ကလေးတွေမှာ သွေးတွင်းအဆီများတာ ဖြစ်နိုင်လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 27, 2020 . 2 mins read
Share now

သွေးတွင်းအဆီဓာတ်များတာဟာ ကလေးမှာလည်းဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ဒီရောဂါမျိုးကို လူကြီးတွေဆီမှာ ဖြစ်တာပဲ ကြားဖူးကြတော့ ကလေးတွေလည်းဖြစ်နိုင်တယ်ဆိုတာ သိပ်မသိကြပါဘူး။ သွေးတွင်းအဆီဓာတ်( cholesterol) များတာဟာ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ကလေးတွေမှာ ရှိသင့်တဲ့ သွေးတွင်း အဆီဓာတ် ကိုလက်စရောပမာဏက ဘယ်လောက်လဲ။ ။

သွေးစစ်ပြီး သွေးတွင်းအဆီဓာတ်ကို ဓာတ်ခွဲစစ်ကြည့်ရင် အောက်မှာပြထားတဲ့ ပမာဏ အတွင်းထဲမှာသာ ရှိသင့်ပါတယ်။ ကလေးတစ်ယောက်မှာရှိသင့်တဲ့ အဆီဓာတ်ပမာဏတွေကတော့

  • အဆီဓာတ်အားလုံး < ၂၀၀ mg/dL
  • LDL cholesterol < ၁၃၀ mg/dL
  • HDL cholesterol > ၄၀ mg/dL
  • Triglycerides (blood fats) < ၁၃၀ mg/dL( ကလေးအသက် ၁၀ နှစ်မှ ၁၉ နှစ်အတွင်း)
  • Triglycerides < ၁၀၀ mg/dL ( အသက် ၁၀ နှစ်အောက် ကလေး) တို့ဖြစ်ပါတယ်။

ကလေးတွေမှာ သွေးတွင်းအဆီဓာတ်များတာဟာ ဘာကြောင့်ဖြစ်တာလဲ။ ။

ကလေးတွေမှာ သွေးတွင်း အဆီဓာတ်များတာဟာ အဓိက အကြောင်းအရင်း ၃ ခုကြောင့်ဖြစ်ရတာပါ။

၁ ။ အဆီများတဲ့ အစားအသောက်တွေ – အဆီများတဲ့ အစားအစာတွေ အထူးသဖြင့် ပြည့်ဝဆီ ( saturated fat) ပါတဲ့ အစားအစာတွေကြောင့် ကလေးတွေရဲ့ သွေးတွင်း အဆီဓာတ်များလာနိုင်ပါတယ်။ ကလေးကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အဆီဓာတ်( cholesterol) ကို အသည်းက အဓိကထုတ်ပေးပါတယ်။ ပြည့်ဝဆီ ( saturated fat) ပါတဲ့ အစားအသောက်တွေ ကလေးများများစားမိရင်တော့ အစားအစားတွေကပါတဲ့ ကိုလက်စရော အပြင် အသည်းကလည်း ကိုလက်စရောတွေကို များများထုတ်ပေးလို့ ကလေးတွေမှာ သွေးတွင်း ကိုလက်စရောများတာတွေ ဖြစ်လာပါတော့တယ်။ ကိုလက်စရော များတဲ့ အစားအသောက်တွေကတော့

  • ကြက်ဥ အနှစ်
  • အနီရောင်ရှိတဲ့ အသားတွေ
  • နို့နဲ့ နို့ထွက်ပစ္စည်း
  • ပင်လယ်စာ
  • ရေခဲမုန့်
  • ဆီကြော်မုန့် တို့ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတို့စားလိုက်တဲ့ အစားအစားတွေ မှန်ကန်ဖို့က အရမ်းအရေးကြီးပါတယ်။

၂ ။ အဝလွန်တာ- အဝလွန်တာနဲ့ သွေးတွင်း ကိုလက်စရောများတာ ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့ အရာတစ်ခုပါ။ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အစားသောင်းကျန်းတဲ့ ကလေးတွေ ပိုဖြစ်နိုင်ပါတယ်။

၃။ မျိုးရိုးလိုက်တာ – သွေးတွင်း ကိုလက်စရောများတာဟာ မျိုးရိုးလိုက်တတ်တဲ့ ရောဂါတစ်ခုပါ။ သွေးတွင်းကိုလက်စရောများတဲ့ မိဘမျိုးရိုးရှိတဲ့ ကလေးဟာ ငယ်ငယ်တည်းက သွေးတွင်းကိုလက်စရောများတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။

သွေးတွင်း ကိုလက်စရောများတာဟာ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်လဲ။ ။

သွေးတွင်းမှာ ကိုလက်စရော ပမာဏများလာရင် ဖြစ်လာတဲ့ အဆီပြင်လေးတွေဟာ သွေးကြောနံရံမှာ အနည်ကျပြီး ကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေကို ကျဉ်းစေပါတယ်။ သွေးကြောကျဉ်းသွားတဲ့ အတွက် ကိုယ်တွင်း အစိတ်အပိုင်းတွေဟာ လုံလောက်တဲ့ အောက်ဆီဂျင်တွေ မရကြတော့ဘဲ ရောဂါတွေ စဖြစ်လာပါတော့တယ်။ သွေးတွင်း ကိုလက်စရောများတာနဲ့ အများဆုံး ဆက်စပ်နေတာကတော့ နှလုံးရောဂါပါ။

သင့်ကလေးမှာ သွေးတွင်းကိုလက်စရောပမာဏကို ဘယ်အချိန်တည်းက ကြိုစစ်သင့်လဲ။

သွေးတွင်း ကိုလက်စရောများတာဟာ ဒီအတိုင်းဆို ဘာလက္ခဏာမှ မပြတဲ့ အတွက် မသိနိုင်ပါဘူး။ ဓာတ်ခွဲခန်းမှာ သွေးစစ်ကြည့်မှများနေမှန်းသိရတာပါ။

ကလေးကို ပုံမှန်စစစ်ပေးသင့်တဲ့အရွယ်တွေကတော့ ကလေးအသက် ၉နှစ်နဲ့ ၁၁ နှစ်ကြား မှာဆို သွေးတွင်းကိုလက်စရောတစ်ကြိမ်လောက်တော့ စစ်သင့်ပြီး ကလေးအသက် ၁၇ နှစ်နဲ့ ၂၁ နှစ်ကြား မှာ နောက်တစ်ခေါက် ထပ်စစ်ကြည့်သင့်ပါတယ်။

  • ကလေးမိဘတွေမှာ သွေးတွင်းကိုလက်စရောများနေမယ်၊
  • မိသားစုထဲမှာ နှလုံးရောဂါဖြစ်နေတဲ့သူတွေရှိမယ်။
  • ကလေးက အဝလွန်နေမယ်၊ ဆီးချိုရောဂါလည်း ရှိတယ်ဆိုရင် အသက် ၂ နှစ် လောက်တည်းက သွေးတွင်းကိုလက်စရောကို စစစ်ပေးသင့်ပါတယ်။

ကလေးမှာ သွေးတွင်းကိုလက်စရောများနေပြီဆို ဘယ်လိုကုသနိုင်သလဲ။ ။

  • ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကျွေးပါ။ ကလေးထမင်းဘူးထဲမှာ အသီးအရွက်များများ၊ အသားနည်နည်းနဲ့ ငါးတွေ၊ ပဲတွေ ပိုထည့်ပါ။ သွေးတွင်း ကိုလက်စရောများနေတဲ့ ကလေးတစ်ယောက် ကို အဆီထုတ်ထားတဲ့ နွားနို့ပဲ တိုက်သင့်ပါတယ်။
  • ကလေးတွေဆိုတာ အချိုကြိုက်တတ်မှန်းသိပေမယ့် သွေးတွင်းကိုလက်စရောများနေတဲ့ ကလေးတစ်ယောက်ကိုတော့ အချိုများတဲ့ ဖျော်ရည်တွေ လျှော့သောက်ခိုင်းသင့်ပါတယ်။
  • ကလေးအတွက် သရေစာတွေကိုလည်း လက်လွတ်စပယ် မဝယ်လိုက်ပါနဲ့။ မုန့်နောက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အာဟာရ အညွှန်းကိန်းတွေကို တစ်ချက်ဖတ်ကြည့်ပါ။ ပြည့်ဝဆီများတာကို သင့်ကလေးရှောင်ရပါမယ်။
  • ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ။ အိမ်မှာပဲထိုင်ပြီး စာလုပ်ခိုင်း၊ ဂိမ်းဆော့ခိုင်းတာထက် အပြင်ထွက်ဆော့ခိုင်းပါ။ ဘောလုံးကန်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေ သင်ပေးပါ။ သွေးတွင်းအဆီဓာတ်များနေတဲ့ ကလေးက နှလုံးကျန်းမာဖို့အတွက် လေ့ကျင့်ခန်းတွေ များများ လုပ်ပေးရပါမယ်။
  • ကလေးက အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် မိဘဖြစ်သူကပါ ပံ့ပိုးပေးသင့်ပါတယ်။

ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်လဲ။ ။

  • အပေါ်မှာ ပြောပြထားတဲ့ နည်းလမ်းတွေနဲ့ သွေးတွင်းကိုလက်စရောကို မထိန်းနိုင်တဲ့ကလေးတွေ၊
  • အသက်၁၀ နှစ်ကျော်ပြီး LDL cholesterol ၁၉၀ mg/dL အထက်ရောက်နေတဲ့ သူတွေ
  • အဝလွန်နေတဲ့ ကလေးတွေ
  • မိသားစုမျိုးရိုးထဲမှာ နှလုံးရောဂါရှိတဲ့သူတွေ၊ သွေးတွင်းကိုလက်စရောများနေတဲ့သူတွေ ရှိတဲ့ ကလေးတွေဟာ ဆေးကုသမှု ခံယူသင့်ပါတယ်။

သွေးတွင်း ကိုလက်စရောများတာဟာ လူကြီးတွေမှာပဲ ဖြစ်တတ်တာ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်တဲ့အတွက် မိဘတွေ အနေနဲ့ သတိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။ ကလေးတွေက ဝဝကစ်ကစ်ဆို ပိုချစ်စရာကောင်းတယ်ဆိုပြီး ကလေးကို တအားဝအောင်လည်း မလုပ်လိုက်ပါနဲ့။ တစ်ခါတစ်လေကျ ချစ်တာကနေ နှစ်တာဖြစ်သွားတတ်ပါတယ်။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပန်းနာရင်ကြပ်ရောဂါ ဘာကြောင့် ဖြစ်ရသလဲ။

ပန်းနာရင်ကြပ်ရောဂါ ဘာကြောင့် ဖြစ်လဲဆိုတာ အတိအကျမပြောနိုင်ပေမယ့် မျိုးရိုးနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့်လို့ ယူတကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အရိုးပွတာကြောင့် နာကျင်တဲ့ဝေဒနာ သက်သာစေဖို့

အရိုးပွတာက အသက်အရွယ်ရလာရင် ခံစားရတဲ့ ပြဿနာပါ။အရိုးပွလာတဲ့အခါ အရိုးအက်တာ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်သလို နာကျင်တဲ့ ဝေဒနာကိုလည်း ခံစားကြရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

အသက်ရှူ ကျပ်ရင်းက အသက်ဆုံးသွားတဲ့အထိပဲ။ ကိုဗစ်ကြောင့်  မောတယ်၊ အသက်ရှူ ကျပ်လာတယ်၊ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 27, 2020 . 2 mins read

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ရေးဝဝအိပ်တာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ မကြာခဏပြောဖြစ်ကြပေမယ့် အလွန်အကျွံအိပ်ရင် ကျန်းမာရေးထိခိုက်တတ်တယ်ဆိုတဲ့ အချက်ကိုတော့ သိပ်မပြောဖြစ်ကြပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 22, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
အမျိုးအစား- ၂ ဆီးချို ခံစားရနိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 3 mins read
ပန်းနာရင်ကြပ် ရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။

ပန်းနာရင်ကြပ် ရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 5, 2020 . 2 mins read