မိုးလေးကျလာပြီဆိုရင် ဖလံတောင်ဝှေးလေးတွေက အစို့လေးတွေထွက်လို့ အပြိုင်အဆိုင် ကြီးထွားလာကြပါပြီ။ မိုးအေးအေးမှ ဖလံတောင်ဝှေးကို ထုပြီး ပုစွန်ခြောက်လေးနဲ့ ဖြစ်ဖြစ် ပုစွန်ဆိတ်လေးနဲ့ဖြစ်ဖြစ် ကြော်စားတာက ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပေါ့။ ဖလံတောင်ဝှေး ကြော်ကို ထမင်းပူပူနဲ့ တွဲစားရတဲ့ မိုးတွင်းအရသာလေးက စားကောင်းရုံတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးအတွက် ဘယ်လိုများ အထောက်အကူပြုပေးလဲဆိုတာ ပြောပြပေးမယ်နော်။