငရုတ်သီးစပ်စပ်လေးနဲ့ မန်ကျည်းသီးလေး ထည့်ပြီး ချက်စားရင် အတော်လေး စားကောင်းပါတယ်။ ထမင်းပူပူလေးနဲ့ တွဲစားရင် အတော်လေးကို ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပါ။

မျက်ထောင့်ပင် ကျန်းမာရေးအတွက် ကောင်းသလား။

ဒီလို ထမင်းမြိန်စေတဲ့ မျက်ထောင့်ပင်က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

မျက်ထောင့်ပင် ဆိုတာ

မျက်ထောင့်ပင် ဆိုတာက ကန်သင်းရိုးတွေ၊ မြေကွက်လပ်တွေမှာ ပေါက်တတ်တဲ့ မြေလျှောက်ပင် တစ်မျိုးပါ။ အရိုးတံက အစိမ်းရောင် ရှိသလို အနီရောင်လည်း ရှိပါတယ်။ အရွက်လေးတွေက ခပ်သေးသေးနဲ့ ထူထူလေးတွေပါ။ အပွင့် ဝါဝါလေးတွေလည်း ပွင့်တတ်ပါတယ်။ အရိုးပွပွလေးပါ။ ကြွပ်ဆတ်ဆတ်လေးပါ။

အရသာက နည်းနည်း ခါးသက်သက် ရှိပါတယ်။ တစ်ပင်လုံး စားလို့ရပြီး ဆေးဖက်ဝင်ပါတယ်။ အစိမ်းမစားပါနဲ့။ ရေနွေးထဲ ထည့်ပြုတ်သောက်တာမျိုး ရသလို ချက်စားလို့လည်း ရပါတယ်။

မျက်ထောင့်ပင်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ။

မျက်ထောင့်ပင်မှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။

မျက်ထောင့်ပင် ကျန်းမာရေးအတွက် ကောင်းသလား။

မျက်ထောင့်ပင် ကျန်းမာရေးအတွက် ကောင်းသလား။

မျက်ထောင့်ပင်က ကျန်းမာရေးကို အခုလို အကျိုးကျေးဇူးတွေ ပေးပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

မျက်ထောင့်ပင်မှာ Omega-3 fatty acids ပါဝင်နေတာကြောင့် အကျိုးမပြု ကိုလက်စထရော (LDL) ကို ကျဆင်းစေပြီး သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းညှိပေးတာကြောင့် နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

ကင်ဆာ ဖြစ်နိုင်ခြေ လျှော့ချပေးတယ်

မျက်ထောင့်ပင်က အခြား အပင်တွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်မှု များတာကြောင့် နေ့စဉ် ထိတွေ့မိနေတဲ့ ညစ်ညမ်းတဲ့အရာတွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်ခြေကို လျှော့ချပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အချို့သော ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ ခံတွင်းကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ပန်းနာရင်ကြပ် သက်သာစေတယ်

ဗီတာမင် A ပါဝင်နေတာကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ပန်းနာရင်ကြပ် ရှိသူတွေ သက်သာစေဖို့အတွက် စားပေးလို့ ရပါတယ်။

အရိုးတွေ သန်မာစေနိုင်တယ်

မျက်ထောင့်ပင်က အရိုးတွေ သန်မာစေဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်တို့ ပါဝင်နေပါတယ်။ အရိုးတွေကို သန်မာစေသလို အရိုးပွတာကို ကာကွယ်ဖို့လည်း စားပေးလို့ ရပါတယ်။

အမြင်အာရုံ ကျန်းမာစေတယ်

ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A ကြွယ်ဝတာကြောင့် အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ မျက်ထောင့်ပင်က ဗီတာမင် A ရော ဘီတာကယ်လ်ရိုတင်းပါ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံး ကျန်းမာစေသလို အမြင်အာရုံလည်း ကောင်းစေနိုင်ပါတယ်။

အရေပြား ကျန်းမာစေနိုင်တယ်

အရေပြား ဓာတ်မတည့်တာ၊ အကောင်ကိုက်တာနဲ့ အရေပြား ပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် မျက်ထောင့်ပင်က အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ စားသုံးပေးလို့ ရသလို အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

ဆီးချို သက်သာစေနိုင်တယ်

ခါးသက်သက် အရသာရှိတဲ့ မျက်ထောင့်ပင်က ဆီးချိုသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အင်ဆူလင် တုံ့ပြန်မှု ကောင်းစေပါတယ်။

ဒါတွေအပြင် ကိုယ်ဝန်ဆောင် မိခင်တွေကို ကျန်းမာစေနိုင်သလို နို့တိုက်မိခင်တွေကိုလည်း နို့ထွက်များစေဖို့ ထောက်ကူပေးပါသေးတယ်။ မစားသုံးခင်မှာ အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါမယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Kulfa (Pigweed) Lonika Properties and Health Benefits https://7pranayama.com/kulfa-pigweed-lonika-properties-and-health-benefits/ Accessed Date 18 January 2022

Pigweed(Kulfa) Details, Benefits and Medicinal Uses https://www.bimbima.com/ayurveda/pigweedkulfa-details-benefits-and-medicinal-uses/235/ Accessed Date 18 January 2022

Amazing Health Benifits Of “KULFA” Leaf ( purslane ) http://homeremedies89.blogspot.com/2017/11/amazing-health-benifits-of-kulfa-leaf.html Accessed Date 18 January 2022

ယခုပုံစံ

10/03/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျားဝတ်မှုန် ကျန်းမာရေးအတွက် ကောင်းသလား ……..

ထင်းရှူးခေါက် အဆီကပေးတဲ့ ကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/03/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ