backup og meta

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။


Aye Thi Mon မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

    ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

    စိတ်ထဲမှာ အသံ နည်းနည်းကျယ်လေး ကြားရင်တောင် ထိတ်လန့်တာမျိုး၊ နှလုံး ခုန်တွေ မြန်လာပြီး ရင်တုန်တာမျိုး၊ အာရုံစူးစိုက်ရခက်တာမျိုးတွေ ခံစားနေရပြီလား။ ကိုယ့်အရိပ် ကိုယ်မြင်တာကိုတောင် ထိတ်ခနဲလန့်နေပြီဆိုရင် စိတ်ထဲမှာ ပုံမှန်ထက် ကြောက်စိတ် ပိုများနေဲ့ အခြေအနေပါ။

    ဒီအခြေအနေကို သက်သာအောင် အစားအစာတွေနဲ့ ဖြေဖျောက်လို့ ရသလို အချို့သော အစားအစာတွေက ဒီအခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဒီလို စိုးထိတ်မှုတွေ များနေတဲ့အခြေအနေမှာ ကြောက်စိတ်တွေ ပိုဆိုး မသွားစေဖို့ ဘယ်လို အစားအစာတွေကို မစားသင့်ဘူးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

    ကြောက်ရွံ့မှုကို ခံစားနေရတာလား…….

    တစ်ခါတလေမှာ ငါက မကြောက်တတ်ပါဘူးလို့ တွင်တွင် ရေရွတ်နေပေမယ့် စိတ်ထဲမှာ ကြောက်ရွံ့မှုကို ခံစားနေရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကြောက်စိတ်ဝင်နေတာပါ။

    ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

    အပေါ်က ပြောခဲ့သလို လက္ခဏာတွေ ခံစားနေရပြီး ကြောက်စိတ်တွေ များနေပြီဆိုရင် ဒီအစားအစာတွေက စိတ်အခြေအနေကို ပိုဆိုးစေနိုင်တာကြောင့် မစားဖို့ ပြောပါရစေ။

    အရက်

    စိတ်ညစ်ရင် အရက်နဲ့ ဖြေတယ် ဆိုတာ မှားယွင်းနေတဲ့ အယူအဆပါ။ အရက်၊ ဘီယာ၊ ဝိုင်စတဲ့ အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

    ကြောက်လို့ သတ္တိရှိအောင်ဆိုပြီး အရက်သောက်တဲ့အခါ မူးနေတုန်း ခဏမှာ ကြောက်စိတ် ပျောက်သွားပေမယ့် အိပ်စက်မှုကို ထိခိုက်စေပြီး နောက်တစ်နေ့မှ ကြောက်စိတ်ကို ပိုဆိုးလာစေနိုင်ပါတယ်။

    ကဖင်း

    ကဖင်း ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက် စတာတွေကိုလည်း ကြောက်စိတ် များနေချိန်မှာ မစားသင့်ပါဘူး။ ကဖင်းက ပမာဏ နည်းနည်းမှာ စိတ်ခံစားမှုကို ကောင်းစေတယ်ဆိုပေမယ့် ပမာဏ အရမ်းများသွားပြီဆိုရင်တော့ စိတ်ခံစားမှုကို ထိခိုက်စေပါတယ်။

    ကြောက်နေချိန်မှာ ကဖင်းပါတဲ့ အစားအစာတွေကို စားတာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး ကြောက်စိတ်တွေကို ပိုဆိုးစေနိုင်ပါတယ်။

    အချိုရည်တွေ

    အချိုရည်တွေက အေးအေးလေးနဲ့ လန်းဆန်းပြီး နေရထိုင်ရ သက်သာသွားသလို ထင်ရပေမယ့် ကျန်းမာရေး ဆိုးကျိုး များသလို ကြောက်စိတ်ကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ထဲမှာ ကြောက်ရွံ့မှုတွေ ခံစားနေရပြီဆိုရင် အချိုရည်တွေ၊ ဆိုဒါတွေ သောက်တာမျိုး မလုပ်ပါနဲ့။

    သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်

    ပေါင်မုန့်အဖြူ လိုမျိုး သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ လုပ်ထားတဲ့ အစားအစာတွေက ကြောက်နေချိန်မှာ စားသုံးဖို့ မသင့်ပါဘူး။ ပုံမှန် အားဖြင့်လည်း သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက စားရတာ အရသာ ရှိတယ်။ အမြင် လှတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်တော့ ကောင်းကျိုး နည်းပါတယ်။

    အချိုကဲတဲ့ အစားအစာတွေ

    စိတ်ထဲမျာ ပူပန်မှုတွေ များတဲ့အခါ ကြောက်စိတ်တွေ များတဲ့အခါ အချိုကို ပိုတောင့်တတတ်ပါတယ်။ စိတ်လှုပ်ရှားတာလောက်အတွက်တော့ အချိုစားတာက သက်သာစေပေမယ့် ​ကြောက်စိတ် များတာ၊ စိုးရိမ်ပူပန်တာတွေအတွက်တော့ အချို စားတာက အလုပ်မဖြစ်ပါဘူး။ ခန္ဓာကိုယ်ကို ဝန်ပိစေပြီး စိတ်ခံစားမှုကို ပိုပြီး ထိခိုက်စေနိုင်ပါတယ်။

    ပြုပြင်ထားတဲ့ အစားအစာတွေ

    ပြုပြင်ထားတဲ့ အစားအစာတွေက ပြင်ဆင်ရတာ လွယ်ကူတယ်။ စားရတာ အရသာရှိတယ်ဆိုပေမယ့် ခန္ဓာကိုယ်အတွက် အကျိုး မဖြစ်တာတော့ အမှန်ပါ။ အသင့်စားတွေ၊ ပြုပြင်ထားတဲ့ အစားအစားတွေမှာ ဓာတုပစ္စည်းတွေနဲ့ အချို အငန် လွန်ကဲစွာ ပါဝင်နေမှုက စိတ်ခံစားမှုကိုရော ဇီဝကမ္မဖြစ်စဉ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့် ကြောက်စိတ် ဖြစ်နေချိန်မှာ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ လတ်လတ်ဆတ်ဆတ် ပြင်ဆင် ချက်ပြုတ်ထားတဲ့ အသီးအရွက်တွေ၊ အသားငါးတွေကို စားပေးပါ။

    ဒီတော့ ကြောက်စိတ်ကြောင့် အိပ်ရေးပျက်နေတာ စိုးရိမ်မှုတွေ များပြီး အာရုံစိုက်ရခက်နေတာတွေကို ပိုဆိုး မသွားစေဖို့ ဒီ အစားအစာတွေကို မစားမိဖို့ အကြံ သတိထားစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement